Kyaw Thu
“သားပေါက်ရာအရပ်ဆီxxxမိုင်ထောင်ချီပျံလေပြီxxကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်xxx”
ဖတ်ရင်း ‘ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်တစ်စက်’စာအုပ်ထဲ နာဂသိန်းလှိုင်ကို အရင်ပြေးသတိရမိတာပဲ။ကိုယ်ကျိုးမကြည့်ဘဲ သူတစ်ပါး အဆင်ပြေချောမွေ့ရေးမှာလုံးလုံးလျားလျား ဘဝကိုအပ်နှံထားခဲ့ကြသော မှတ်တမ်းတင်မခံရတဲ့ လူမသိ သူမသိ မေတ္တာရှင်တွေ သူရဲကောင်းတွေ ဘယ်လောက်တောင်များခဲ့ပြီလဲ။
ဆေးကျောင်းသားသုံးယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး။ ပြည်လမ်း လိပ်ခုံးဆေး-(၁)မှာ အရင်းတည်ခဲ့တဲ့ သူတို့ရဲ့ သံယောဇဉ်တွေ။ အရွယ်ရလာတာနဲ့အမျှ အရောင်တွေအမျိုးမျိုးပြောင်းလဲသွားကြတယ်။
တချို့သက်လုံမကောင်းတဲ့ကြိုးကြာတွေက လမ်းခုလတ်မှာ ကျကျန်ခဲ့ကြသလို တချို့ကတော့ ပန်းတိုင်ရှိရာအရပ်ကို ရောက်အောင်ပျံနိုင်ခဲ့ကြတယ်။
သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးမှာ ဘယ်သူဘယ်ဝါ ရှုံးသင့်တယ်လို့မရှိပါဘူး။တရားသော အချစ် မျိုးကိုမှ ကိုယ့်နည်းကိုယ့်ဟန် ခူးဆွတ်ချင်ကြသူချည်းမဟုတ်ပါလား။ ဒေါက်တာလတ်ငြိမ်းသည်လည်း တရားသော အချစ်ကိုဆင်နွှဲနေသူထဲကတစ်ဦးသာ ဖြစ်သည်။ မရိုးသားသူ မတော်လောဘရှိသူတို့အဖို့ ဒီပွဲက မတရား…
အကြိုက်ဆုံးအပိုင်းပြောရရင် ဒေါက်တာလတ်ငြိမ်းရဲ့ ကိုလတ် ဘဝကိုပါပဲ။ လူပီသတယ်။ စံနမူနာထားရမယ့် typeထက် လူသားတစ်ဦးအနေနဲ့ လုပ်ရမှာ လုပ်ချင်တာ လုပ်သင့်တာကိုလုပ်သွားတယ်။ နောက်ပိုင်းမှာတော့ တန်ဖိုးရှိတဲ့လူ့အသက်ပေါင်းများစွာကိုကယ်ရမယ့်ဝန်ကို ထမ်းထားရတဲ့ဆရာဝန် တစ်ယောက်ဖြစ်တာမလို့ အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရားပိုင်းတွေကို အတုယူဖို့လမ်းညွှန်တဲ့သဘောရှိတယ်။လမ်းမှားကိုမလိုက်ဘဲ လောင်စာကို နေရာမှန်အသုံးချသွားနိုင်တာကတော့ အတုယူစရာကောင်းတဲ့အချက်ပါ။
ဇာတ်လမ်းကplot twistများတာမလို့ ဖတ်ရတာ‘ဟင်’ခနဲဖြစ်သွားလိုက် သက်
ပြင်းခိုးချလိုက်နဲ့ပေါ့။ ‘ကြိုးကြာတောင်ပံခတ်သံ’ကို ဖတ်ပြီးသူ ကြည့်ပြီးသူများလောက်မယ်ထင်ပါတယ်။ဒီreviewကတော့ မိလှိုင်၊မေရီ၊ဒေါက်တာလတ်ငြိမ်း(ကိုလတ်)၊သိန်းမိုးတို့နှင့် မရင်းနှီးသေးတဲ့သူများအတွက်ကို ရည်ရွယ်ပါတယ်။
Rating-⭐️⭐️⭐️
#bookreview #ကြိုးကြာတောင်ပံခတ်သံ
#လင်္ကာရည်ကျော်
#လမင်းကိုထရံပေါက်မှကြည့်ခြင်း
Keep Reading