SarPhat Author
အရာရာဟာ အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးဆိုပြီး အမြဲဒွန်တွဲနေပါတယ်
ကိုယ်က ဒါကို ရကိုရမယ် အောင်ကိုအောင်မယ်ဆိုပြီး တထစ်ချမတွေးထားပါနဲ့အကောင်းဆုံးတွေချည်း မတွေးထားပါနဲ့ အဆိုးဆုံးတွေကိုလည်းတွေးထားပါ။ ဘဝက တစ်ခါတစ်လေ အကောင်းဆုံးဖြစ်အောက်လုပ်ထားတယ်ဆိုပြီး အကောင်းဆုံးကို မျှော်လင့်ထားပေမယ့် ဆန့်ကျင်ဘက်အနေနဲ့အဆိုးဆုံး ဖြစ်လာတာမျိုးတွေရှိတယ် အဲ့လိုဖြစ်ရင် ပိုခံစားရတယ်လေ ဒါကြောင့်မို့
plan A မဖြစ်ခဲ့ရင် plan B
plan B မဖြစ်ခဲ့ရင် plan C ဆိုပြီး
ဒါမျိုးတွေ စီစဉ်ထားရမယ်
ငါအဆိုးဆုံးတွေသာဖြစ်ခဲ့ရင် ဘယ်လို ဖြတ်သန်းမလဲ ဘယ်လိုပြန်လုပ်လို့ရလဲ ဒါမှမဟုတ် နောက်တစ်မျိုး ထပ်လုပ်ရမလား လမ်းကြောင်းပြောင်းရမလား စသဖြင့်ကြိုတင်စီစဉ်မှုတွေထားရှိမယ်ဆိုရင် ကိုယ့်အတွက် စိတ်သက်သာရာလည်းဖြစ်တယ် ပိုပြီးတော့လည်း သန်မာလာမယ်။ မိမိကိုယ်ကို သန်မာအောင်နေပါမိတ်ဆွေ
Keep Reading