ဆွေ (မန္တလေး)
ဆို ကျွန်မ ညွှန်းပေးမိမဲ့စာအုပ်က ဆရာ နိုင်ဝင်ဆွေရဲ့ လက်ရာကောင်းတစ်အုပ်ပါ။
စာအုပ်နာမည် - မသိန်းရှင်ဆီ ပို့ပေးပါ။
စာရေးသူ - နိုင်ဝင်းဆွေ
ဖတ်သည့်ရက် - ၁၊ ဩဂုတ်လ၊ ၂၀၂၄ မှ ၁၆၊ စက်တင်ဘာလ၊ ၂၀၂၄ထိ။
ခေါင်းစဉ်အရ ဘာကိုကြောက်တာလဲလို့ မေးရင် ရင်ထဲနှင့်နေအောင် ဒီလိုခံစားချက်မျိုး ထပ်ရမှာကိုကြောက်တာလို့ ပြောရပါမယ်။ မထင်မှတ်တဲ့ ဇာတ်သိမ်းကို မျက်လုံးထဲ တရိပ်ရိပ်ပေါ်ပြီး မြင်လာမိတဲ့အထိပါပဲ။ တစ်ခါဖတ်ရုံနဲ့ လုံလောက်ပါပြီ။ စွဲနေအောင် ကျန်နေမဲ့ ဝတ္တုတစ်အုပ်ပါ။
အင်း... ဒီဝထ္တုထဲကနေ ဘာကိုမြင်ရမလဲလို့မေးရင်တော့...
လူတိုင်း မသိနိုင်မဲ့ အလွှာတစ်ခုရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရပုံတွေနဲ့ နေ့စဉ် ကြုံတွေ့ရတဲ့ အခက်ခဲတွေကိုပါ။ လူလူချင်း အမြတ်ထုတ်ကြတဲ့ ကြောက်စရာ လူ့သဘော သဘာဝတွေ မြင်တွေ့ရပါလိမ့်မယ်။
ပြီးတော့ မာနချမ်းသာတဲ့ မိန်းကလေးတစ်ယောက်ကိုလည်း တွေ့မြင်ရအုန်းမှာပါ။ လွတ်လမ်းကို မိသားစုစားဝတ်နေရေးအတွက် အရဲစွန့်မဲ့ မိန်းကလေးတစ်ယောက်ပေါ့။
ရိုးရိုးလေးသာ ညွှန်းရမယ်ဆို
"စောစောမဖတ်ခဲ့ရတာ နောင်တရတယ်" ဆိုတဲ့ စိတ်ကလေးပေးပါလိမ့်မယ်။
အကြိုက်ဆုံးဇာတ်ကောင်တွေရယ်လို့ မရှိ။ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စိတ်ကလေးတွေကတော့ သဘောကျမိသားပါ။
"ညိုညိုရယ် ကြိုသိခဲ့လို့များ ကိုရင်မောင့်ပေါင်ပေါ် ခေါင်းအုံးရင်း ထိုစကားတွေ ပြောခဲ့သလား" လို့တော့ မေးချင်စိတ်ဖြစ်မိပါတယ်။
ရိတ်တင် (rating) ပေးရမယ်ဆို ၉.၈/၁၀ ပါ။
၁၆၊ စက်တင်ဘာလ၊ ၂၀၂၄။
မနက် ၀၂:၁၁။
ဆွေ (မန္တလေး)
Keep Reading