ဆောင်း
ကျွန်တော်၇တန်းနှစ်ကပေါ့ ကျွန်တော်ကအဘိုးနဲ့အဘွားရဲ့အိမ်မှာနေတာလေ အမေနဲ့အဖေကတော့ရွာမှာပေါ့ကျောင်းထားဖို့ရန်ကုန်ကိုလွှတ်လိုက်တာ ရန်ကုန်ကိုရောက်တာက၃တန်းနှစ်မှာရောက်တယ် အိမ်ငှားတွေဆိုတော့တအိမ်ပြီးတအိမ်ပေါ့ ၇တန်းရောက်တော့အိမ်တအိမ်ပြောင်းခဲ့တယ် အဲ့အိမ်က၂ထပ်တွဲမြေညီနဲ့တွဲထားတာ စစပြောင်းတော့သန့်ရင်းရေးအရင်သွားလုပ်ကြတာပေါ့ ကျွန်တော်ရယ် ဒေါ်လေးရယ်က အပေါ်ထပ် ကျွန်တော့အမ ပြောရရင်ဒေါ်လေးသမီးပေါ့ အမနဲ့ဦးလေးကအောက်ထပ်ကိုသန့်ရှင်းရေးလုပ်ကြတယ် ကျွန်တော်က သရဲတွေဘာတွေမကြောက်တတ်ပါဘူး ဒါမယ့်အဲ့အိမ်ရောက်တဲ့ချိန်ကစပြီးတော့ ကြောက်တတ်လာတယ် တခုခုရှိသလိုမျိုးတယောက်ထဲရှိရင်ကျောချမ်းတာတို့ခေါင်းတွေကြီးသွားတာတို့ဖြစ်တယ် အဲ့ဒီသန့်ရှင်းရေးစလုပ်တဲ့နေ့ကိုပြောပြမယ် အဲ့တုန်းကဒေါ်လေးကရေချိုးခန်းထဲမှာအဝတ်စရေသွားစွပ်နေတာ ကျွန်တော်တယောက်ဘဲအရှေ့မှာပေါ့ အဲ့ချိန်ပြတင်းပေါက်ကနေဓါတ်ပုံပြုတ်ကျလာတယ်ဖြောက်ခနဲကျွန်တော်ကြည့်လိုက်တော့ဘုန်းကြီးဓါတ်ပုံ ဗမာဘုန်းကြီးပါဘဲ အဲ့တုန်းကကျွန်တော်ကကြောက်ရမှန်းမသိသေးဘူးလေ အဲ့တော့ဓါတ်ပုံကိုပြတင်းပေါက်ဘောင်မှာပြန်တင်ထားလိုက်တယ် အဒေါ်ပြန်လာတော့ကျွန်တော်အဲ့ဓါတ်ပုံပြမလို့ယူတော့ ဓါတ်ပုံက ကြမ်းပြင်ပေါ်ထပ်ပြုတ်ကျနေတယ် ဒါလဲမသိသေးဘူး ထားလိုက်တော့တယ် အခုပြန်တွေးကြည့်တော့အကုန်လုံးကထူးဆန်းနေတာဘဲ အဲ့တာနဲ့ကျွန်တော်တို့ပြောင်းခဲ့တယ်ပေါ့အဲ့အိမ်ကို ပထမရက်တွေကဘာမှမဖြစ်ဘူးနောက်ပိုင်းကျတော့ လှေကားမှာတယောက်ယောက်ရှိနေသလိုမျိုး အဒေါ်ကအောက်ထပ်မှာအဘွားနဲ့စကားပြောနေပေမယ့် ကျွန်တော်ကလှေကားမှာတွေ့လိုက်တာတို့ မကောင်းဆိုးဝါးတွေရဲ့ လှည့်စားမှုပေါ့ စာအုပ်တခုထဲမှာဖတ်ရတာ မကောင်းဆိုးဝါးတွေဟာ ပုံစံအမျိုးမျိုးပြောင်းလဲနိုင်တယ်တဲ့ ထားပါဆက်ပြောပြမယ် အဲနောက်ဆုံးကျွန်တော်တယောက်ထဲအပေါ့မသွားရဲတော့ဘူး အဖော်ရှိမှလိုက်တာ ဘုရားစာကိုအဲ့ချိန်ထိအယုံကြည်မရှိဘူး ငယ်ငယ်ကျောင်းမှာသင်ပေးတဲ့ဘုရားစာအနဲကျဥ်းလောက်ဘဲသိတယ် ဆိုတော့ဗျာ ကျွန်တော်၇တန်းအစဥ်ကြီးဖြေမယ့်နေ့ပေါ့မြန်မာစာကနေသမိုင်းဖြေတဲ့အထိ အဘိုးရဲ့အိပ်ယာဘေးမှာဘဲပေါ့ အမေကစာမေးပွဲပြီးရင်ရွာခနပြန်ဖို့လာခေါ်တာအမေလည်းရှိတယ်အဲ့တုန်းက အပေါ်ထပ်မှာအဘိုးကအိပ်တာလေ ဒါမယ့်ကုတင်ကပြတင်းပေါက်နဲ့ဝေးတယ်ပြတင်းပေါက်တွေက ဘေးဆွဲရတဲ့ပုံစံ မှန်ကညဖက်ဆိုအပြင်ကမြင်ရတယ်နေ့ဖက်ဆိုအထဲကဘဲမြင်ရတယ် အဲ့လိုမျိုးမှန်ပေါ့ ကျွန်တော်ကစာတွေပြန်လေ့ကျင့်ပြီးတဲ့အထိအဲ့မှာဘဲစာလုပ်တာ အဲ့တာနဲ့ သိပ္ပံဖြေမယ့်ရက်ပေါ့မနက်ဖြန်က ကျွန်တော်သိပ္ပံကိုအပုဒ်မှားကျက်မိလို့အစကနေပြန်ကျက်နေရတာ နဲနဲနောက်ကျသွားတယ် တိုက်တိုက်ဆိုင်ဆိုင်အဲ့နေ့က အိမ်ဘေးနားမှာအသုဘလဲရှိတယ် ကျွန်တော်လဲကျပ်နေရင်းအိပ်ချင်လာတော့ တုံးလုံးလှဲပြီးဆက်ကျက်မယ်ပေါ့ အခန်းထဲကစောင်နဲ့ခေါင်းအုံးယူပြီးပြေးလာလိုက်တယ်အရှေ့ကို ပြီးတော့ကျွန်တော်စာကျက်တယ်ကံကောင်းတာကစောင်ခြုံထားတာဘဲ အဲ့တာနဲ့ကျက်နေတုန်းအိပ်ပျော်သွားတယ် နိုးလာတော့အသံတွေကြားရတယ် တယောက်ယောက်ကဆက်တိုက်ရွတ်နေတာကျွန်တော်နားမလည်ဘူး အဲ့တာနဲ့အဘိုးများယောင်နေလားဆိုပြီး စောင်လေးဟပြီးကြည့်လိုက်တယ် အဘိုးကအိပ်နေတာနှစ်နှစ်ချိုက်ချိုက်ဘဲ ကျွန်တော်ပြန်ပြီးခေါင်းမူးခြုံလိုက်တယ် အဲ့မှာအသံတွေကပိုပြီးကျယ်လာတယ် ကျွန်တော်အရမ်းကြောက်ပြီးစောင်ကိုကျပ်နေအောင်ခြုံထားလိုက်တယ်ကြားနေရရတုန်း နားနှသ်ဖက်ကိုလက်ဖဝါးနဲ့အုပ်တယ် မားထဲကိုလက်ထိုးထည့်လိုက်တယ်ကြားနေရတုန်းဘဲ ကျွန်တော်စောင်ထဲမှာချွေးတွေနဲ့ပူအိုက်နေတယ်ဒါမယ့်ကြောက်တာကပိုသာနေတော့ ကျွန်တော်စောင်ကိုလုံးဝမဖယ်ဘူး တတ်နိုင်သလောက်ငြိမ်ပြီးစောင်ခြုံထားတယ် အသံကြီးကကျွန်တော့နားနားကပ်ပြီးပြောနေသလိုဘဲ ကျွန်တော်ဘုရားစာရွတ်လိုက်တယ် တမျိုးပြီးတမျိုးပြောင်းရွတ်တယ်လုံးဝမပျောက်ဘူး နောက်ဆုံးသတိရသွားတယ် သမ္ဗုဒ္ဓေဂါထာကိုကျွန်တော်ရွတ်လိုက်တယ် ဒါမယ့်အသံကပျောက်မသွားသေးဘူး နောက်ဆုံးကျွန်တော်ဘယ်နခေါက်မှန်းမသိနိုင်တဲ့အထိရွတ်လိုက်တယ် အဲ့မှာအသံတွေလုံးဝမကြားရတော့ဘူး ကျွန်တော်စိတ်မအေးတဲ့အတွက် စောင်ကိုမဖယ်ခဲ့ပါဘူး အဲ့အတိုင်းအိပ်ပျော်သွားခဲ့တယ် ကျွန်တော်မနက်နိုးလာတယ်အောက်မှာထမင်းချက်နေတဲ့အမေ့ဆီပြေးသွားပြီး ကျွန်တော်ကြုံခဲ့တာတွေအမေကိုပြောပြလိုက်တယ် ကျွန်တော့ဘဝမှာအဆိုးဝါးဆုံးပါဘဲ ငရဲပြည်ကဒီလိုမျိုးလား သေမယ်ဆိုသေလိုက်ချင်ခဲ့တာ အဲ့အသံကြီးကြားနေရမယ့်အစားပေါ့ အဲ့လိုမျိုးဖြစ်ခဲ့တဲ့အချိန်ကစပြီး ဘုရားတရားကိုကျွန်တော်နေ့တိုင်းပြုလုပ်ခဲ့တယ် သမ္ဗုဒ္ဓေကတော့အဓိကပေါ့ဗျာ အရမ်းစွမ်းသောဂါထာတပုဒ်လို့ပြောချင်ပါတယ်......
ဖြစ်ရပ်အမှန်ကို ကျား.မပြောင်းထားတာပါနော်
အဲ့လိုကြောက်စရာဖြစ်ရပ်ကြုံဖူးကြလား
တကယ်သေမလိုပါဘဲ
ကဲကဲ အားလုံးဘဲ ခြောက်လှန့်ခံရမှုမှကင်းဝေးနိုင်ကြပါစေနော်ရှင့် ချစ်သောreaders လေးတွေ?
Keep Reading