Nay Yoon
" ချစ်ပေးမယ်ဆိုလည်းချစ်ပေးမယ် ဒါပေမယ့်တစ်ခုတော့မှတ်ထား ငါကမချစ်တော့ဘူးလို့ပါးစပ်ကထုတ်ပြောလာတဲ့တစ်နေ့ ငါနဲ့ပတ်သက်တဲ့အရာအားလုံးကိုနင်မေ့ပစ်ရမယ် ငါနဲ့လည်းအခုလိုလာပတ်သက်လို့မရဘူး အဲ့ဒါကိုစိတ်ထဲစွဲနေအောင်မှတ်ထား.... "
ဆရာမခေတ်ရှေးညိုရဲ့ပထမဆုံးလုံးချင်း၀တ္ထုလေး...။
နာမည်လေးကိုကသဘောကျချင်စရာလေးကြောင့်မလို့ ပြီးတော့ဆရာမရဲ့စာအုပ်တွေမှာမတူညီတဲ့ရသတွေ အတွေးတွေနဲ့ပေးတာမလို့သေချာဖတ်ရှုခဲ့မိပါတယ်။
" ဝေဝေမွန် " ဆိုတဲ့မိန်းကလေးနဲ့ " တေဇထူး ၊ သန့်ဘုန်းအောင် " တို့ကြားချစ်ခြင်းမေတ္တာတရားများ။
စိတ်ခံစားချက်တွေများစွာနဲ့ ဝေဝေမွန့်ရဲ့ပုံစံကိုပုံဖော်ရင်းဖတ်ရတာစာဖတ်သူကိုတစ်ချက်တစ်ချက်မှာအတွေးတွေပါပေးသေး....။
ကိုထူးနဲ့မွန် တို့ကြားကအချစ်နဲ့မေတ္တာတရားကလည်းကြည်နူးစရာ ၊ ကိုယ့်ရဲ့ငယ်ဘ၀မှာပထမဆုံးတွေ့ဖူး ရင်ခုန်ဖူးတဲ့ အသက်လေးနှစ်လောက်ကြီးတဲ့ကိုထူးအပေါ်ထားတဲ့မွန့်ရဲ့ချစ်ခြင်းတွေ ၊ ကိုယ်သဘောကျချစ်မိသူရဲ့အချစ်ကိုရလိုက်တာကလည်းကံကောင်းမှုတစ်ခုမလား။
မွန်နဲ့ကိုထူးတို့ရဲ့ငယ်ငယ်ကျောင်းသားဘ၀ကနေ ချစ်သူတွေဖြစ်ကြတဲ့အထိကြည်နူးစရာအခိုက်အတန့်လေးတွေ ၊ မွန်နဲ့ပတ်သက်ပြီးအမြဲအိပ်မက်တွေကြီးမားတဲ့ကိုထူး ၊ မွန်ကလည်းအမြတ်တနိုးနဲ့ ကို လို့ခေါ်တဲ့တေဇထူးတို့ကြားကစိတ်အဆင်မပြေမှုလေးတွေ....။
မွန်ကလည်းအိပ်မက်တွေရှိသူအလျောက် ကိုထူးနိုင်ငံခြားမှာအလုပ်သွားလုပ်တဲ့အချိန် (ပြန်လာရင်လက်ထပ်ကြမှာပါ) မှာဝါသနာပါသောစာရေးသူအဖြစ်ရပ်တည်ချင်တဲ့စိတ်ကူးရှိပြီးရန်ကုန်မှာနေထိုင်ခဲ့သည်။
မွန်နဲ့ရန်ကုန်မှာအမှတ်မထင်ဆုံတွေ့ဖြစ်တာက သန့်ဘုန်းအောင်....။
သန့်ဘုန်းကငယ်ငယ်မှာမိဘတွေ အိမ်တွင်းရေးပြသနာများကြောင့်စိတ်ဒဏ်ရာတွေရှိနေခဲ့ပြီး သနားစရာချစ်စရာကောင်လေးတစ်ယောက်။
မွန်နဲ့အမှတ်မထင်ဆုံမိရင်း မွန့်ရဲ့စာအုပ်တွေကိုအမြဲဖတ်ကာအားပေးနေတဲ့ကောင်လေးလည်းဖြစ်သောကြောင့်မွန်နဲ့ပိုရင်းနှီးလာခဲ့ရာမှာတော့...။
နှစ်ယောက်သားကော်ဖီဆိုင်အတူထိုင် စာအုပ်အကြောင်းတွေဆွေးနွေးပြောပြကြတာလည်းချစ်စရာ....။
သန့်ဘုန်းမှာထူးဆန်းသောရောဂါတစ်မျိုးလည်းရှိနေသေးရာ မွန်ကတခါတရံဆေးခန်းလိုက်ပြပေးတတ်ပါသေးတယ်။
သူတို့နှစ်ယောက်ကြားကချစ်ခြင်းသည်လည်း ဖတ်နေရင်းဆွေးစရာလေးလိုခံစားမိရ...။
မွန်ကကိုထူးကိုပဲချစ်ကာ ကိုထူးသည်လည်းနိ
Unlock to read this premium article with 10 points.