Purple
တစ်ခါတစ်လေမှာ စိတ်တွေအရမ်းမွန်းကျပ်ပြီး
ဘာဆို ဘာကိုမှ မလုပ်ချင်တာမျိုးကြုံဖူးသလား။
ဘာကိုမှလည်း မတွေးချင်ဘူး။
ဘာကိုမှလည်း မပြောချင်ဘူး။
ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး။
ဒီအတိုင်း တစ်ယောက်တည်းအေးဆေးနေလို့ရမယ့်
တိတ်ဆိတ် ငြိမ်သက်တဲ့နေရာတစ်ခုကိုသာ
မက်မက်မောမောလိုချင်တာလေ။
ရင်လည်း မဖွင့်ချင်သလို
ဘယ်သူ့အပူကိုမှလည်း နှစ်သိမ့်မှု မပေးချင်ပြန်ဘူး။
စာအုပ် တစ်အုပ်ရယ်၊
ကော်ဖီတစ်ခွက်ရယ်၊
ဆိတ်ငြိမ်တဲ့ ဝန်းကျင်တစ်ခုရယ်
လိုအပ်တဲ့အချိန် တကယ်ရှိတယ်ဆိုရင်တော့
တကယ် အခုအချိန်ပါပဲ။
ဘာမှ အထွေအထူးမလုပ်ရပါဘဲ
ခြေကုန်လက်ပန်းကျ အားအင် ကုန်ခမ်းမှုအတွက်
ကိုယ်တော့ လူတွေနဲ့ ဝေးရာ အရပ်မှာ
တဒင်္ဂနေရင်းကုစားမှ ဖြစ်တော့မယ်။
ခရမ်းရောင်
Keep Reading