အက္ခရာ - Haruki
အပိုင်း ၅ ဖြစ်ပါတယ်ခင်ဗျာ။ ဒီဆောင်းပါးလေးတွေဟာ စာဖတ်သူလေးကို ပြုပြင်ပြောင်းလဲဖို့ အင်မတန်အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ အပိုင်း ၅ ဆောင်းပါးလေးကို စလိုက်ကြပါစို့....။
၁။ အဓိကနဲ့ သာမည ခွဲခြားတတ်ပါစေ
* လူတိုင်းကိုယ်စီမှာ အဓိကလုပ်ရမယ့်အလုပ် သာမညလုပ်ရမယ့်အလုပ်ဆိုတာ ရှိပါတယ်။
* ဘယ်ဟာကအဓိက ဘယ်ဟာကသာမညဆိုတာ ကိုယ်တိုင် သိရှိရမှာဖြစ်ပါတယ်။
* ကိုယ်လုပ်ရမယ့်အလုပ်မှာ အဓိကနဲ့သာမညကို မသိဘဲလုပ်ရင် ထင်သလောက်အောင်မြင်မှာ မဟုတ်ပါဘူး။
* အဓိကလုပ်ရမယ့်အလုပ်ကို သာမညထားပြီး မလုပ်ပါနဲ့။ သာမညလုပ်ရမယ့်အလုပ်ကို အဓိကထားပြီးလည်း မလုပ်ပါနဲ့။
* အဓိကကို ပထမဦးစားပေးနေရာမှာထားကာ အလုပ်လုပ်ပါ။ သာမညကို သာမန်အနေအထားမှာသာထားကာ အလုပ်လုပ်ပါ။
* အဓိကနဲ့သာမညကို မခွဲခြားတတ်ရင် ဘဝမှာ အကျိုးမရှိ ဆင်းရဲဒုက္ခရောက်ရတတ်ပါတယ်။
* အဓိကနဲ့သာမညကို ခွဲခြားတတ်မှ ဘဝမှာအကျိုးရှိရှိ ချမ်းသာသုခရရှိတတ်ပါတယ်။
၂။ ယုံကြည်မှုရှိမှ အလုပ်လုပ်ပါ
* အများနဲ့အလုပ်လုပ်တဲ့အခါ ယုံကြည်မှုရှိဖို့လိုပါတယ်။ ယုံကြည်မှုမရှိရင် အလုပ်လုပ်လို့ လုံးဝမရပါဘူး။
* အများနဲ့ပြောဆိုဆက်ဆံတဲ့အခါ ယုံကြည်မှုရှိဖို့လိုပါတယ်။ ယုံကြည်မှုမရှိရင် ပြောဆိုဆက်ဆံလို့ လုံးဝမရပါဘူး။
* အများနဲ့ဆွေးနွေးတိုင်ပင်တဲ့အခါ ယုံကြည်မှုရှိဖို့လိုပါတယ်။ ယုံကြည်မှုမရှိရင် ဆွေးနွေးတိုင်ပင်လို့ လုံးဝမရပါဘူး။
* ယုံကြည်မှုမရှိဘဲ လုပ်ကိုင် ပြောဆိုဆက်ဆံ ဆွေးနွေးတိုင်ပင်တဲ့အရာတိုင်းဟာ အကောင်းဘက်ကို ဦးမတည်ဘဲ ပျက်စီးသွားတတ်ပါတယ်။
* ယုံကြည်မှုရှိရှိနဲ့ လုပ်ကိုင် ပြောဆိုဆက်ဆံ ဆွေးနွေးတိုင်ပင်တဲ့ အရာတိုင်းမှသာ အကောင်းဘက်ကို ဦးတည်ကာ တိုးတက် ပြောင်းလဲမှုရှိတတ်ပါတယ်။
၃။ မိမိကိုယ်ကို ချက်ချင်းပြုပြင်ပါ
* လူတိုင်းမှာ လိုအပ်ချက်တွေ ပြုပြင်စရာတွေ ရှိတတ်ပါတယ်။
* အဲဒီလိုအပ်ချက်တွေ ပြုပြင်စရာတွေကို ချက်ချင်းပြုပြင်လိုက်တဲ့အခါမျိုးမှာ ချက်ချင်း ကောင်းကျိုးတွေ ဖြစ်တတ်ပါတယ်။
* ချက်ချင်းမပြုပြင်ရင် နောင်ပြုပြင်ဖို့ခက်ခဲမှာ ဖြစ်သလို ကောင်းကျိုးတွေလည်း ချက်ချင်းမဖြစ်နိုင်တော့ပါဘူး။
