မောင်တုတ်
စာကျက်ပျင်းတဲ့ ငါ
မင်းနာမည်လေးတော့ အမြဲကျက်မှတ်နေရဲ့၊
စာဖတ်ပျင်းတဲ့ ငါ
မင်းရဲ့ မျက်နှာလေးကို အရိပ်တကြည့်ကြည့်နေနေရတယ်၊
မယုံတတ်တဲ့ ငါ
မင်းနဲ့တွေ့မှ စုံလုံးကန်းနေပြီ။
မင်းရဲ့နှုတ်ခမ်းပါးပါးလေးမှ
စွဲဆောင်မှုရှိတဲ့ ညင်သာတဲ့အပြုံးလေးကြောင့်
ငါတောင်မှ တော်တော်လေးပြောင်းလဲခဲ့ပြီပဲ။
မောင်တုတ်#
Keep Reading