SarPhat Author
အားလုံးပဲမင်္ဂလာပါ
ကျွန်တော်ကတော့ ခေတ်သျှားလူပါ။
ကျနော်ဒီနေ့ ရွေးခြယ်ရေးသားဖြစ်တာကတော့ Life(ဘဝ)အကြောင်းလေးပါပဲ။
ဘဝကရိုးရှင်းပါတယ် ။ မွေးဖွားမယ်-သေဆုံးမယ်။
ဒါပေမဲ့ မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာတော့ ဘယ်သူမဆို အရမ်းကိုရှုပ်ထွေးမှုဂယက်ပေါင်းများစွာနဲ့ရင်ဆိုင်ကြုံတွေ့ရမှာပါပဲ ။ ။
ဘဝမှာအရေးကြီးဆုံးကဘာလဲ လို့မေးရင်
တစ်ဦးတစ်ယောက်ချင်းဆီမှာ အဖြေကိုယ်စီရှိနေနိုင်တယ်။ကျနော့်အနေနဲ့တော့ အဖြေက တစ်ခုထဲပါပဲ။
''ဘဝဆိုတာ ရှင်သန်ခြင်း''
ဟုတ်ပါတယ်။ အတိတ်ကမှားယွင်းခဲ့တာတွေကို ပြုပြင်ဖို့ ပစ္စုပ္ပန်မှာရှင်သန်ရမယ်။အနာဂတ်မှာကောင်းမွန်ဖို့ပစ္စုပ္ပန်မှာရှင်သန်ရမယ်။မိသားစုအတွက်ရှင်သန်ရမယ်။အောင်မြင်မှုအတွက်ရှင်သန်ရမယ်။မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားကာလမှာ ဖြစ်ပေါ်လာသမျှစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ရှင်သန်ရမယ်။ တဂယ်တော့ ဘဝဆိုတာရှင်သန်မှုတစ်ခုပါပဲ။
ဒါဆို ဖြတ်သန်းမှုကဘာလဲ??
ရှင်သန်နေမှ ဘဝကပေးလိုက်တဲ့အနိမ့်အမြင့်အတက်အကျစိန်ခေါ်မှုတွေကိုကျော်ဖြတ်နိုင်မှာမဟုတ်လား။ ။
စာဖတ်သူကို တစ်ခုပဲပြောချင်တယ်
''ဘဝဆိုတာဘာလဲလို့ မမေးခင်
မင်းရဲ့ရှင်သန်မှုကဘာအတွက်လဲ လို့ပဲကျွန်တော်မေးချင်တယ်''
ခေတ်သျှားလူ
Keep Reading