Honey cho
ယခုလိုမျိုးရောဂါတွေထူပြောနေတဲ့ ကမ္ဘာကြီးမှာဘယ်လိုရောဂါကိုဘယ်လိုကာကွယ်ရမယ်ဆိုတာသိရှိထားခြင်းဟာလည်း၊အသက်ဉာဏ်စောင့်တဲ့သဘောမို့အားလုံးရဲ့ကျန်းမာရေးအတွက်ခုလတ်တလောအဖြစ်များနေတဲ့ မဖြစ်ပွားရလေအောင်ကိုယ့်ရဲ့တစ်နေ့တာမှာဘယ်လိုပြုမူနေထိုင်စားသောက်ရမလဲဆိုတာနဲ့ ပက်သတ်ပြီးကျန်းမာရေးဆိုင်ရာအေခြခံဗဟုသုတတွေကိုမျှဝေပေးလိုက်ရပါတယ်ရှင့်။
၁။အစားအသောက်စားသောက်ရာမှာ အာဟာရမျှတအောင်စုံစုံလင်လင် မျှမျှတတ ရောဂါကာကွယ်တာ၊ခန္ဓာကိုယ်အင်အားဖြစ်စေ၊ကြီးထွားစေတာ အစရှ်သဖြင့်ညီညွတ်မျှတအောင်စားသုံးရပါမည်။
၂။အိပ်ရေးဝဝအိပ်စက်အနားယူခြင်းဟာလည်း ကောင်းမွန်တဲ့ကိုယ်ခံအားစနစ်ကိုရရှိစေတဲ့အပြင် ဦးနှောက်မှတ်ဉာဏ်စွမ်းရည်ကိုပါတိုးတက်မြင့်မားစေပါသေးတယ်။
၃။ရေကိုလည်း လုံလောက်တဲ့ပမာဏရအောင်နေ့စဉ်အနည်းဆုံး၆လီတာခန့်ပုံမှန်သောက်သုံးပေးခြင်းဟာလည်း ခန္ဓာကိုယ်ရဲ့ရေဓာတ်ခန်းခြောက်ခြင်းကိုပါ ကာကွယ်ပေးပြီးကြည်လင်တောက်ပစေပါတယ်။
၄။မိမိရဲ့ ကိုယ်အလေးချိန် ကိုလည်းမပိန်လွန်းမဝလွန်းဘဲ ပုံမှန်ခန္ဓာကိုယ်ရဲ့အရွယ်အစားနဲ့ကိုက်ညီအောင်ထိန်းသိမ်းသင့်ပါတယ်။
၅။အသားထက် ဟင်းသီးဟင်းရွက်တွေကိုများများစားသုံးပါ။
၆။စိတ်ဖိစီးမှုကိုလည်း တရားထိုင်တာ၊သစ်ပင်စိုက်တာ၊yoga exercise လုပ်တာစတာတွေနဲ့ အတတ်နိုင်ဆုံးလျှော့ချမယ်။
၇။လေ့ကျင့်ခန်းလည်း တစ်နေ့ကိုနာရီဝက်ခန့် ပုံမှန်ပြုလုပ်ပါ။
စာဖတ်သူအားလုံး
ကျန်းမာချမ်းသာမှုအပေါင်း
သရဖူဆောင်းနိုင်ကြပါစေ။
ဆုတောင်းများစွာဖြင့်
မဟန်နီ
Keep Reading