Kyaw Zin
" ကဗျာလို လို ၊ စာလိုလို ကောင်တွေက ခံစားလွယ်ကြတယ်၊ ပြီး ဖျင်လည်း ကျယ်ကြတယ် ..." တဲ့
ဘယ်စာအုပ်ထဲလဲတော့ ကျုပ်ပြောတာပါ😅...
လောကမှာ မသိတာ မရှိဆိုတဲ့ မာနလေး တစ်သသနဲ့..
( စာအုပ်ကြီး သမားလို့ နာမည် တပ်ရမယ့် ခြေနေ.. )
ဆုံးမရင် စကားလုံးကြီးတွေကိုင်ပြတတ်သလို...မမှီတဲ့ ပွဲလည်း သူတို့ မရှိတတ်ပေ..
( ဒါတော့ next level သမားတွေပါ..)
တကယ် လုပ်တတ်တာ ချပြဆိုတော့ ရှာရ၊ဖွေရ အတော်ခက်သွားတယ်...
လက်တွေ့ ဘဝမှာက
အသုံးကျ မှု့က သိပ်အရေးကြီးပါတယ်...
ဘယ်နေရာမှ သုံးမရရင်၊ အသုံးမကျသေးရင် အဲ့လူဟာ လူပိုပါပဲ..( မိသားစုမှာ ၊ ပါတ်ဝန်းကျင်မှာ၊ စနစ်တစ်ခု အပြောင်းအလဲမှာ..)
ဘာကြီးပဲ တတ်တတ် ၊ဘာဘွဲ့ပဲ ရရ၊ ဘာစကားပဲ ပြောပြော လူပို ကြီး ပဲ...
( စာတွေ့ ဆိုတာ လက်တွေ့ သုံးနိုင်မှ...ကိုယ့်ထဲ ပြည့်မှ ပြန်မျှ ဝေတာ တစ်ပိုင်း ..)
အနည်းဆုံး ကိုယ့်ကိုယ်ကိုယ်မှ ကိုယ့် အတွက်၊ ကိုယ်စိတ်အတွက် ၊ ခန္ဓာ အတွက်..
အသုံးမချတတ်ရင် အမြဲ လူပိုကြီး ဖြစ်နေအုံးမှာပါ..
ကျုပ်လည်း အဲ့ထဲက တစ်ကောင်ထင်တယ် 💬..
( ပေါ့ပေါ့ပါးပါး မျှဝေတာပါဗျ.)
Keep Reading