Lailar
အစီအစဉ်မရှိရင် ကိုယ်ကဘယ်လောက်ပဲ တက်ကြွနေပါစေ၊ ဘယ်လောက်ပဲ ရာသီဥတုက ကောင်းနေပါစေ၊ ဘယ်လောက်ပဲ ကိစ္စတွေက အဆင်ပြေချောမွေ့နေပါစေ အချိန်ကုန်သွားတတ်တယ်။အလုပ်တစ်ခုလောက် လုပ်ပြီးတိုင်း ကြားထဲမှာ နောက်ထပ် ငါဘာထပ်လုပ်ရမလဲ ဆိုတာကို တစ်ခုချင်းစီ စဉ်းစားပြီး လုပ်ရတာက အချိန်ကုန်တယ်။တစ်ကယ်လို့ စဉ်းစားရင်းနဲ့ အာရုံတွေထွေပြားသွားရင် ပိုဆိုးပြီ။အဲ့လို တခြားကို အာရုံရောက်သွားတဲ့ အပေါ်မှာလိုက်ပြီး အာရုံလွင့်သွားမယ်ဆိုရင် အလုပ်လဲမပြီး၊ အချိန်လဲကုန်ပြီး လူက energy drained ဖြစ်သွားတယ်။
တစ်ခုခုကို စီစဉ်ဖို့ အကောင်းဆုံးအချိန်က ဒီနေ့မရောက်ခင် မနေ့ကညပဲ။ညကတည်းက အကုန်လုံးကိုစီကာစဉ်ကာ မအိပ်ခင်မှာ "ငါ မနက်ဖြန် ဘာတွေလုပ်မယ်" ဆိုတာမျိုးကို listလေး လုပ်ပြီးထားထား။မနက်ကျ ကြည့်ပြီး အစီအစဉ်အတိုင်းသွားရင် အချိန်အပိုကုန်တာ မရှိတော့ဘူး။ယောင်လည်လည်နဲ့ ဟိုဟာလုပ်ရမလိုလို ဒီဟာလုပ်ရမလိုလို မဖြစ်တော့ဘူး။
နေ့ရက်တိုင်းကထူးခြားတယ်။တူမနေဘူး။
မှန်တယ်။
ဒါပေမဲ့ အစီအစဉ်မရှိတဲ့နေ့ရက်တွေကတော့ ယောင်လည်လည်နဲ့ အချိန်ကုန်သွားမှာချင်း မတူဘူးတဲ့လား။
(Sch- schedule)
Plan/Schedule တစ်ခုထားပြီး အဲ့ဒီ sch/planကို လိုက်မလုပ်ဘဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထားတာကလဲ တကယ်တော့ mental ပိုင်းဆိုင်ရာ ပြဿနာတွေကိုဖြစ်စေနိုင်တယ်။ တစ်ခု နှစ်ခုမလုပ်ဖြစ်တာက ပြဿနာမဟုတ်ဘူး။လွတ်သွားတဲ့အရာတွေကို ပြန်အစားထိုးတာဘဲဖြစ်ဖြစ်၊ အချိန်ပိုရအောင် sch/planကို ပြန်ညှိပြီး ပြီးအောင်လုပ်တာဘဲဖြစ်ဖြစ် ရတယ်။တစ်ခုလေးမလုပ်ဖြစ်လိုက်လို့ အစီအစဉ် တစ်ခုလုံးကို ဆက်မလုပ်တော့ဝာာမျိုးကတော့ လုံးဝမလုပ်သင့်ဘူးနော်။
အဲ့လို sch/plan ချတာထားတွေကို ဖောက်ဖျက်တာများလာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းသွားတတ်ပြီး တစ်ခုခုဆို ပြီးအောင်မလုပ်နိုင်ဘူးလို့ထင်လာမယ်။ပြီးအောင်လုပ်ချင်စိတ်လဲ မရှိတော့ဘူး။ကိုယ်စိတ်နဲ့ကိုယ် တံခါးပိတ်သော့ခတ်ခံထားရတဲ့အခြေအနေမျိုးထိ ဖြစ်လာတတ်တယ်။ဒါပေမဲ့ အဲ့တာက EQ,AQ နိမ့်ကြတဲ့သူတွေဘဲ အဖြစ်များကြတာပါ။
ဒါပေမဲ့ ဘာကပိုဆိုးလဲ သိလား?
