Lunar
အချိန်ဆွဲခြင်းဟာ ယနေ့ခေတ် လူငယ်အများအပြားကြုံတွေ့နေရသော အရာဖြစ်သည်။အချိန်ဆွဲခြင်းကြောင့် အလုပ်တွေမပြီးတာ၊အလုပ်ကြွေးတွေတင်တာ၊ကျောင်းသားတွေအနေနဲ့ကတော့ အိမ်စာတွေပိတာ စသည့်ဖြင့်အကျိုးဆက်တွေခံစားရပါသည်။သို့ဖြင့်လည်း ကျွန်မအပါအဝင် လူငယ်အများစုသည် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲ အချိန်ဆွဲနေသည့်အပေါ် ကိုယ့်ကိုယ်ကို အပြစ်တင်တာတွေ တွေ့လာရပါသည်။ငါအချိန်ဆွဲနေလို့ မပြီးလိုက်တာ စသည့်ဖြင့်နောင်တတွေရ၊ကိုယ့်ကိုယ်ကို အပြစ်တင်နေရင်း စိတ်ဖိစီးနေတတ်ပါသည်။တစ်ကယ်တော့ အချိန်ဆွဲခြင်းဆိုသည်မှာ လုပ်ရမည့်အလုပ်ကို ရှောင်ဖယ်ခြင်းပင်ဖြစ်သည်။သက်သောင့်သက်သာ နေချင်ပြီး အားသုံး၊ဉာဏ်သုံးရမည့်အလုပ်ကို ကြောက်ရွံ့သည်လည်းပါသည်။ဆိုရှယ်မီဒီယာသုံးနေရင်း အိမ်စာရေးရမှာကို သတိပြုမိပေမယ့် မရေးဘဲ ဖုန်းကိုဆက်သုံးနေခြင်းကဲ့သို့ပင် ဖြစ်သည်။ဖုန်းသုံးရသည်ကား သက်သောင့်သက်သာဖြစ်ပေမယ့် စာရေးရသည်မှာတော့ မတူပါ။ထိုကဲ့သို့ လုပ်ရမည်ကို မလုပ်ဘဲ အချိန်ဆွဲနေပြီး နောက်မှစိတ်ဓာတ်ကျပြီး ဖိအားများသလို အလုပ်တွေပိလာသောအခါ ကိုယ့်ကိုယ်ကို အပြစ်တင်နေတတ်သည်။
🕯အချိန်ဆွဲခြင်းကို ဘယ်လိုရပ်တန့်မလဲ။
ပထမဦးစွာ သင်ဘာလုပ်ပြီးအချိန်ဆွဲနေတာလဲသိရန် ယင်းအချိန်ဆွဲအပြုအမူတွေကို စာရွက်တစ်ရွက်ပေါ်ရေးချပါ။ဖုန်းသုံးနေပြီးအချိန်ဆွဲနေတာလား၊အိပ်ပြီး မနက်ဖြန်မှလုပ်မယ်လို့ပြောပြီး အချိန်ဆွဲနေတာလား ကိုစာရင်းပြုစုပါ။
နောက်တစ်ခုကတော့ နေ့စဥ်မှတ်တမ်းရေးပါ။ နေ့စဥ်မှတ်တမ်းရေးခြင်းဖြင့် သင့်ကိုသင်ပိုမိုနားလည်နိုင်သည်။ဒီနေ့ ငါဘာလုပ်ခဲ့လဲ၊ငါရဲ့ဘယ်လုပ်ရပ်က လူတွေကိုအကျိုးပြုစေခဲ့လဲ၊ငါရဲ့ဘယ်အကျင့်က ငါ့ဘဝရဲ့တက်လမ်းကို ပိတ်ပင်နေတာလဲ စသည့်ဖြင့်သင့်ကိုသင် မေးခွန်းထုတ်လာနိုင်မှာပဲ ဖြစ်ပါသည်။
နောက်တစ်ချက်ကတော့ကတော့ သင်ဖြစ်ချင်တဲ့ပုံစံကို မှန်းကြည့်ပါ။သင်က အင်ဂျင်နီယာဖြစ်ချင်သည် ဆိုပါစို့ အကယ်၍ ငါကအောင်မြင်သောအင်ဂျင်နီယာဖြစ်နေရင် ငါကဒီအကျိုးအရှိတဲ့ လုပ်ရပ်ကို လုပ်နေမှာလား။သင်က သူဌေးဖြစ်ချင်ရင်လည်း အောင်မြင်ချမ်းသာနေတဲ့ငါက ဘာလို့ အချိန်ဆွဲနေမှာလဲ စသည့်ဖြင့်စဥ်းစားတတ်လာမည် ဖြစ်သည်။
