Clover
🌟ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးမှ ကြီးမှူးကာ ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
🌟ဆရာ၊ဆရာများဟာ လက်ဦးဆရာမိဘပြီးရင် ဒုတိယပါပဲ။မပြစ်ပယ်၊မပြစ်မှားသင့်တဲ့ သူတွေပဲဖြစ်ပါတယ်။
🌟လူတိုင်းမှု သင်ဆရာ၊မြင်ဆရာ၊ကြားဆရာတွေရှိကြပြီး ထိုကျေးဇူးရှင်တိုင်း က ကျွန်တော်တို့ ဘဝအတွက် လမ်းပြကြယ်တွေပဲဖြစ်ပါတယ်။
🌟ငယ်စဉ် ကျောင်းတက်ချိန်ကစလို့ လုပ်ငန်းဝင်ချိန်အထိ ဆရာ၊ဆရာမများဟာ ကျွန်တော်တို့ကို လမ်းမှန်ကိုပြပေးပြီး လမ်းမှားမရောက်အောင် အမြဲသွန်သင်ဆုံးမပေးကြပါတယ်။
🌟"ပူဇာစ ပူဇ နေယျာနံ" ပူဇော်ထိုက်သောသူကို ပူဇော်ရတဲ့ အထဲမှာ ဘုရား၊တရား၊သံဃာ ၊မိဘပြီးရင် ဆရာဟာလည်းပါဝင်ပါတယ်။
🌟ထို့ကြောင့်ကျွန်တော်တို့သည် ကျွန်တော်တို့ကို အမြဲလမ်းမှန်ကိုရောက်အောင် သွန်သင်ဆုံးမပေးတဲ့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်လဲတဖြစ် ဆရာ၊ဆရာမများအား အမြဲနှလုံးသားထဲမှာ မှတ်တမ်းတင်ထားပြီး အမြဲချစ်ခင်လေးစားနေလျက်ပါ။
✨စာဖတ်သူတို့အားလေးစားလျက်🍀Clover🍀✨
#sarphet
#Clover
Keep Reading