အစီအစဉ်မရှိ ယောင်လည်လည်ဖြစ်တာက ပိုဆိုးတယ်။
ဘာမှလုပ်မနေတဲ့ လူတစ်ယောက်တဲ့ စိတ်အစဉ်က ငြိမ်သက်နေမယ်ထင်ပါသလား?
တောင်စဉ်ရေမရ အကုန်လုံးကို လျှောက်တွေးနေမှာပါ။လူတွေရဲ့ စရိုက်လက္ခဏာအရ အဲ့ဒီအတွေးရထားက ကိုယ့်ဆီမှာဘဲ ဘူတာပြန်စိုက်ပြီး ကိုယ့်ရဲ့ mental ပိုင်းဆိုင်ရာကို သက်ရောက်မှုဖြစ်စေပါတယ်။
ဆိုတော့ပြောပါအုံး....
အဲ့လို အားအားယားယားတွေးနေတဲ့ အတွေးတွေထဲမှာ ကောင်းတာက ဘယ်လောက်ရာခိုင်နှုန်းလောက် ပါမယ်ထင်သလဲ?
လုံးဝ အကောင်းမြင်ဝါဒီသမားပါဆိုရင် ထားတော့။
ကိုယ့်ကိုယ်ကို လိုအပ်ချက်ရှိနေတယ်၊မပြည့်စုံဘူး၊အများက ကိုယ့်ကိုအမြင်ကပ်တယ်လို့ထင်တယ်၊ကိုယ့်ကိုမှ လာတိုက်ခိုက်ချင်နေတယ်၊ငါ့ကျမှ ဒီကိစ္စတွေကိုကြုံနေရတယ် စသဖြင့် တွေးကြ ငေးကြတဲ့ self centered သမားတွေက တောင်လိုပုံပြီးရှိတယ်။အဲ့ဒီမှာ စပြီး depression ဆိုတဲ့ အဖျက်သမားကဝင်လာတာဘဲ။ ကိုယ်က လက်ယပ်ခေါ်နေတာကိုး။
Psychology အပိုင်းကို ဆက်လေ့လာချင်ရင်တော့ စာအုပ်ဖတ်ရမယ်နော်။အခုက ဒီလောက်ဘဲပြောပြပါမယ်။
ဆိုတော့ နားလည်ကြပြီထင်ရဲ့....
ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့က ကိုယ့်တာဝန်။ကိုယ့်ကိစ္စမှန်သမျှ ကိုယ်က တာဝန်ယူရမယ်။ကိုယ့်ရဲ့နေ့လေး အဆင်ပြေသာယာဖို့အတွက် ကိုယ်တိုင်က ကြိုးစားရမယ်။အခုကစပြီး အစီအစဉ်ဆွဲပြီး ၊အချိန်ဇယားဆွဲပြီး နေတတ်ထိုင်တတ်အောင် ကြိုးစား။
energyလဲ ချွေတာရာ ရောက်သလို time waste နည်းတယ်။ productive ဖြစ်တယ်။
Schတစ်ခု plan တစ်ခု ကိုပြီးသွားတဲ့၊ကိုယ်လုပ်နိုင်လိုက်တယ် ဆိုတဲ့ ခံစားချက်က တကယ်ကိုထူးခြားပါတယ်။
ဘယ်လိုထူးခြားလဲ?
သိချင်ရင် စမ်းလုပ်ကြည့်.....
[7.9.24]
Lai💙
Keep Reading