Author's Profile Photo

သင်္ကေတ

15/04/2024

စာဖတ်ခြင်းမှ စာရေးခြင်းဆီသို့..... (အပိုင်း ၃)

2 mins read
Life Style
Personal Development
18 Again
စာဖတ်ခြင်းမှ စာရေးခြင်းဆီသို့.....
(အပိုင်း ၃)'s photo

ရှေ့အပိုင်းမှာတုန်းက ကျွန်မရဲ့ စာဖတ်ခြင်းဘယ်လိုစတင်ခဲ့လဲ ဆိုတာ ပြောပြပြီးသွားပါပြီ။
ဆက်ပြီးတော့ အပိုင်းလေးကို ဆက်လိုက်ကြပါမယ်။

✓ ကျွန်မရဲ့ ဒုတိယမြောက်ဖတ်ခဲ့တဲ့ စာအုပ်နာမည်က စာရေးဆရာဓူဝံ ရေးသားခဲ့သော "မာလာ" ဆိုတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်၊ ကျွန်မဖတ်ရင်း တကယ်ကြိုက်ခဲ့တဲ့ စာအုပ်လေးတစ်အုပ်ပါ၊ အခုထိလဲကြိုက်နေတုန်းပါပဲ၊ ဘယ်နှစ်ခါဖတ်ဖတ် ကျွန်မတွက် မရိုးသွားခဲ့ဘူး၊ အဲ့ထဲက စာသားတွေလဲ သဘောကျတဲ့အတွက်ပါ၊ ဒီကစာဖတ်သူတွေလဲ ဖတ်ကြည့်စေချင်ပါတယ်။

ကျွန်မရဲ့ ဒုတိယမြောက်စာအုပ်ပြီးတော့ ကျွန်မ စာဖတ်တာ ခဏနားခဲ့သေးပါတယ်၊ တခြားဟာတွေ လျှောက်လုပ်ဖြစ်ခဲ့တယ်၊ အဲ့ထဲက ကျွန်မမှာ စာဖတ်တာကို စွဲလန်းနေပြီဆိုတာ သိခဲ့ရပါတယ်၊
ပြီးတော့ ကျွန်မ ကျောင်းပညာရေးကို အဆက်မပြတ်ဖြစ်နေအောင်ဆိုပြီး Online Federal School တစ်ခုကနေ အတန်းပြီးမြောက်အောင် စာဆက်သင်ခဲ့တယ်၊ အဲ့ချိန် ကျွန်မလိုမျိုး ပညာရေးကို ဆက်တက်နေကြတဲ့ သူငယ်ချင်းတွေနဲ့ဆုံစည်းခဲ့ရတယ်၊ ဒါကလည်း ကျွန်မအတွက် အမှတ်တရတစ်ခုဖြစ်ပါတယ်၊ ကျွန်မ အဲ့လိုမျိူးကျောင်းတက်နေတဲ့ချိန် ကျောင်းကနေ စာဖတ်ခြင်းနဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်ပေးခဲ့တယ်၊
အဲ့ချိန်မှာမှ ပြန်လည်စပြီး ကျွန်မ စာပြန်ဖတ်ခဲ့ပါတယ်၊ စာဖတ်မယ်ဆိုတော့ ဘယ်စာအုပ်ဖတ်ရမလဲဆိုပြီး လိုက်ကြည့်ကြည့်တယ်၊ ကျောင်းမှာ သူငယ်ချင်းတစ်ယောက်က သူဖတ်တဲ့စာအုပ်ကောင်းကြောင်းချည်းပဲ ပြောနေတာတွေ့နေရတယ်၊ အဲ့တာနဲ့ သူဖတ်တာဘာစာအုပ်လဲပေါ့ စိတ်ဝင်စားသွားခဲ့၊ မေးကြည့်လိုက်တော့ စာရေးဆရာမဂျူး ရေးသားထားတဲ့ "အမှတ်တရ" ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်၊ ဒီတစ်ခါမှာလဲ ပထမတစ်ခါကလိုပဲ ကျွန်မ လိုက်ဖတ်ကြည့်ခဲ့တယ်၊ ဖတ်ပြီး ဝမ်းတော့နည်းခဲ့ရတယ်၊ စာထဲပါတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး စာရေးဆရာမအပေါ်လဲ မကျေနပ်တာလေးတွေလဲ ဖြစ်ခဲ့၊ ဒါပေမဲ့ စာအုပ်ဆိုတာ့ စိတ်ကို ဒီတိုင်းပဲ ထားခဲ့လိုက်ပါတယ်။ နောက်တော့ Debate ဆိုတဲ့ စကားအချေအတင်ပြေနည်း ကိုလည်း ကျောင်းကနေသင်ပေးတဲ့အတွက် သိခဲ့ရတယ်၊ Debate ကျောင်းတွင်းပြိုင်ပွဲတစ်ခုမှာ ကျွန်မဝင်ပြိုင်ရင်း ဗဟုသုတတချို့ရခဲ့တာတွေလဲ ရှိပါသေးတယ်၊ ကျွန်မက စကားပြောကောင်းသူတစ်ယောက် မဟုတ်ပါဘူး၊ ဒါပေမဲ့ ပြိုင်ပွဲဝင်ပြိုင်ရတာတော့ ကြိုက်နှစ်သက်သူတစ်ယောက်ပါ၊ နိုင်နိုင်ရှုံးရှုံးဝင်ပြိုင်လိုက်မှ စိတ်ကျေနပ်တတ်တယ်၊ အဲ့ပြိုင်ပွဲတုန်းကတော့ ကျွန်မတို့ အဖွဲ့ရှုံးခဲ့ပါတယ်၊ ကျွန်မ စိတ်လောနေမှုနဲ့ သေချာမပြင်ဆင်မှုကြောင့်ပါ၊ ( *လေ့ကျင့်မှုအကြောင်းကို ဆောင်းပါးတစ်ခုအနေဖြင့် ရေးတင်ပေးသွားပါမည်)

