AJ
ကျွန်တော်တို့ဟာ ပုတုစဉ်လူသားတွေဖြစ်တဲ့အတွက် စွဲလမ်းမှု (အစွဲ )ဆိုတာရှိတယ် ။
လူတစ်ဦးတစ်ယောက်အပေါ်ဖြစ်စေ
အရာဝတ္ထုတစ်ခုခုအပေါ်ဖြစ်စေ စွဲလမ်းမှု (အစွဲ) ကတော့လူတိုင်း အနည်းနဲ့အများတော့ရှိကြတာပါဘဲ။
ကိုယ့်အပေါ်မေတ္တာပေးတဲ့မိသားစု ၊သူငယ်ချင်းမိတ်ဆွေအပေါ်အစွဲလမ်းရှိတာထက် ရုပ်ဝတ္ထုတွေအပေါ်စွဲလမ်းမှုကပိုစိုးဝါးတယ် ။
တချို့ဆို ကိုယ်ထိုင်နေကျနေရာလေးမှထိုင်ချင်တာ
ကိုယ်သောက်နေကျခွက်ကလေးနဲ့မှ ကော်ဖီသောက်ချင်ကြတာမျိုးပေါ့
တချို့ဆို သေသွားတဲ့အထိစွဲလမ်းမှုတွေက်ိုသယ်ဆောင်သွားတတ်ကြတယ်
စွဲလမ်းမှုတွေကကြောက်စရာကောင်းတယ် ပူလောင်ရပြီး ကိုယ့်အကျိုးမရှိတာများတယ် ။
စွဲလမ်းမှုတွေက ကိုယ့်မှာရှိလို့ရှိနေမှန်းတောင်မသိတဲ့အရာတွေဖြစ်တယ် ။ ကိုယ့်ကိုကိုယ်သေချာသတိထားပြီးကြည့်မှမြင်နိုင်လိမ့်မယ် ။ ကိုယ်ဘယ်အရာတွေကိုစွဲလမ်းနေလဲ ၊ စွဲလမ်းမှုနည်းအောင်ဘယ်အရာတွေကိုပြုပြင်ရမလဲဆိုတာကို ကိုယ့်ကိုကိုယ့်မေးပြီးအချိန်မှီပြုပြင်ဖို့လိုပါလိမ့်မယ်။
ဘဝမှာ အနှောင်အဖွဲကင်းကင်းနဲ့စွဲလမ်းမှုနည်းခြင်းကကိုယ့်စိတ်အေးချမ်းမှုကိုရစေပြီး သောကတွေကိုကင်းဝေးစေမှာ အမှန်ပါ။
Keep Reading