ဇမ်
ချင်းမိုင်တက္ကသိုလ်ကနေ မြန်မာနိုင်ငံသားတွေအတွက် သီးသန့်စီစဉ်ပေးတဲ့ (oct,2024 - April, 2025) 6လတာ ကြာမြင့်မယ့် (online) certificate program ရဲ့ application form ဖွင့်ပါပြီ။ 6လဆိုပေမဲ့ အတန်းက weekend တွေမှာပဲရှိမှာဆိုတော့ အိုကေဆိုပြေပဲ။ social theory တွေကို အခုကိုယ့်နိုင်ငံကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ချိန်ထိုးပြီး ကြည့်နိုင်မယ့်အခွင့်အရေးလည်းဖြစ်ပါတယ်။ lectureတွေက အင်္ဂလိပ်လိုဖြစ်ပေမဲ့ Discussion တွေမှာကျ မြန်မာလိုဘဲပြောလည်းရပါတယ်တဲ့။
ချင်းမိုင်တက္ကသိုလ်မှာ social science မဟာဘွဲ့ယူဖို့ စိတ်ဝင်စားတဲ့သူတွေ creditsတွက်ပေးမယ့် program လည်းဖြစ်ပါတယ်။ ဒါကြောင့် လျှောက်ချင်ရင် နယ်ပယ်တခုခုက bachelor degree ရှိထားဖို့တော့ လိုပါတယ်။
Register fee 18000+600THB ကျသင့်မှာဖြစ်ပေမဲ့ ကိုယ်က ငွေကြေးအဆင်မပြေရင် financial aid လျှောက်ထားလို့ရပါတယ်။ လူဦးရေ - 20ယောက်ကိုဘဲ လက်ခံမယ်လို့ ဖော်ပြထားပါတယ်။
Deadline - 22, September, 2024
Payment Deadline - 30, September, 2024
အသေးစိတ်သိချင်ရင်တော့ link ကတဆင့် ဝင်ကြည့်ပါရှင့် 🔗
https://rcsd.soc.cmu.ac.th/news-announcements/call-for-applications-certificate-program-on-development-studies-and-social-research-for-myanmar-students/
ကိုးကား - CUSR
photo © Pinterest
Keep Reading