Shwe Yee Yee Htut
ဂျပန်ခေတ်၊အင်္ဂလိပ်ခေတ် ခေတ်ဆိုးတွေထဲက ရင်နင့်စရာ အဖြစ်များနဲ့မြန်မာ့လွတ်လပ်ရေးခေတ် ကျောင်းသားလှုပ်ရှားမူများ....အမြင်မတူ၊မူဝါဒကွဲလွဲမူများကြောင့်ပျက်စီးဆုံးရူံးခဲ့ရသည်များ....အကောင်းဆုံးမြန်မာဝတ္ထုရှည်၁၀၀တွင် ရွေးချယ်ခဲ့ရသည့် စိမ်းနေဦးမည့်ကျွန်တော်မြေသည် အမိမြန်မာပြည်ကို ဂျပန်၊အင်္ဂလိပ်တွေ ဝင်ရောက်ခဲ့စဥ်အချိန်ကာလကိုဇာတ်လမ်းတည် ရေးဖွဲ့ထားတဲ့စာအုပ်လေးပါ။
ကမ္ဘာရန်ဖခင်နှစ်ယောက်၊ကျွန်းပြန်သူပုန်ကြီီဦးရန်ရှင်းရဲ့သား မောင်သန့်ဇင်၊တကယ်တော့ သန့်ဇင်ရဲ့အဖေက မျိူးချစ်ကြီးဆိုတဲ့ နာမည်နဲ့ပိုလိုက်မယ်ထင်တယ်။တိုက်ပွဲတွေကြောင့် သေကွဲကွဲရတာကိုသူခံစားခဲ့တာ အကြိမ်ကြိမ်မို့ ဒီတိုက်ပွဲတွေကြား ပဋိပက္ခတွေကို သူဘယ်လောက်တောင်မုန်းနေမလဲ ကိုယ်ချင်းစာမိပါတယ်။
ချစ်ရသူ မယဥ်နွယ်လေးနဲ့ အပြီးတိုင်ဝေးမလိုဖြစ်ခဲ့ပြီးမှ ပြန်လည်ဆုံဆည်းသွားရတဲ့အတွက် ထပ်တူကြည်နူးမိပါတယ်။
စာအုပ်လေးကတော့ ရသမျိူးစုံ ခံစားစေတဲ့ စာအုပ်လေးတစ်အုပ်ပါ။အခုချိန်မှာ သေကွဲရှင်ကွဲ ကွဲနေရသေးတဲ့ အမိမြေအတွက်တော့ ဝမ်းနည်းနေရတုန်းပါပဲ....နောင်လာမဲ့ အနာဂတ်မှာတော့ ကျွန်တော်တို့အမိမြေမှာ မေတ္တာတရား၊အကြင်နာတရား ၊ကိုယ်ချင်းစာတရားများနဲ့သာ ဖုံးလွှမ်းနေပါစေလို့ ဆုတောင်းရင်း ...ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စိမ်းနေဦးမည့်ကျွန်တော့်မြေ စာအုပ်လေးကို ဖတ်ကြည့်ဖို့ ပြောချင်ပါတယ်။
#Bookreview
Keep Reading