ဇမ်
ဆာကူရာမြေကို အလည်သွားချင်တဲ့ သူတွေအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေး !
Japanနိုင်ငံ Mitakaမြို့က Private universityတခုဖြစ်တဲ့ International Christian University (ICU) နဲ့ Japan ICU Foundation တို့ပူးပေါင်းပြီး ကျင်းပတဲ့ eassyပြိုင်ပွဲ ဖြစ်ပါတယ်။ ICU Global Youth Essay Competitionလို့ခေါ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အားသာချက်ကတော့ application feeမပေးရပါဘူး။
▪️ပါဝင်ရန် လိုအပ်ချက်များ
- အသက် 14 - 18 ဖြစ်ရပါမယ်
- ဂျပန်နိုင်ငံမှာ နေထိုင်နေသူမဖြစ်ရပါဘူး
- တက္ကသိုလ်၊ ကောလိပ်တက်နေတဲ့သူ မဖြစ်ရပါဘူး။
▪️ Deadline - 9. October. 2024
▪️ရလာဒ်တွေကိုတော့ 20. December. 2024မှာ ထုတ်ပြန်သွားမှာပါ။
▪️ဘာတွေရေးရမှာလဲ?
ရေးရမှာကတော့ World Peace ဆိုတဲ့ Theme နဲ့ကိုက်တဲ့ Essay ကိုရေးရမှာဖြစ်ပြီး ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ ပြဿနာရပ်တွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို ကိုယ့် Idea နဲ့ရေးရပါမယ်။ ကိုယ့်ရဲ့ Essay က ကိုယ်ဖြေရှင်းချင်တဲ့ ပြဿနာတိတိကျကျရှိရပါမယ်၊ အဲ့ပြဿနာကို တိတိကျကျဖြေရှင်းပြထားရမယ်။
English လိုပဲရေးသားရမှာဖြစ်ပြီး စကားလုံးကိုတော့ 650 အထိသတ်မှတ်ထားပါတယ်။ Theme နဲ့ကိုက်ညီပြီး ကိုယ့်ဖြေရှင်းချင်တဲ့ပြဿနာကိုအကောင်းဆုံးဖော်ပြနိုင်မယ့် Title ကို ကိုယ်တိုင်သတ်မှတ်ရမှာပါ။ Title ကို Word Count ထဲ ထည့်ရေတွက်မှာမဟုတ်ပါဘူး။
▪️သတိပြုရမည့် အချက်များ
- ကိုယ်ပိုင် idea ဖြစ်ရမယ်။
- Grammar မှန်ရမယ်။
- ခေါင်းစဉ်ပါရပါမယ်။
- AIကို ရေးခိုင်းတာ မဖြစ်ရပါဘူး။
- တခြားသူတွေဆီက ကူးယူတာ မဖြစ်ရပါဘူး။
- ပြဿနာ (1)ခုကိုပဲ တိတိကျကျ ဖော်ပြပြီး ဖြေရှင်းချက်ပေးရမှာပါ။ (1) ခုထက်ပိုပြီး ဖြေရှင်းထားမျိုး မဖြစ်ရပါဘူး။
▪️ပြန်ရမယ့် ဆုတွေကတော့
- ပထမဆုရရင်တော့ ရွေးချယ်စရာ(2)ခုရှိပါတယ်။ တစ်ခုကတော့ တိုကျိုကို အုပ်ထိန်းသူနဲ့အတူ လည်ပတ်ခွင့်ရမှာဖြစ်ပါတယ်။ အကယ်၍ကိုယ်က ခရီးမသွားချင်ဘူးဆိုရင် နောက်ရွေးချယ်စရာတစ်ခုရှိပါသေးတယ်။ ငွေသား ယန်း တစ်သိန်း (မြန်မာငွေ - 35သိန်း) ဆုဖြစ်ပါတယ်။ ခရီးသွားမလား ငွေသားယူမလား?
- ဒုတိယဆုကတော့ ယန်း ငါးသောင်းတန် လက်ဆောင်ကတ်ရရှိမှာ ဖြစ်ပါတယ်။
- တတိယဆုကိုတော့ ဆယ်ယောက်ရွေးမှာဖြစ်ပြီး ဆုကတော့ ICUကျောင်းသားတွေ ဘာသာစကားသုံးမျိုး (အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျပန်ဘာသာ)နဲ့ ဘာသာပြန်ဆိုထားတဲ့ လူ့အခွင့်အရေးကြေငြာစတမ်း ရုပ်ပြစာအုပ်တွေကို ရရှိမှာဖြစ်ပါတယ်။
- ဒါအပြင့် အထူးဆုတစ်ဆုလည်း ပါ ပါတယ်။
အသေးစိတ်သိချင်တယ်ဆိုရင်တော့
https://www.icu.ac.jp/en/news/GlobalYouthEssay2024.html
ကိုးကား - www.ICU.ac.jp, GrammarCorner
Photo © univinjapan.com
Keep Reading