SarPhat Author
🧠သည်စာအုပ်က စိတ်ဓာတ်သည်သာအခရာဆိုတဲ့အတိုင်း ကျွန်မတို့ မိမိကိုယ်တိုင်မှာ မကောင်းတဲ့စိတ်ထားတွေရှိနေနိုင်ပေမဲ့ စိတ်ထားမကောင်းတဲ့သူကိုတွေ့ရင် မကြိုက်မနှစ်သက်တတ်ကြပါဘူး။
🧠အသင်းအဖွဲ့ တစ်ခုမှာ သဘောထားလွဲမှားနေတဲ့ တစ်ယောက် နှစ်ယောက် ပါလာမယ်ဆိုရင် တစ်သင်းလုံး ကမောက်ကမ ဖြစ်စေနိုင်ပြီးတော့ ဆိုးရွားတဲ့ စိတ်ထားတစ်ခုဟာ အသင်းတစ်ခုလုံးကို ပျက်စီးသွားစေနိုင်တယ် လို့ ရေးထားပါတယ်။
🧠စိတ်ထားမကောင်းဘဲ ထူးချွန်တဲ့ အားကစာသမားထက် အားကစားစိတ်ဓာတ်ပြည့်ဝတဲ့ ကစားသမားရှိခြင်းက အသင်းမှာပိုပြီးလိုအပ်တယ်။
🧠အခြားသူတွေနဲ့ မတူတဲ့ ရလဒ်တွေရချင်တယ်ဆိုရင် စွမ်းရည်မှာ ထက်မြက်ရုံမက စိတ်သဘောထားလည်း မွန်မြတ်ဖို့လိုအပ်ပြီး၊ လူတွေရဲ့ အတွေ့အကြုံတွေ စိတ်ဓာတ်ခွန်အားတွေဟာ တပါးသူကိုအလွယ် တကူ မကူးစက်နိုင်ပေမဲ့ လူတွေရဲ့ စိတ်သဘောထားတွေဟာ အခြားသူတွေဆီကို အလွယ်တကူ ကူစက်သွား စေနိုင်ပါတယ်။သတင်းထက် အတင်းက
ပိုပြီး ပြန့်နှံ့လွယ်သလိုပဲဖြစ်ပါတယ်။
🧠လူတွေရဲ့ အကျင့်တွေဟာ လူတွေရဲ့စိတ်သဘောထားကနေဖြစ်ပေါ်လာပြီးတော့ အဲဒီစိတ်ထားတွေ ဆိုတာ သူ့ဘာသာသူ ပျောက်သွားတဲ့ထုံးစံမရှိသလို၊ ဒီစိတ်ဓာတ်ဆိုတာက အောင်မြင်မှုနဲ့ ကျရှုံးမှုကြားက နံရံတစ်ချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
🧠အစ္စရေးဝန်ကြီးချုပ်ဟောင်း Golda Meir က “ကျွန်မတို့ တစ်နိုင်ငံလုံးမှာ ပိုင်ဆိုင်တာဆိုလို့ စိတ်ဓာတ်ပဲရှိတယ်” လို့ စာမျက်နှာ ၃၃ မှာ ဖော်ပြထားပါတယ်။
🧠အခက်ခဲတိုင်းမှာ အခွင့်အလမ်းဆိုတာရှိသလို အခွင့်အရေးတိုင်းမှာလည်း အခက်ခဲတွေရှိနိုင်တယ်။ ပြဿနာတစ်ခုကြုံတွေလာနဲ့အခါ စိတ်သဘောထားမှန်ကန်တဲ့သူဟာ အဆိုးထဲက အကောင်းတွေကို မြင်တတ်၊ ယူတတ်တယ်။
🧠ထို့အတူ ခေါင်းဆောင်ကောင်မည်သည် စွန့်လွတ်အနစ်နာခံသူဖြစ်ကြောင်း၊ ကိုယ့်လုပ်ရက်ကို မိမိကိုယ်တိုင် တာဝန်ယူဖို့လိုအပ်ကြောင်းနှင့် အခြားသိမှာဖွယ်ရာများစွာကို ရေးသားထားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။
🧠စာရေးသူ “မောင်သန်း” ဘာသာပြန်သည့် “စိတ်ဓာတ်သည်သာအခရာ” ဆိုတဲ့စာအုပ်ကို မိမိ နားလည်းသလို့ Book Review ပုံစံ အပြောစကာပြေဖြင့် ရေးသာခြင်းဖြစ်သောကြောင့် အမှားတစ်စုံတရာရှိပါက ဤစာရေးသူ ကျွန်မ အားနည်းချက်သာဖြစ်
ပါသည်။
John C.Maxwell - မောင်သန်း.
စာမျက်နှာ -၁၂၅ - တန်ဖိုး -၂၅၀၀ (တန်ဖိုးက လက်ရှိနဲ့မတူလောက်တေ့ာဘူးရှင့် ဖတ်ပြီးသားတွေပြန်ဖတ်လို့ပါ)
11/09/2024 🌻🖤
Keep Reading