မောရိသျှ
Minimalism ကို ကျွန်တော် သိပ်သဘောကျတယ်။ ပိုင်ဆိုင်မှု ဥစ္စာပစ္စည်းတွေ များလွန်းရင်လည်း ဘဝကြီးက ထူပိန်းနေပြီး ရှုပ်တယ်ဗျ။ သေချာလေး ပြန်တွေးကြည့်လိုက်ရင် ရှိတာထက် မရှိတာက ပိုပြီး စိတ်ချမ်းသာတယ်။ သေချာပြန်တွေးကြည့်လိုက်ရင် သေရင် ကိုယ့်နောက် ပါသွားမယ့်အရာ တစ်ခုမှ မရှိဘူးလေ။
အဲတာကြောင့်လည်း ပိုနေတဲ့ ကားတစ်စီးကို မကြာသေးခင်ကပဲ ထုတ်ရောင်းလိုက်တယ်။ လက်ထဲရှိနေတဲ့ ပိုင် ဆိုင်မှုတစ်ခု မရှိတော့တာဆိုတော့လည်း စိတ်ထဲမကောင်းဘူး။ ဒါပေမဲ့ အဲဒီကားက ကျွန်တော့်အတွက် အပိုလိုဖြစ်နေတာပါ။ ဟိုဟိုဒီဒီ သွားတိုင်း ကားမသုံးဖြစ်ဘူး။ စက်ဘီးနဲ့ စကူတာလောက်ပဲ စီးဖြစ်နေတော့ ပိုနေမယ့်အတူတူ ထုတ်ရောင်းလိုက်တာပဲ ကောင်းတယ်လို့ တွေးဖြစ်ပြီး ရောင်းဖို့ဆုံးဖြတ်နိုင်ခဲ့တာပါ။
ရောင်းလိုက်ပြန်တော့လည်း စိတ်ထဲ စွဲနေသေးသလားဆိုတော့ ခဏပါပဲ။ သေချာပြန်တွေးကြည့်လိုက်ရင် ကားက ကျွန်တော့်ပိုင်ဆိုင်မှု မဖြစ်ခဲ့ပါဘူး။ ကျွန်တော် ရှာထားတယ်ဆိုတဲ့ ငွေကြေးတွေနဲ့ ဖလှယ်ထားတဲ့ အရာတစ်ခုပဲလို့ ဖြည့်တွေးဖြစ်ခဲ့တယ်။ ဟော တကယ်ပြန်တွေးကြည့်လိုက်ရင် အဲဒီ ကျွန်တော့် ‘ငွေကြေး’တွေ ပိုင်ဆိုင်မှုတွေဆိုတာကလည်း အစိုးရတာမှ မဟုတ်ဘဲ။ အချိန်တန် ထားခဲ့ရမှာတွေကြီးပဲ။
အရင်ကတော့ မရင့်ကျက်သေးတဲ့အတွက် အရာအားလုံး ပိုင်ဆိုင်ချင်တယ်။ ဟိုဟာလည်း လိုချင် ဒီဟာလည်းလိုချင် ဖြစ်ခဲ့တယ်။ ကောင်းတာမှန်သမျှ လိုချင်ခဲ့တယ်။ ငါ့အပိုင်ဆိုတာမျိုး လုပ်ချင်ခဲ့တယ်။ အဲဒီစိတ်ကြောင့်သာ အလုပ်ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ဘာမှ သိပ်မလိုချင်တော့ဘူး။
ထူးထူးဆန်းဆန်း အသစ်အဆန်းတွေ တွေ့လိုက်ရင် တွေ့တုန်းခဏ လိုချင်စိတ် ဖြစ်မိပေမယ့် လေးလေးနက်နက်ပြန်တွေးမိပြီး ကိုယ့်ကိုယ်ကိုယ် ငါလိုလို့လား လို့ မေးခွန်းထုတ်လိုက်တာနဲ့ ဘာမှ မဝယ်ဖြစ် မစုဖြစ်တော့ဘူး။ ရှိတာလေးနဲ့လည်း အဆင်ပြေသားပဲလို့ ထည့်တွေးမိသွားရော။
“အစကတည်းက မပို
Unlock to read this premium article with 100 points.