Author's Profile Photo

SarPhat Author

15/05/2024

“ခံစားချက်တွေကို ထိရောက်စွာ ကိုင်တွယ်ခြင်း”

1 min read
Life Style
Personal Development
Health
“ခံစားချက်တွေကို ထိရောက်စွာ ကိုင်တွယ်ခြင်း”'s photo

တန်ဖိုးထားမှုတွေဆိုတာ ခံစားချက်တွေကြောင့် ဖြစ်တည်လာတာပါ။
လူတစ်ယောက် တန်ဖိုးရှိရှိ ရှင်သန်ဖို့ ခံစားချက်တွေက အလွန်အရေးပါ ပါတယ်။
ခံစားချက်မဲ့နေတဲ့ ဘဝက သေလူနဲ့မခြားပါဘူး။
ဒါပေမယ့် ဒီခံစားချက်တွေကြောင့်ဘဲ ကျွန်တော်တို့ စိတ်ပင်ပန်းဖိစီးရပြန်တယ်။

ဒါကြောင့် စိတ်ခံစားချက်တွေကို ထိရောက်အောင် ကိုင်တွယ်နိုင်ကြဖို့ ကျွန်တော်ကျင့်သံုးနေတဲ့ နည်းလမ်းလေးကို ဥပမာနဲ့ ဝေမျှပါရစေ။

ခံစားချက်တွေဆိုတာ ရေနဲ့တူပါတယ်။
ရေပိုက်ထဲမှာ ရေတွေစီးဆင်းနေသလို ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက ဇီဝပိုက်မှာ ခံစားချက်တွေစီးဆင်းနေတယ်လို့ မြင်ယောင်ကြည့်ပါ။

ဇီဝပိုက်တွေက သန့်စင်နေမှာလား၊ ရေညှိတွေတက်ပြီး ညစ်ညမ်းနေမှာလားဆိုတာကတော့ ကိုယ့်တွေးလိုက်တဲ့ အတွေးတွေပေါ် မူတည်နေမယ်။
ကိုယ်က မကောင်းဘူးလို့ ခံယူထားတဲ့အတွေး(ဥပမာ- မနာလိုတာ၊ စိတ်တိုတာ) ကိုတွေးလိုက်မိတယ်။ ပိုက်တွေညစ်ညမ်းသွားမယ်။ စီဆင်းနေတဲ့ ရေတွေလည်း ရေညစ်တွေ ဖြစ်သွားမယ်။

ကိုယ်တွေးလိုက်တာ မကောင်းဘူးဆိုတာ သိတဲ့အတွက် အဲ့လိုမတွေးနဲ့ဆိုပြီး ပိုက်ကိုပိတ်ပစ်(ထိန်းချုပ်) လိုက်မယ်ဆိုပါတော့။
ရေနဲ့တူတဲ့ ခံစားချက်တွေက ဘယ်ကိုမှ မစီးဆင်းနိုင်တော့ဘဲ ခန္ဓာကိုယ် တစ်နေရာမှာဘဲ စုမိနေမယ်။
မကောင်းတာတွေးမိတိုင်း အဲ့နေရာမှာ လာစုမယ်။ အချိန်တစ်ခုကြာလာတော့ စုနေတဲ့နေရာက ဖောင်းကားလာပြီး ပေါက်ကွဲပါလေရော။

ဒါကြောင့် ကောင်းသောစိတ်ခံစားမှုဖြစ်စေ၊ မကောင်းသော စိတ်ခံစားမှုဖြစ်စေ ခံစားခွင့်ပေးလိုက်ပါ။ စီးဆင်းခွင့်ပေးလိုက်ပါ။
စိတ်တိုနေရင် “ငါစိတ်တိုနေတယ်။”
မနာလိုစိတ်ဖြစ်မိရင်လည်း “ အော် ငါမနာလိုမိနေတာဘဲ။” ဆိုပြီး အသိအမှတ်ပြုပေးပါ။ ခံစားလိုက်ပါ။ ပြီးရင် လုပ်စရာရှိတာ ဆက်လုပ်ပါ။

ခံစားချက်တွေကို အသိအမှတ်ပြု ခံစားလိုက်ခြင်းက ရေတွေစီးဆင်းသွားသလို ခံစားချက်တွေလည်း ခံစားစီးဆင်းသွားပြီး ပေါ့ပါးသွားပါလိမ့်မယ်။

ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ခံစားလိုက်ပါ။ မထိန်းချုပ်ပါနဲ့။ ထိန်းချုပ်တာက ခဏတာ အဆင်ပြေသယောင်ရှိပေမယ့် မသိစိတ််မှာစုမိနေပြီး တစ်နေ့နေ့ တစ်ချိန်ချိန် ပေါက်ကွဲလာလိမ့်မယ်။

လူသားဆန်စွာခံစားလိုက်ခြင်းက စိတ်ခံစားချက်တွေကို ကိုယ်တွယ်ဖို့ အကောင်းဆံုးနည်းလမ်းပါလို့ ဝေမျှလိုက်ရပါတယ်ရှင်…။

“It’s okay to feel all kinds of emotions. Even it means bad. Just don’t dwell on it.”

#Thutha Eain
15.5.2024


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