မောင်တုတ်
ငါဟာ အရာရာဆုံးရှုံးခဲ့ပြီးပြီ။
အမေ့ကို လည်း စွန့်ခွာခဲ့ပြီးပြီ၊
အိမ်ကိုလည်းကျောခိုင်းခဲ့ပြီ၊
ချစ်ရတဲ့အမျိုးသမီးလေးကိုလည်း လက်လွတ်ခဲ့ပြီးပြီ။
ငါ့မှာဘာတွေများဆုံးရှုံးစရာကျန်သေးလဲ။
ငါ့ရဲ့ဆုံးရှုံးမှုဟာ အလဟသ
အဓိပ္ပါယ်မဲ့နေခြင်း မဟုတ်တဲ့အတွက်
ငါကျေနပ်၏။
-----------------------------------------
မောင်တုတ်#
၅.၁၀.၂၀၂၄
Keep Reading