SarPhat Author
🌻ကိုယ့်ကိုယ်ကိုယ် ခွင့်လွတ်ဖူးလာ၊ ကိုယ့်ကိုယ်ကိုယ် ခွင့်လွတ်ဖို့ကော လိုတယ်လို့ထင်လာဆိုပြီး ၂၀၂၂ နှစ်ကုန်ပိုင်းလောက်ကတည်းက ကျွန်မရဲ့ အသိမိတ်ဆွေတွေ၊ ကျွန်မနဲ့ ဆက်စပ်ပြီး စကားပြောနေတဲ့သူ အချို့ကို ကျွန်မ မေးခဲ့ဖူးပါတယ်။
🌻သူတို့တွေဖြေကြတာက တစ်ယောက်တစ်မျိုးစီပေါ့၊ အချို့က မလိုပါဘူး ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွတ်ရမှာလဲ၊ ဘာအတွက် ခွင့်လွတ်ရမှာလဲ၊ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ်တောင်းပန်ရမှာလည်း အပြစ်လုပ်ထားတာမှမဟုတ်တာ၊ ကိုယ့်အတွက်ကိုယ် အကောင်းဆုံးလုပ်နေတာပဲ၊ ဘယ်လိုခွင့်လွတ် ရမှာလဲ၊ မလိုပါဘူး၊ ခွင့်လွတ်စရာလည်းမရှိဘူး ဆိုတဲ့သူတွေရှိသလို…
🌻ကိုယ့်ကိုယ်ကိုယ် တောင်းပန်ပြီး ခွင့်လွတ်လိုက်တာတော့ မဟုတ်ပေမဲ့ နင်ဒီနေ့လုပ်ရမဲ့အလုပ်တွေကို မလုပ်နိုင်ဘူးဆိုရင် ရတယ်ကိစ္စမရှိဘူး မနက်ဖြန်မှာ အကောင်းဆုံးကြိုးစားပါ ဆိုပြီး မိမိကိုယ်ကိုယ် အားပေးတာတော့ရှိတယ်လို့ အချို့က ပြောပြီး၊အချို့က ခဏအချိန်ယူပြီး မိမိကိုယ်ကိုယ် ခွင့်လွတ်ပေးသင့်တယ် ဆိုတဲ့သူတွေလည်း ရှိနေတာ သတိထားမိတယ်။
🌻ဒီမေးခွန်ကိုယ် အခြားသူတွေကို မေးတဲ့ အတိုင်းကျွန်မကို ကျွန်မလည်း မေးနေခဲ့ပြီး တွေးနေမိခဲ့တယ်။ ဆိုတော့ ဒီစာဖတ်မိတဲ့သူကော မိမိကိုယ်ကိုယ် ခွင့်လွတ်ဖို့လို့လာ၊ တောင်းပန်ဖို့ကောလိုတယ်လို့ ထင်မိသလာ မိမိကိုယ်ကိုယ် မေးကြည့်လို့ ………………………………………………………..……..…………………………………………………………….…… ဖြေကြည့်လို့ရပါတယ်။
Clay_ခလေး
6/10/2024 🌻🖤
Keep Reading