* ဒါကြောင့် မိမိက မှားနေတဲ့အခါမျိုးမှာ အမှန်ဖြစ်အောင် ချက်ချင်းပြုပြင်ပါ။
* မိမိက ပျင်းစိတ်ရောက်နေတဲ့အခါမျိုးမှာ ကြိုးစားချင်စိတ်ရောက်အောင် ချက်ချင်းပြုပြင်ပါ။
* မိမိက မရိုးမသားဖြစ်နေတဲ့အခါမျိုးမှာ ရိုးသားအောင် ချက်ချင်းပြုပြင်ပါ။
* မိမိက မကောင်းတဲ့အရာတစ်ခုခုကို တွေးချင် ပြောချင် လုပ်ချင်နေတဲ့အခါမျိုးမှာ ကောင်းတဲ့အရာ တစ်ခုခုကို တွေးချင် ပြောချင် လုပ်ချင်အောင် ချက်ချင်းပြုပြင်ပါ။
၄။ လက်တွေ့ ပြုပြင်ပြောင်းလဲပါ
* တိုးတက်အောင်မြင်သူများဟာ မိမိကိုယ်ကို များစွာပြုပြင်ပြောင်းလဲခဲ့သူတွေ ဖြစ်ပါတယ်။
* ထို့အတူပဲ မိမိကိုယ်ကို တိုးတက်အောင်မြင်ချင်တဲ့သူတွေဟာလည်း မိမိကိုယ်တိုင် များစွာပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်။
* ပြုပြင်ပြောင်းလဲမှုမရှိရင် တိုးတက်အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
* ဘာတွေကို ပြုပြင်ပြောင်းလဲရမှာလဲဆိုတော့ မိမိရဲ့ မကောင်းတဲ့အတွေးတွေကို ကောင်းတဲ့ အတွေးတွေဖြစ်အောင် ပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်။
* မိမိရဲ့ မကောင်းတဲ့အပြောတွေကို ကောင်းတဲ့ အပြောတွေဖြစ်အောင် ပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်။
* မိမိရဲ့ မကောင်းတဲ့အလုပ်တွေကို ကောင်းတဲ့ အလုပ်တွေဖြစ်အောင် ပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်။
* တကယ် လက်တွေ့ ပြုပြင်ပြောင်းလဲလိုက်ပါ။ သိသာထင်ရှားတဲ့ တိုးတက်အောင်မြင်မှုများ ရရှိလာပါလိမ့်မယ်။
၅။ ထင်ရာကို လျှောက်မလုပ်ပါနဲ့
* ဦးတည်ချက်မရှိဘဲ ထင်ရာမြင်ရာကို လျှောက်မလုပ်ပါနဲ့။
* ထင်ရာမြင်ရာ လျှောက်လုပ်လေ့ရှိတဲ့အကျင့်ဟာ ဘဝအတွက် ကောင်းတဲ့အလေ့အကျင့် မဟုတ်ပါဘူး။
* ကောင်းတဲ့အလေ့အကျင့်မဟုတ်ရင် ပြုပြင်ရမှာ သေချာပါတယ်။ မပြုပြင်ရင် ဘဝလမ်းခရီးအတွက် အချိန်တွေကုန် လိုရာမရောက်ဘဲ ကြာမြင့်လာလေ ဆောက်တည်ရာမရ ဖြစ်ရတတ်ပါတယ်။
* ဒါကြောင့် ထင်ရာမြင်ရာလုပ်တတ်တဲ့စိတ်ကို ပြုပြင်ကာ ကိုယ့်ဘဝကို အခြေခံကောင်းအောင်၊ အဓိပ္ပါယ်ရှိအောင်၊ တန်ဖိုးရှိအောင်၊ ဦးတည်ချက်မှန်အောင် လုပ်ဆောင်နေထိုင်တတ်ဖို့ လိုအပ်ပါတယ်။
၆။ ပတ်ဝန်းကျင်က သိမြင်ပါတယ်