ပြိုင်ပွဲပြီး နောက်‌နေ့ ကျောင်းစာသင်ချိန် English အတန်းချိန်တစ်ခုမှာ စာသင်ရင်း Debate နဲ့ ပတ်သက်တဲ့ သင်ခန်းစာနဲ့ ခေါင်းစဉ်ပါ‌လာရော။အဲ့ချိန် ဆရာမမှ အတန်းတွင်းကျောင်းသားတွေ Debate ပြိုင်ဖူးထားတာ သိတဲ့အတွက် ‌စပြောခိုင်းပါတယ်၊
အဲ့မှာ ခေါင်းစဉ်က ကျွန်မမှတ်မှတ်ရရ
" Public Transportation သည် Private Transportation ထက် ပတ်ဝန်းကျင်အတွက် ပို၍ကောင်းသည်" ဟူသောခေါင်းစဉ်ဖြစ်သည်၊ အဲ့ခေါင်းစဉ်မှာ ကျွန်မက အဆိုဘက်ကနေ ဝင်‌ပါခဲ့ပါတယ်၊ အဆိုဘက်ပါတာ အားလုံးပေါင်း ၄ ယောက်ထဲရှိတယ်၊ အဲ့မှာကျွန်မတို့ ပြောကြရင်း ကျွန်မတို့ဘက်က Bus ကားစီးတာကောင်းကြောင်း၊ အပြိုင်အဆိုင်ပြောကြ သူတို့ဘက်ကလဲ ကိုယ်ပိုင်ကားစီးတာကောင်းကြောင်းနဲ့ မိုးရွာတဲ့ဘက်ရောက်သွားရော၊ အဲ့ချိန် မိုးရွာရင် ကိုယ်ပိုင်ကားစီးတဲ့လူတွေက ပိုပြီးအဆင်ပြေကြောင်း ဟိုဘက်ကပြောကြတယ် သူတို့ထဲကတစ်ယောက်က ပြောတဲ့အခါ စာအုပ်တစ်အုပ်ထဲမှာပါတဲ့အကြောင်းအရာနဲ့ထည့်ပြီးပြောတယ်၊ ဖြစ်ချင်တော့ အမှတ်တရ စာအုပ်ကိုကြိုက်တဲ့ ကောင်မလေးတစ်ယောက်က ပြောတာ၊ သူပြောချင်ဇောများပြီး စာအုပ်နာမည်မှားပါရော၊ အဲ့ချိန် ကျွန်မကလဲ အမှတ်တရ စာအုပ်ဖတ်ပြီးထားပြီဆိုတော့ အဲ့ထဲမှာ မပါကြောင်း ဝင်ထောက်လိုက်ရောပေါ့၊ အဲ့ချိန်မှ ဟိုဘက်က စာအုပ်နာမည်မှားကြောင်း ပြန်ပြောတယ်၊ အဲ့လိုနဲ့ အချောအတင်ပြိုင်ကြတာ နားခဲ့ကြ၊ ဆရာမကလည်း ချက်ချင်းပြန်ထောက်ပြနိုင်မှုကို သဘောကျသွားခဲ့ပါတယ်၊ ဒါကတော့ ကျွန်မကျောင်းတက်ရင်း စာဖတ်ခြင်းအကျိုး အမှတ်တရတစ်ခုပါ။
နောက်ထပ်ပြီး ဘယ်လိုလာအုံးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြပေးရန်.....

(PART 1)

  • https://sarphat.com/posts?id=2994

(PART 2)

  • https://sarphat.com/posts?id=3053


April 15 Monday 2024
@Ag 14:50 PM
#အတွေးစုများ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)