NWAY OO MAUNG
မျက်မှောက်ခေတ်က နည်းပညာတွေတဟုန်ထိုး တိုးတတ်နေတော့ ဘဝရပ်တည်ရေးအတွက်သော်၎င်း စားဝတ်နေရေးအတွက်သော်၎င်း တီထွင်ပြီးသား တီထွင်နေဆဲ တီထွင်လတံ့သော နည်းပညာတို့ကို မျက်မှောက်ခေတ်လူငယ်တို့သည် နောက်ကျမကျန်ရစ်အောင် လေ့လာသင်ယူရကုန်၏။ ဘဝရပ်တည်ရေး စား ဝတ်နေရေးအတွက်နည်းပညာ အတတ်ပညာတို့သည်လိုအပ်သလို ဘဝတစ်ခုကိုတည်ဆောက်တဲ့အခါ ကိုယ်ကျင့်တရားအတွက်သော်၎င်း စိတ်၏ငြိမ်းချမ်းမှု့အတွက်သော်၎င်း နောင်တမလွန်ဘဝအတွက်သော်၎င်း ဘာသာတရားအဆုံးမတို့သည်လိုအပ်ကုန်၏။ ထိုအတွက်ကြောင့် ပညာရှင်များညွှန်းထားသော ကျွန်တော်ဖတ်ဖူးသော စာအုပ်၃အုပ်ကို လေ့လာချင်သောစာပေးလိုက်စားသော လူငယ်များအတွက် ညွှန်းချင်ပါည်။
၁။ရတနာ့ဂုဏ်ရည် (အရှင်ဇနကာဘိဝံသ)
ကျွန်တော်တို့နေ့စဉ်ရှိခိုးကန်တော့နေသော အနန္တောအနန္တငါးပါးထဲက ဘုရား တရား သံဃာ သုံးပါတို့၏ ဂုဏ်တော်တွေကို ပါဠိ-မြန်ဘာသာ ဖြင့်ရေးသားထားပြီး၊ အဓိပ္ပါယ်ရှင်းချက်တွေကို ပါဠိနှင့်အလှမ်းဝေးသော စာဖတ်သူတို့နားလည်အောင် ရေးသားထားပါတယ်၊ ကျွန်တော်တို့ငယ်ငယ်ကရဘူးထားသော ဣတိသော ဘဂဝါ အစရှိသော ဘုရားဂုဏ်တော်၉ပါး တရားဂုဏ်တော် ၆ပါး သံဃာ့ဂုဏ်တော်၉ပါးကိုတပါးချင်းစီး အသေးစိတ်ရှင်းပြထားပြီး ဘုရားတရားသံးဃာကို ကိုးကွယ်ရခြင်းအဓိပ္ပါယ် ရည်ရွက်ချက် ကိုးကွယ်ပုံနည်းတွေကိုရေးသားထားတယ်။
ဂုဏ်တော်တွေကို ရှင်းစွာနာလည်ပြီး ရင်ထဲနှလုံးထဲကနေ ကြည်နူးစွာပွါးများချင်သူတွေဖတ်သင့်ပါတယ်။
၂။ကိုယ်ကျင့်အဘိဓမ္မာ (အရှင်ဇနကာဘိဝံသ)
ဒုတိယစာအုပ်ကတော့ ကျွန်တော်တို့တွေ မွေးဖွါးသည်မှ သေဆုံးသည်တိုင်အောင် လူတစ်ယောက်ဟာ
ဘလိုစိတ်မျိုးနှင့် ပဋိသန္ဓေတည်ခဲ့တယ် နောက်ဆုံးသေတဲ့အချိန်မှာ ဘလိုစိတ်မျိုးနဲ့သေတာကအစ မြတ်ဗုဒ္ဓဟောထားသောအဘိဓမ္မာတရားကို အကျဉ်းချုပ်ပြီး စာဖတ်သူတို့နားလည်နိုင်အောင် ပါဠိ-မြန်မာနှစ်ဘာသာ အပြင် အသေစိတ်ရှင်းပြထားတာဖြစ်ပါတယ်။
ကျွန်တော်တို့ မနက်မိုးလင်းမျက်စိနှစ်လုံးပွင့်သည်မှ ညအိပ်ယာဝင်သည့်တိုင်အောင် လူသားတွေသန္တာန်မှာ ဖြစိပေါ်နေသောစိတ်အစဉ်တွေကို ကောင်းရင်ကုသိုလ်စိတ် မကောင်းရင်အကုသိုလ်စိတ်စသည် လူတယောက်ဟာနေ့စဉ်ကုသိုလ် နှင့်အကုသိုလ် ဘယ်ဟာအဖြစ်များလည်း သိအောင်ဖတ်သင့်ပါတယ်။အထူးသဖြင့်ကိုယ့်စိတ်ကိုဝေဖန်သုံးသပ်နိုင်အောင်ဖတ်သင့်ပါတယ်။
၃။ အနာဂတ်သာသနာရေး(အရှင်ဇနကာဘိဝံသ)
သုံးအုပ်မြောက်စာအုပ်ကတော့ ကမ္ဘာမှာအကောင်းဆုံးလည်းတင်စားထားသော ဗုဒ္ဓဘာသာကို အရှည်တည့်တံ့အောင် သာသန့ဝန်ထမ်းရဟန်းသံဃာတွေအပြင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ဝိုင်းဝန်းအပြန်လှန်ထိမ်းသိမ်းနည်း စာအုပ်ဖြစ်ပါတယ်။ သာသနာ့တည့်တံ့ကြောင်းတွေသိအောင်ဖတ်သင့်ပါတယ်။
ဒီစာအုပ်သုံးအုပ်ကဘာသာရေးလိုက်စားချင်သူတွေဖတ်သင့်ပြီး မြန်မာစာအရေးသားလည်းခုချိန်ထိအဆင့်မှီနေသောကြောင့် ပညာရှင်များ လူငယ်များအတွက်ညွှန်းထားတာဖြစ်ပါတယ်။
နွေဦးမောင်
2024.9.6
Keep Reading