မောရိသျှ
ကိုဗစ်မဖြစ်တုန်းကတော့ လုပ်ငန်းနယ်ပယ်တိုင်းလိုလိုကို ကြည့်လိုက်ရင် အလုပ်ကြိုးစားပမ်းစားလုပ်နေတဲ့သူတွေရဲ့ အောင်မြင်မှုအသီးသီးနဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေ တသီတသန်းကြီး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြီးက လောင်းရိပ်ကြီးတခုလို လွှမ်းအုပ်သွားပြီးနောက်ပိုင်းကျတော့ လုပ်ငန်းနယ်ပယ်အားလုံး ဘရိတ်အုပ်လိုက်သလို ချက်ချင်း ရပ်သွားတယ်။ လုပ်ငန်းခွင်တိုင်းက တိုးတက်ဖွံ့ဖြိုးမှုဟူသမျှ နှောင့်နှေးသွားပြီး အလုပ်မတွင်နိုင်တော့ဘဲ ဖြစ်သွားတယ်။ လူတွေရဲ့ ဘဝတိုးတက်မှုအားလုံး အချိန်နဲ့အမျှ နောက်ကျကုန်တယ်။ တကမ္ဘာလုံး ရပ်တန့်သွားသလိုဖြစ်သွားတော့၊ “တိုးတက်ဖွံ့ဖြိုးမှုတွေ မရှိနိုင်တော့ဘူးလား” ဆိုတဲ့ ခေါင်းစည်းမျိုးနဲ့ စီးပွားရေးဆောင်းပါးတွေတောင် ထွက်လာတဲ့အထိကို အခြေအနေတွေ ဆိုးရွားကုန်တယ်။
အကြပ်အတည်းများနေချိန်မှာ လွတ်ရာလွတ်ကြောင်း ဘယ်သူမဆို ကြိုးစားချင်ကြမှာပါ။ ဒါပေမဲ့ ကြိုးစားသည့်အလျောက် တိုးတက်မှု မရှိ၊ ဖွံ့ဖြိုးမှု မရှိ၊ အထမမြောက် အကျိုးမဖြစ်ရင် ဘယ်သူက အလုပ်ကို ပိုပြီး ကြိုးစားချင်မှာလဲ၊ အထူးသဖြင့် မထူးတဲ့အဆုံး ဘယ်သူမှ ဘာမှ လုပ်ချင်မှာ မဟုတ်ပါဘူး။ အရာအားလုံးထက် အလုပ်ကြိုးစားတဲ့သူတွေအနေနဲ့ အလုပ်ကို ပုံမှန်လေး လုပ်နေရာကနေ လုံးဝကြီး လုပ်ခွင့်မရတော့ဘဲ အလုပ်လုပ်ခွင့် ကန့်သတ်ခံရသလိုမျိုးနဲ့ ရင်ဆိုင်ရရင် ဘဝကြီးက အဓိပ္ပါယ်မဲ့သွားသလို ခံစားရပါတယ်။ အလုပ်ကြိုးစားသူတိုင်း ဒီခံစားချက်ကို သိပါတယ်။ အရင်လောက် လုပ်ခွင့် မရတော့ အလုပ်မတွင်တော့ဘူး အထင်နဲ့ စိတ်ပင်ပန်းရပါတယ်။ ဘဝကြီး ပျက်သွားသလိုမျိုး အရှိန်မရှိတော့သလို ခံစားရပြီး အလုပ်လုပ်ရတဲ့အပေါ် အားမလိုအားမရဖြစ်နေရင်းကနေ ဘဝကိုပါ စိတ်ကုန်သလို ဖြစ်သွားတတ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်ကြီး စိတ်ဖိအားတွေ မပေးပါနဲ့။ အရင်ခေတ်က အဖိုးကြီးတွေ ပြောနေကျအတိုင်း ဘာလုပ်လုပ် အေးအေးလူလူပဲ လုပ်ပါ။ သိပ်လည်း အလောမကြီးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးနိုင်တိုင်းလည်း ပုံမှန်လေးသာ လည်ပတ်လှုပ်ရှားနေတဲ့ လောကကြီးက မြန်ချင်တဲ့ ကိုယ့်ရဲ့ ကြိုးစားမှုကို မျက်နှာသာပေးမှာ မဟုတ်ပါဘူး။ ပုံမှန်လေးပဲ ကောင်းပါတယ်။ အလောကြီးတဲ့သူက ပြင်ဆင်မှုမရှိခဲ့လို့သာ သူများနဲ့အမီ လိုက်နေရလို့ လောကြရတာပါ။ စနစ်တကျ လုပ်တတ်တဲ့သူက ဘယ်တော့မှ အလောကြီးစရာ မလိုအပ်ပါဘူး။ ပုံမှန်လေးပဲ လုပ်နေရုံနဲ့ သူများနည်းတူ ရှေ့ရောက်ပါတယ်။ ခပ်နှေးနှေးလုပ်ရလို့လည်း အားမလိုအားမရ မဖြစ်ပါနဲ့။ ပျင်းရာမကျပါဘူး။ ခပ်နှေးနှေးလုပ်တာလည်း သူ့အကျိုးနဲ့သူ ရှိပါတယ်။ အမှားနည်းတာပေါ့။ အလုပ်သရဲလိုမျိုး လက်မလည်နေအောင် လုပ်နေမှ သူဌေးဖြစ်မှာ မဟုတ်ပါဘူး။ ပုံမှန်လေး လုပ်ပြီး စနစ်တကျ စီမံတတ်ရင် အလုပ်တွင်ပါတယ်။
တပဓမ္မဆရာတွေ အမြဲပြောနေကျအတိုင်း ဘာလ
Unlock to read this premium article with 100 points.