Ryoji
Choas_novels:
Quantum-explain
Quasi အမှုန်တွေဟာ ကွမ်တမ်မက္ကင်းနစ် လောကရဲ့ ထူးဆန်းအံ့ဖွယ် အရာတခု ဖြစ်ပါ တယ်။ ဒီ အမှုန်တွေဟာ အီလက်ထရွန် သို့မဟုတ် ပရိုတွန်ကဲ့သို့သော တကယ့်အမှုန် တွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် ကွာဇီအမှုန် တွေဟာ ဒီ အီလက်ထရွန်၊ ပရိုတွန် တွေလို အမှုန်တွေကဲ့သို့ ပြုမူကြပါတယ်။
ပထမဆုံး quasiparticles တွေဟာ ဘာလဲ မ ပြောခင် အမှုန်ဆိုတာ ဘာလဲ ဆိုတာကို ဦးစွာ နားလည် ရန် လိုအပ်ပါတယ်။
အရင်ဆုံး အမှုန် ဆိုတာကို ကြည့်လိုက် ရအောင်။ အမှုန်တွေမှာ တိကျစွာသတ်မှတ် ထားတဲ့ အနေအထား (position) နှင့် အရှိန်အဟုန်ရှိ (momentum) ရှိကြပါတယ်။ ဒီတော့ အရာဝတ္ထုများ ရွေ့လျားပုံနှင့် တစ်ခု နှင့်တစ်ခု အပြန်အလှန် တုံ့ပြန်ပုံကို လေ့လာ တဲ့ classical mechanics ရူပဗေဒ ဖော်မြူ လာ တွေကို အသုံးပြုပြီး အမှုန် တစ်ခုကို လေ့လာ နိုင့်ပါတယ်။
ဒါပေမယ့် ဒီ နည်းက ကွမ်တမ်မက္ကင်းနစ် လောကက အမှုန်တွေ အတွက်တော့ အသုံးမ ဝင်ပါဘူ။ ဘာ့ကြောင့်ဆိုတော့ ကွမ်တမ်အမှုန် တစ်ခုဟာ အခြေအနေ မျိုးစုံမှာ တစ်ပြိုင်နက် တည်း တည်ရှိနိုင်ပြီး ကွမ်တမ် အမှုန် တစ်ခု ရဲ့ အနေအထားနှင့် အရှိန်အဟုန်ကိုလဲ တစ် ချိန်တည်းမှာ အတိအကျ မသိနိုင်ပါဘူး။
အဲ့သည်အစား ဒီ အမှုန် တစ်ခုကို အခြေအနေ တစ်ခုမှာ ရှာဖွေရန် ဖြစ်နိုင်ခြေကို တွက်ချက် ပေးသည့် လှိုင်းလုပ်ဆောင်ချက် (wave function) နဲ့ပဲ ဖော်ပြလို့ ရပါတယ်။ (ဆိုလို တာ ကတော့ အမှုန်တစ်ခုရဲ့ တည်နေရာ နဲ့ အဟုန်ကို အတိအကျ မသိနိုင်ဘူး၊ သူတို့ ဒီ နေရာ မှာ ဒီ အဟုန်နဲ့ ရှာတွေ့နိုင်ဖို့ ဘယ်လောက် ဖြစ်နိုင်ခြေ ရှိလဲ ဆိုတဲ့ probability ကိုပဲ သိနိုင်မယ်။ ပြောရရင် တွေ့ မယ် မတွေ့ဘူးက ကံပဲပေါ့။)
အခု၊ ကွာဇီ အမှုန်တွေဆီ ဆက်သွား ရအောင်။ Quasiparticles တွေဟာ တကယ့် အမှုန်များမဟုတ်ပါဘူး။ ဘာလို့ဆိုတော့ ဒီ အမှုန်တွေဟာ ဒြပ်ဝတ္ထုတွေကို ဖွဲ့စည်း တည်ဆောက်ထားတဲ့ အခြေခံ အမှုန်တွေ မဟုတ်ကြပါဘူး။ ဒီ အမှုန်တွေဟာ ဒြပ်ဝတ္ထု တစ်ခုခု အတွင်းမှာ ဖြစ်ပေါ်တဲ့ လှိုင်းဂယက် များ ဖြစ်ကြပါတယ်။ (ကွမ်တမ်သဘောအရ လှိုင်းနဲ့ အမှုန်ဟာ အတူတူပဲ ဖြစ်ပါတယ်)။ ဒြပ်ပစ္စည်းတွေ အတွင်းကို စွမ်းအင် ထည့်သွင်း ပေးခြင်းအားဖြင့် ဒီလှိုင်းတွေကို ဖန်တီးနိုင်ပါတယ်။