သင်လေးစားအားကျရတဲ့သူတွေနှင့် ပေါင်းပါ။အပေါင်းအသင်းကလည်း အရေးကြီးပါသည်။သင်က ဒရာမာကွင်းတွေနှင့် ပေါင်းနေရင် သင်ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။သင်လေးစားအားကျရပြီး သင့်ကိုကူညီထောက်ပံ့ပြီးအကူအညီပေးတတ်သည့် လူတွေကိုပေါင်းပါ။အကူအညီအထောက်အပံ့ဆိုသည်မှာ ငွေကိုပြောတာမဟုတ်ပါဘူး။သင့်ကို စိတ်ခွန်းအားပေးတာ၊အကြံဉာဏ်တွေပေးတာ၊နည်းလမ်းကောင်းတွေပေးတာကို ဆိုလိုတာပါ။သူ့ကိုကြည့်ပြီးသင်က ကြိုးစားချင်စိတ်တွေ ဖြစ်နေသည့်သူငယ်ချင်းအပေါင်းအသင်းမျိုးပါ။
routine တွေလုပ်ပါ။ညကတည်းက 'မနက်ကြငါဘာလုပ်မှာလဲ၊ဘယ်အချိန်နားမှာလဲ၊ဘယ်အချိန်မှာ ဘာတွေလုပ်မှာလဲ'စသည်ဖြင့် စာရင်းပြုစုထားပါ။'ဆိုရှယ်မီဒီယာအတွက် ငါအချိန်ဘယ်လောက်သုံးမလဲ၊ဘယ်နှစ်နာရီလောက်ငါ စာလုပ်မလဲ' စသည့်ဖြင့်ပေါ့။
သင်လုပ်ရမည့် အလုပ်ကို လုပ်ပါ။နေ့ရွေ့ညရွေ့လုပ်မနေပါနဲ့။ပြီးပြည့်စုံတဲ့ အချိန်ဆိုတာမရှိပါဘူး။သင်လုပ်ရမယ်လို့ သိတဲ့အချိန်ကပြီးပြည့်စုံတဲ့အချိန်ပါပဲ။ငါဒိစာကိုလုပ်ဖို့ အချိန်တစ်နာရီရတယ်။တစ်နာရီအတွင်းငါလုပ်ပြီးမှာ မဟုတ်ဘူး။ နောက်နေ့မှ လုပ်မယ်ဆိုပြီး မလုပ်ပါနဲ့။ကျွန်မတို့ကဒီလိုပါပဲ။ပြီးပြည့်စုံအောင်လုပ်ချင်ကြတယ်။မလုပ်ရင်မလုပ်ဘူး လုပ်ရင်ပြီးတဲ့အထိလုပ်မယ် ဆိုတဲ့ဟာမျိုး မလုပ်ပါနဲ့။တစ်နာရီအတွင်းတော့ တစ်ဝက်လောက်ပြီးတယ် ရေးလိုက်မယ်၊ကျန်တဲ့ဟာကိုတော့ မနက်ဖြန်အချိန်ရတော့မှ ပြီးအောင်ရေးတော့မယ်။ဘာပဲဖြစ်ဖြစ် ရေးလိုက်ရင် တစ်ဝက်ပြီးတာပဲ ဆိုတဲ့စိတ်မျိုးကိုမွေးပါ။
သင့်ရဲ့သူငယ်ချင်းမိတ်ဆွေကိုပြောပါ ငါဒါကို တစ်ပတ်အတွင်းလုပ်မယ် ငါကတိပေးတယ် စသည့်ဖြင့်သင့်သူငယ်ချင်းကို သင်ကတိပေးထားခြင်းဖြင့် သင်ကဒါကိုမဖောက်ဖျက်မိအောင် ကြိုးစားနိုင်မှာပဲ ဖြစ်တယ်။ဤနည်းဖြင့်လည်း အချိန်မဆွဲဘဲ သင့်အလုပ်ကို ပြီးမြောက်စေပါတယ်။