* ပတ်ဝန်းကျင်ဆိုတာ ကိုယ့်အခြေနေကို အမြဲတမ်း ကြည့်နေကြသူတွေပါ။ လိမ်ညာဟန်ဆောင်လို့ ရတဲ့ခေတ်မျိုး မဟုတ်တော့ပါဘူး။
* ကိုယ်ကောင်းတာလည်း ပတ်ဝန်းကျင်က သိမြင်ပါတယ်။ မကောင်းတာလည်း ပတ်ဝန်းကျင်က သိမြင်ပါတယ်။
* ကိုယ်ကြိုးစားတာလည်း ပတ်ဝန်းကျင်က သိမြင်ပါတယ်။ မကြိုးစားတာလည်း ပတ်ဝန်းကျင်က သိမြင်ပါတယ်။
* ကိုယ်အရည်အချင်းရှိတာလည်း ပတ်ဝန်းကျင်က သိမြင်ပါတယ်။ အရည်အချင်းမရှိတာလည်း ပတ်ဝန်းကျင်က သိမြင်ပါတယ်။
* ကိုယ်သဘောထားကြီးတာကိုလည်း ပတ်ဝန်း ကျင်က သိမြင်ပါတယ်။ သဘောထား သေးသိမ်တာလည်း ပတ်ဝန်းကျင်က သိမြင်ပါတယ်။
* ကိုယ်ရိုးသားတာလည်း ပတ်ဝန်းကျင်က သိမြင်ပါတယ်။ မရိုးသားတာလည်း ပတ်ဝန်းကျင်က သိမြင်ပါတယ်။
* အဓိကတော့ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကို မှန်မှန်ကန်ကန်နဲ့ ရိုးရှင်းစွာ အကောင်းဆုံး နေထိုင်တတ်ဖို့ပါပဲ။
၇။ စိတ်ခံစားမှုတိုင်းကို ချမပြပါနဲ့
* လူတိုင်းမှာ စိတ်ခံစားမှု ကိုယ်စီရှိကြပါတယ်။
* အချို့အရာတွေမှာ အဆင်ပြေလို့ ဝမ်းသာတဲ့ ခံစားမှုမျိုးရှိတတ်ပါတယ်။
* အချို့အရာတွေမှာ အဆင်မပြေလို့ စိတ်ထဲ ကသိကအောက်ဖြစ်တဲ့ စိတ်ခံစားမှုမျိုးရှိတတ်ပါတယ်၊
* အစဉ်ပြေလို့ စိတ်ထဲဝမ်းသာရတဲ့ အခါမှာလည်း အားလုံးကို ချမပြပါနဲ့။
* တစ်ခါတလေ ကိုယ့်စိတ်ထဲခံစားရတာတွေအားလုံးကို ချပြလိုက်တဲ့အခါ ကိုယ့်အတွက် အားသာချက်မဖြစ်ဘဲ အားနည်းချက်တွေပဲ ဖြစ်သွားတတ်ပါတယ်။
* နေ့စဉ်တိုးတက်ပြောင်းလဲလာတဲ့ ဒီနေ့လိုခေတ်မျိုးမှာ သိုသိုသိပ်သိပ်နဲ့ နေတတ်ထိုင်တတ်ဖို့ အရေးကြီးပါတယ်။
* ဒါကြောင့် စိတ်ထဲမှာ ခံစားရတဲ့ ခံစားမှုတိုင်းကို မချပြသင့်ပါဘူး။ မချပြပါနဲ့။
၈။ လိုချင်တာကို တကယ်ရှာပါ
* ဘဝမှာ ကိုယ်လိုချင်တာကို နည်းစနစ်ကျကျ လိုလိုလားလား တကယ်ရှာဖွေရင် တကယ်ရရှိနိုင်ပါတယ်။
* မရှာဖွေရင်တော့ ဘယ်အရာမဆို မရရှိနိုင်ပါဘူး။
* တကယ်ရှာကြည့်ပါလား။ ပညာရှာမယ်ဆိုရင် ပညာရရှိနိုင်ပါတယ်။
* စီးပွါးဥစ္စာရှာမယ်ဆိုရင် စီးပွါးဥစ္စာရရှိနိုင်ပါတယ်။
* တရားဓမ္မရှာမယ်ဆိုရင် တရားဓမ္မရရှိနိုင်ပါတယ်။
* ဗဟုသုတရှာမယ်ဆိုရင် ဗဟုသုတရရှိနိုင်ပါတယ်။
* မိတ်ဆွေကောင်းရှာမယ်ဆိုရင် မိတ်ဆွေကောင်းရရှိနိုင်ပါတယ်။