ကွာဇီအမှုန် ကို ဥပမာ ပြရရင် phonon အမှုန်
ပဲ ဖြစ်ပါတယ်။ ဒီ ဖိုနွန် ဟာ ဒြပ်ဝတ္ထု တစ်ခု
ရဲ့ အတွင်းက အက်တမ်တွေနဲ့ မော်လီကျူး
တွေ ချိတ်ဆက်ပြီး ရာဇမတ်ကွက်ပုံ ဖွဲ့စည်းပုံ
ထဲမှာ လှိုင်းတွေ အနေနဲ့ ဖြတ်သန်း သွားပါ
တယ်။ ဒီလို လှိုင်းအနေနဲ့ ဖြတ်သန်း သွားတဲ
နေရာမှာ Phonon တွေဟာ အမှုန် ကဲ့သို့ ပြုမူ
ကြတယ်လို့ ကွမ်တမ် ရူပဗေဒက ရှင်းပြပါ
တယ်။
ဒီ ဖိုနွန် ဆိုတာက တကယ်တော့ ဒြပ် ပစ္စည်းများထဲမှာ အပူနှင့် အသံများ သယ်ဆောင် ဖြတ်သန်းတဲ့ အလုပ်ကို လုပ် ပေးတဲ့ အမှုန်တွေပဲ ဖြစ်ပါတယ်။
Quasiparticles တွေဟာ ရူပဗေဒနယ်ပယ်
များစွာတွင် အသုံးဝင်ပါတယ်။ အထူးသဖြင့် ဒြပ်ဝတ္ထု အများအပြား သိပ်သိပ်သည်းသည်း ဖိသိပ် ထားချိန်မှာ ဘယ်လို ပြုမူသလဲ ဆိုတာ လေ့လာတဲ့ နေရာ မှာ အသုံးဝင်ပါတယ်။ ကွာဇီ အမှုန်တွေ မည် ကဲ့သို့ ပြုမူသည်ကို နားလည်ခြင်းဖြင့် ရူပဗေဒပညာရှင်များသည် ပစ္စည်းများ၏ ဂုဏ်သတ္တိများကို ထိုးထွင်းသိမြင်နိုင်ပြီး နည်းပညာအသစ်များကို တီထွင်နိုင်မှာ ဖြစ် ပါတယ်။
နိဂုံးချုပ်အားဖြင့်၊ ကွာဇီ အမှုန်များသည် တ ကယ့်အမှုန်များမဟုတ်သော်လည်း အမှုန်များ ကဲ့သို့ ပြုမူနေသည့် လှိုင်းများ ဖြစ်ပါတယ်။ ဒီလှိုင်းတွေဟာ ဒြပ်ဝတ္ထု တွေအတွင်းကို စွမ်းအင် ဝင်ရောက်လာတဲ့ အခါ ဖြစ်ပေါ်လာ တဲ့ လှိုင်းတွေ ဖြစ်ကြပါတယ်။ ဒီ လှိုင်း/အမှုန် တွေကို လေ့လာခြင်း အားဖြင့် ဒြပ်ပစ္စည်း များ၏ ဂုဏ်သတ္တိများကို နားလည်ရန်နှင့် နည်းပညာအသစ်များ တီထွင်ရန်အတွက် အသုံးဝင် ပါတယ်။ ကွာဇီ အမှုန်တွေဟာ ထူးဆန်းသည်ဟု ထင်ရသော်လည်း ကွမ်တမ် ကမ္ဘာကို ကျွန်ုပ်တို့နားလည်ဖို့ လိုအပ်တဲ့ မရှိမ ဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
Card to owner မြန်မာ့သိပ္ပံ
By Ryoji
My telegram channel
https://t.me/aboutherbymadara
Keep Reading