HONEY
ဒီနေ့မှာတော့ ကျွန်တော်သိထားတဲ့ "ရသ" ဆိုတာလေးကို ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်။ ရသဆိုတာဟာ မြန်မာစာပေထဲက တစ်ခုဖြစ်ပြီး၊ ကဗျာတွေမှာလည်း အသုံးပြုကြပါတယ်။ "ရသ" ရသဆိုတာဟာ ပါဠိစကား ဖြစ်ပြီးတော့ အရသာကတော့ မြန်မာမှုဖြစ်ပါတယ်။ အဲ့တာပြီးတော့ အရသာ၊ နှစ်သက်ခံစားမှု၊ နှစ်သက်မှု၊ ခံစားမှုစည်းစိမ်တို့လဲ ရှိကြပါတယ်။
"ရသ ကိုးပါး"
၁။ သိဂါရရသ
-ချစ်မြတ်နိုးမှုအရသာ= ယောင်္ကျား/မိန်းမ ချစ်ခင်စုံမက်တဲ့ အရေးအဖွဲ့ဖတ်ရှုပြီး နှစ်သက်မှုဖြစ်ရင် သိဂါရရသ ပဲဖြစ်ပါတယ်ဗျ။
(၅၂၈မေတ္တာ ၅၂၈မေတ္တာ ဆိုတာကတော့ မိဘက သားသမီးအပေါ်မှာချစ်တဲ့အချစ်၊ မောင်နှမချင်းချစ်တဲ့အချစ်၊ ဆရာတပည့်တွေက ချစ်တဲ့ အချစ်ကတော့ ဝစ္ဆလရသပဲဖြစ်ပါတယ်ဗျ။
၂။ဟာသရသ
-ရယ်မောပျော်ရွှင်ရတဲ့ အရေးအသားမျိုး ဖတ်ရပါက ရရှိတဲ့ စာပေအရသာကို ဟာသရသလို့ ခေါ်ပါတယ်ဗျ။
၃။ကရုဏရသ
-စာနာ သနားမှုအရသာကို ဆိုလိုခြင်းဖြစ်ပါတယ်။
၄။ရုဒ္ဒရသ
-ကြမ်းတမ်း၊ ရက်စ်ကြမ်းကြုတ်သော အဖြစ်အပျက်တွေကို အမူအရာနှစ်သက်ဖွယ်ဖြစ်အောင် ရေးဖွဲ့ထားပြီး ကြမ်းတမ်းတဲ့စိတ်ခံစားချက်တွေဖြစ်ပေါ်စေ။ နှစ်သက်ခဲ့ရင် ရုဒ္ဒရသ။ ဒိဌလောကမှာ မရနိုင်တဲ့ရသမျိုး။ ကြမ်းကြုတ်မှုကို နှစ်သက်ဖွယ်မဟုတ်ပါဘူး။
၅။ဝီရီရသ
-ရဲရင့်မှု၊ တက်ကြွမှု၊ တန်ခိုး၊ ဇွဲသတ္တိ၊ လုံ့လ (တက်ကြွစွာ ကြိုးပမ်းအားထုတ်သော အဖြစ်အပျက်)
၆။ဘယာနကရသ
-ကြောက်လန့်မှုအရသာ။ ဒိဌလောကတွင် ကြောက်လန့်မှုက နှစ်သက်နိုင်ခြင်းနှင့် မယှဉ်နိုင်ပါဘူး။
၇။ဝိဘစ္ဆရသ
-အရွံအမုန်းအရသာ၊ စက်ဆုပ်ခြင်းအရသာ။
၈။အမ္ဘုတရသ
-အံ့ဩမှုအရသာ/ ထူးကဲသောအကြောင်းအရာ၊ အဆန်းတကြယ်ဖြစ်ရပ်၊ အံ့ဩကြည်ညိုဖွယ်ပုဂ္ဂိုလ် ရေးသားထားတဲ့ အဖွဲ့အနွဲ့ကို ဖတ်ပြီး ရရှိတဲ့အရသာ။
၉။သန္တရသ
-အေးငြိမ်းမှုအရသာ၊ စိတ်တွင်ငြိမ်းချမ်းမှုဖြစ်၊ နှစ်သက်မှုဖြစ်၊ လောကီကိစ္စဖြစ်စေ၊ လောကုတ္တရာကိစ္စတွေဖြစ်စေ၊ စိတ်အေးချမ်းကြည်နူးမှုခံစားရလျှင် သန္တရသ ဖြစ်သည်။
သိသလောက်လေး ပြန်လည်မျှဝေပေးတာမလို့ အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်ခဗျာ။
သာယာပျော်ရွှင်တဲ့နေ့လေးဖြစ်ကြပါစေဗျ။🍀
#ဟန်နီ
Keep Reading