* ပတ်ဝန်းကျင်ကောင်းရှာမယ်ဆိုရင် ပတ်ဝန်းကျင်ကောင်းရရှိနိုင်ပါတယ်။
* ဆရာသမားကောင်းရှာမယ်ဆိုရင် ဆရာသမားကောင်းရရှိနိုင်ပါတယ်။
* ခေါင်းဆောင်ကောင်းရှာမယ်ဆိုရင် ခေါင်းဆောင်ကောင်းရရှိနိုင်ပါတယ်။
* အမှန်တကယ် စိတ်ဝင်တစား လိုလိုလားလား ကြိုးကြိုးစားစား တကယ်ရှာတတ်ဖို့သာလိုပါတယ်။
၉။ မာနခံနေဦးမှာလား
* ဘဝမှာ မာနခံနေရင် အောင်မြင်နေတာတောင်မှ ကျရှုံးတတ်ပါတယ်။
* ဘဝမှာ မာနခံနေရင် ကြီးပွားနေတာတောင်မှ ဆုတ်ယုတ်တတ်ပါတယ်။
* ဘဝမှာ မာနခံနေရင် အဆင်ပြေနေတာတောင်မှ အဆင်မပြေဖြစ်တတ်ပါတယ်။
* ဘဝမှာ မာနခံနေရင် ချစ်နေတာတောင်မှ အမုန်းခံရတတ်ပါတယ်။
* ဘဝမှာ မာနခံနေရင် တော်နေရင်တောင်မှ ပျက်စီးတတ်ပါတယ်။
* ဘဝမှာ မာနခံနေရင် အလုပ်ဖြစ်နေတာတောင်မှ အလုပ်ပျက်စီးတတ်ပါတယ်။
* ဘဝမှာ မာနခံနေရင် လမ်းမှန်ရောက်နေတာတောင်မှ လမ်းချော်တတ်ပါတယ်။
* ဘဝမှာ မာနခံနေရင် အမြင့်ရောက်နေတာတောင်မှ အောက်သို့ကျဆင်းတတ်ပါတယ်။
* ဘဝမှာ မာနခံနေရင် အရာအားလုံး အရှုံးဖြစ်သွားတတ်ပါတယ်။
၁၀။ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းပါ
* ကိုယ့်ထက်ပညာတတ်သူတွေ မနေမနား အလုပ်လုပ်ကာ အများကြီး ကြိုးစားနေကြပါတယ်။ ကိုယ်က ဘာကြောင့် အလုပ်မလုပ်ဘဲ ရပ်တန့်နေရမှာလဲ။
* ကိုယ့်ထက် အရာရာပြည့်စုံသူတွေ မနေမနား အလုပ်လုပ်ကာ အများကြီး ကြိုးစားနေကြပါတယ်။ ကိုယ်က ဘာကြောင့် အလုပ်မလုပ်ဘဲ ရပ်တန့်နေရမှာလဲ။
* ကိုယ့်ထက် အကျင့်သီလကောင်းသူတွေ မနေမနား အလုပ်လုပ်ကာ အများကြီး ကြိုးစားနေကြပါတယ်၊ ကိုယ်က ဘာကြောင့် အလုပ်မလုပ်ဘဲ ရပ်တန့်နေရမှာလဲ။
* ကိုယ့်ထက် တိုးတက်အောင်မြင်သူတွေ မနေမနား အလုပ်လုပ်ကာ အများကြီး ကြိုးစားနေကြပါတယ်၊ ကိုယ်က ဘာကြောင့် အလုပ်မလုပ်ဘဲ ရပ်တန့်နေရမှာလဲ။
* ကိုယ့်ထက် ဂုဏ်ရှိသူတွေ မနေမနား အလုပ်လုပ်ကာ အများကြီး ကြိုးစားနေကြပါတယ်။ ကိုယ်က ဘာကြောင့် အလုပ်မလုပ်ဘဲ ရပ်တန့်နေရမှာလဲ။
မိမိကိုယ်ကိုတန်ဖိုးရှိစွာ ပြုပြင်ပြောင်းလဲနိုင်ပါစေခင်ဗျာ။
https://sarphat.com/posts?id=2684
https://sarphat.com/posts?id=2753
https://sarphat.com/posts?id=2840
https://sarphat.com/posts?id=2902
ᏂᏗᏒᏬᏦᎥ ( April 11, 2024 . 9:22 PM )
Keep Reading