ရေတမာ မွန်
"ထာဝရ Founder ဆိုတာ ဘယ်သူလဲ"
ရှားပါးရင် စျေးကြီးတယ်။
ရှားပါးသော သဘောထားကြီးမြတ်မှု့ဟာ
စျေးပေါသောမနာလိုဝန်တိုမှုကြားမှာ စျေးကြီး၏။
စျေးကြီးသော သင့်ရဲ့ထုတ်ကုန်တမျိုးဟာ
သဘောထားကြီးသော
သိက္ခာရှိသော အရာဖြစ်ပါတယ်။
ပေါများသော မနာလိုဝန်တိုမှုတွေကြားမှာ
သဘောထားပြည့်ဝသော
အကောင်းမြင်တဲ့စိတ်နဲ့ရှင်သန်ရမှာပါ။
တန်ဘိုးမဖြတ်နိုင်သော ကုန်ထုတ်အရင်းအနှီးကိုသာလျင်
ထူးချွန်သောအောင်မြင်သူ Founderတို့က ရင်းနှီးကြ၏။
ပစ္စုပ္ပန်အချိန်၌
ထိုတန်ဘိုးရှိသော သဘောထားကြီးမြတ်မှုကို
ကောင်းစွာအသုံးချတတ်နေသူဟာ
ထာဝရ Founder ဖြစ်၏။
ထူးချွန်သောအောင်မြင်သူဖြစ်၏။
ရေတမာ(မွန်)
Keep Reading