Noon (နွန်း)
အခုခေတ်တော်တော်များများမှာတော့
I can't နဲ့ I can ကို နားမလည်သူကရှားရှားရယ်ပါ
ဒါကိုတော့လူတိုင်းသိကြပါတယ်
နက်နက်နဲနဲ နားလည်ဖို့ကတော့ သိပ်မလွယ်လှပါဘူး။
စာရေးသူ ကျွန်မကိုယ်တိုင်လည်း အဲဒီစာသားရဲ့ အဓိပ္ပာယ်ကို လုံးလုံးလားလား မသိပါဘူး။
ဆိုတဲ့ စကားကို ကျွန်မတို့တွေဟာ လူအများရှေ့ တကယ်ရောက်လာတဲ့အခါ ပြောရမှာ ရှက်တယ်၊ကြောက်တယ် လို့ ထင်ကြဖူးတယ်။
*မလုပ်နိုင်တာကို လုပ်နိုင်ပါတယ်* ဆိုပြီး
ပြောတဲ့အတွက် တကယ်လက်တွေ့လုပ်လာရတဲ့အခါ ကြောက်စိတ်တွေ ချွေးဇောတွေ ထွက်လာပါတော့တယ် ။
ဉပမာ-စာသင်တဲ့အခါ ဆရာမက စာနားလည်လား၊ ရကြလား မေးရင် များသောအားဖြင့် စိတ်ထဲကမရဘူး၊ နားမလည်ဘူး တွေးနေပေမယ့် ပါးစပ်ကတော့ တွေဝေမနေဘဲ ရပါတယ်၊နားလည်ပါတယ်လို့ ဖြေတတ်ကြတယ်။ ဟုတ်ပါတယ် ။ အဲဒါဟာ လူသားတွေရဲ့ သဘောသဘာဝ ၊စိတ်ကြောင့်ဖြစ်လာတာပါ။ အဲဒီလို ပြောလိုက်တဲ့ အကျိုးကြောင့် ကျွန်မတို့တွေ စာကို တကယ်နားမလည်လာတော့ဘူး။ တစ်ချိန်ထဲ မေးရမဲ့ စာတွေကို ကျွန်မတို့ မမေးမိတဲ့အတွက် နောက်ပိုင်းမှာ စာများလာတဲ့အခါ " စာကို မနိုင်တော့ဘူး" ပြောလာတတ်ပါတယ်။ စာတွေကလည်း ကြာတာနဲ့အမျှ ကိုယ့်အတွက် အစိမ်းသက်သက်ကြီး ဖြစ်သွားပါတယ်။
တကယ်တော့ အဲဒီ စကား ပြောတာကို ကျွန်မတို့ ရှက်နေစရာ မလိုပါဘူး။
* ပညာရှာ သူတောင်းစားပမာ * လို့ဆိုလိုတာပါ
အပေါ်မှာ ကျွန်မ ပြောပြသလိုပါပဲ။
ကောင်းတဲ့ အရာ သင်ယူနေရင် "I can't" ဆိုတဲ့စကားကို ပြောဖို့ မရှက်ပါနဲ့ ။
ဆိုတဲ့ စာသားကို ကျွန်မတို့ အပြည့်အဝ နားမလည်ကြဘူး။ ပြောပြရရင် အဲဒီစာသားကိုမလိုက်နာတာလို့ပဲ ပြောရမလား။
"I can " ဆိုတဲ့စကားပြောရမှာလည်း မရှက်ဖူးဘူး။ မကြောက်ဖူးဘူး။ လွယ်လွယ်ကူကူတော့ ပြောတတ်ကြတယ်။
( " I can " ဆိုတဲ့ စကားကို လွယ်လွယ်နဲ့
မပြောစေချင်ပါဘူး ) ကို ကျွန်မ ထပ်ခါထပ်ခါ ရေးထားတာတွေ့ရမှာပါ ဒီစကားပြောရင် သတိထားပေးစေချင်တဲ့အတွက် သတိပေးတဲ့ သဘောမျိုးနဲ့ ရေးရတာပါ
ပြောချင်တာက * ပွဲမဝင်ခင် အပြင်ကကျင်းပ *
လို့ပြောချင်တာပါ စကားနဲ့မဟုတ်ဘဲ လက်တွေ့လုပ်ပြပြီးမှ
"I can " ဆိုတဲ့ စကားကို ပြောပါ
Author -Noon
Keep Reading