Han Thar
အချစ် (love)... ။ အချစ်ဆိုတာ ဘာလဲ (What is love?) ။ အချစ်ဆိုတာ ကိုင်တယ်၍မရသော
ခံစားချက်( emotion ) ဖြစ်ပါတယ်။
ဆယ်ကျော်သက် လူငယ်တွေ အချစ်ထိတွေမိရင် တချိုက အသဲတွေဘာတွေ ကွဲလို့ဗျာ ..။
ကျနော်စဉ်းစားတယ် အချစ်က တော်တော်စွမ်းအားကြီးတာပဲလို့...။ တချို့လူငယ်တွေကျတော့ အချစ်ကို ထပ် မချစ်ရဲကြတော့ဘူးတဲ့ဗျာ..။ အချစ်ဆိုတာကြီးက လူငယ်တော်တော်များများကို ပြောင်းလဲ ပေးနိုင်တာပဲ လို့ ကျနော် တွေးမိတယ် ။ အသဲကွဲပီးနောက် ရည်စား မရှိတဲ့ သူ တော်တော်များများ ပြောတာ လူကြီးမင်းတို့ ကြားဖူးကြမှာပါ... အပူတွေ မရှာချင်တော့လို့တဲ့ဗျာ...
ဆယ်ကျော်သက် အရွယ်လူငယ်တိုင်းလိုလို ရည်းစားတော့ ထားကျမှာပါ ။ ကျနော်ပြောချင်တာက လူငယ်တိုင်းမှာ လွက်လပ်စွာ ချစ်ကြိုက်ခွင့်ရှိပါတယ် ..အချစ်တခုထဲနဲ့တော့ ထမင်းမစားရဘူးနော် ၊။
အချစ်ဆိုတာ လူငယ်တိုင်း ချစ်လို့ရပါတယ် ၊ ဒါပေမဲ့ အချစ်ထက် အရေးကြီးတာတွေရှိသေးတယ်နော် ။
ကျနော်ဖတ်ဖူးတဲ့ ဆရာသိုးဆောင်းရဲ့ အကြင်သူသည် ဝတ္ထု မှာ အချစ်ကြောင့် ဘဝပျက်သွားတဲ့ သဌေးသားလေးနန်းနွယ်မှာဆိုရင် အချစ်ကြီးလွန်းတယ် ။
သူသဘောကျတဲ့ မိန်းခလေးက သူချစ်ရတဲ့သူအတွက် ပြည့်တန်ဆာလုပ်ပီး ပိုက်ဆံရှာတယ်. ရုပ်ရည်အင်မတန်ချောမောလှလွန်းသူမလို့ လူအများက ချစ်ခင်သက်ဝင်ကြတယ် ။ ချစ်ကြိုက်တဲ့ သူတွေထဲမှာ သဌေးသားလေး နန်းနွယ် ဟာလဲ မေတ္တာသက်ဝင်ခဲ့တယ်။ ပြည့်တန်ဆာ မိန်းမလေးကို ချစ်ကြိုက်တဲ့ သဌေးသားလေး နန်းနွယ်က သူသဘောကျတဲ့ မိန်းခလေးမလို့ တခြားသူတွေနဲ မအိပ်ရအောင်ပြည့်တန်ဆာမလေးရဲ့ ညတိုင်းဝယ်ထားပါတယ်။
သူသဘောကျရတဲ့ မိန်းခလေးမလို့ ကိုယ်တိုင်လဲ လိင်မဆက်ဆံပဲ သူများတွေလဲ မဆက်ဆံရအောင် ပိုက်ဆံအကုန်ကျခံပီး သုံးထားပါတယ်။နောက်တော့ ညတိုင်းပိုက်ဆံကုန်တော့ သူဌေးသားလေး နန်းနွယ်ဟာ ဘဝပျက်ခဲ့ရပါတယ်။ချစ်တဲ့ စိတ်ကြောင့် စည်းစိမ်တွေလဲ အကုန်လုံး ဆုံးပီး ဘဝပျက်ခဲ့ရတယ်။ ပြည့်တန်ဆာမလေးကတော့ နန်းနွယ်အပေါ် နဲနဲလေးမှ မေတ္တာမသက်ဝင်ခဲ့ပါဘူး။ သူသခင်ပေါ်မှာပဲ မေတ္တာရှိပါတယ်။
အဲဒါကြောင့် အချစ်ကို ကိုးကွယ်ရင် ဘဝပျက်တတ်ပါတယ်။
ကျနော်ပြောချင်တာက လူကြီးမင်းတို့ကို အချစ်နဲဝေးဝေး နေခိုင်းတာမဟုတ်ဘူးနော်..။
ဆေးဖြစ်ဝါးဖြစ်ပဲ ချစ်ပါ။ ခွေးဖြစ်နွားဖြစ်တော့ မချစ်ပါနဲ့။ သူဌေးသား နန်းနွယ်လို့တော့ အချစ်မကြီးပါနဲ့..။
အားလုံးကိုလေးစားလျက်ပါ။
Han Thar (20.9.2024)
Keep Reading