သင်ရဲ့အတိတ်က အောင်မြင်တွေကို ပြန်လည်အမှတ်ရခြင်းကလည်း သင့်ကိုသင် စနစ်တကျရှိစေတယ်လို့ ပညာကှင်တွေက ဆိုပါတယ်။ငါအဲ့တုန်းက အချိန်မဆွဲဘဲ တစ်စိုက်မတ်မတ်ကြိုးစားခဲ့လို့ အဲ့လိုအောင်မြင်ခဲ့တာ။ငါအခုကြိုးစားရင် အဲ့လိုအောင်မြင်မှုမျိုး ပြန်ရနိုင်ပါတယ် စသည့်ဖြင့် အတိတိကအောင်မြင်မှုကို ပြန်လည်ကြည့်ခြင်းဖြင့် သင့်အတွက်အကျိုးဖြစ်စေမှာပါ။
အလုပ်တွေကို အပိုင်းခွဲပြီးလုပ်ခြင်းကလည်း သင့်ကို အထောက်အကူဖြစ်စေပါတယ်။ကြီးမားတဲ့အလုပ်တွေက လူကိုအချိန်ဆွဲခြင်းဖြစ်စေသောကြောင့် ၎င်းတို့ကို ကြောက်လန့်မှုကင်းစေရန် အဆင့်တွေ၊အပိုင်းတွေ သတ်မှတ်ပြီး စီမံဆောင်ရွက်နိုင်ပါသည်။
တိကျေသာရေတိုပန်းတိုင်တွေချမှတ်ပါ။ပန်းတိုင်ရှည်တွေဟာ သင့်ကို အကူအညီမဖြစ်စေပါဘူး။ထို့ကြောင့်မို့ရေတိုပန်းတိုင်ကို ချမှတ်ပါ။ဒီပိတ်ရက်နှစ်ရက် အတွင်းငါဒီပရောဂျက်ကိုပြီးရမယ် စသည့်ဖြင့်ပေါ့။
ရှောင်လွှဲလို့မရတဲ့ အလုပ်မျိုးကိုလုပ်ပါ။ကျွန်မတို့တွေဟာ ကိုယ့်ကိုယ်ကို ဘယ်လောက်စည်းကမ်းပေးပေး၊ဘယ်လောက် Deadline ပေးပေး မလိုက်နာပါဘူး၊မလုပ်ပါဘူး။ထို့ကြောင့်မို့ self-study ကမထိရောက်ပါ။ထို့ကြောင်မို့ သင်တန်းတွေjoin ပါ။free class တွေရှာပြီးjoinကြည့်ပါ။ပိုက်ဆံပေးရတဲ့ class တွေကိုjoinပါ။classတွေ တက်ရတဲ့အခါ အိမ်စာတွေ မဖြစ်မနေလုပ်ရမယ်ဘစာမေးပွဲဖြေရမယ် စသည့်အချက်တွေကြောင့် သင်စာလိုက်လုပ်ဖြစ်မှာပဲဖြစ်ပါတယ်။
Emma Watson ကပြောတယ်။'ငါမဟုတ်ရင် ဘယ်သူလဲ၊အခုမလုပ်ရင် ဘယ်အချိန်လဲ' တဲ့ ဟုတ်ပါတယ်။ပြီးပြည့်စုံတဲ့အချိန်က အခုပါပဲ။အလုပ်တစ်ကို သင်လုပ်ရမယ်ဆိုတာ သိတာနဲ့ လုပ်လိုက်ပါ။အဲ့အချိန်က ပြီးပြည့်စုံနေတဲ့ အချိန်ပဲ။
သင့်မှာ အချိန်ဆွဲတဲ့အကျင့် ရှိနေလို့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။အချိန်ဆွဲခဲ့လို့ နှောင်နှေးခဲ့တာအတွက်လည်း အပြစ်မတင်ပါနဲ့။သင့်ကိုယ်သင် ယုံကြည်ပြီး ကောင်းမွန်တဲ့အကျင့်ကိုပြန်တည်ဆောက်နိုင်ပါတယ်။လုပ်ရမည့်အလုပ်အကြွေးတွေကို လုပ်လိုက်ပါ။ပြီတော့ သင့်ကိုသင်ပဲ ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ပြန်ရောက်အောင် ကိုယ့်ကိုယ်ကို ကူညီပါ။
#ချစ်ခြင်းမေတ္တာဖြင့်
Keep Reading