NWAY OO MAUNG
လူတွေဟာ ဘဝမှာလောကဓံတရား၈ပါးနှင့် အမြဲတွေ့နေရတယ်၊ လောကဓံတရားကိုရင်မဆိုင်ရတဲ့သူဆိုတာမရှိဘူး အနည်းနှင့်အများတော့ရှိကြတာပဲ၊ပုံမန်အားဖြင့်လောကဓံတရား၈ခုထဲမှာ အဆိုး၄ခုကိုပဲ အခက်ခဲလို့ လူအများစုကထင်နေကြတယ်၊ အကောင်း၄ခုတော့ အခက်ခဲလို့ ထင်လေ့မရှိကြဘူး။
1. ဆင်းရဲခြင်း
2. ချမ်းသာခြင်း
3. ချီးမွမ်းခြင်း
4. ကဲ့ရဲ့ခြင်း
5. လာဘ်ရှိခြင်း
6. လာဘ်မရှိခြင်း
7. အခြွေရံရှိခြင်း
8. အခြွေရံမရှိခြင်း
8ခုထဲက ဆင်းရဲခြင်း, ကဲ့ရဲ့ခြင်း,
လာဘ်မရှိခြင်း, အခြွေရံမရှိခြင်း,အဆိုးလောကဓံ 4ခုကိုပဲ အခက်ခဲလို့ထင်ကြတယ်။ကျန်သော4ခုကို အခက်ခဲလို့အမှတ်တမဲ့မထင်တတ်ကြဘူး။ကိုယ့်ပတ်ဝန်းကျင်ကို လေ့လာကြည့်ရင် ပုံမန်အခြေနေကနေ ကြီးပွါးချမ်းသာလာတာပဲဖြစ်ဖြစ်၊ နာမည်ကြီးသွားတာပဲဖြစ်ဖြစ်၊အကောင်းလောကဓံကိုကြုံတွေ့တဲ့အခါ ၊ဘဝင်မြင့်တာတွေ နထင်သွေးရောက်သွားတဲ့ အပြုအမူပုံစံတွေဟာ လောကဓံကိုခံနိုင်ရည်မရှိတဲ့သဘောပါ။ ထင်ရှားတာကတော့ သာမန်ဘဝကနေ နေ့ခြင်းညချင်း နိုင်ငံကျော်အောင်မြင်သွားပြီး ၁နှစ်၂နှစ်အတွင်းပျက်စီးသွားသောအနုပညာရှင်တွေပေါ့။ နောက်တနည်းကိုယ်ပတ်ဝန်းကျင်ကိုလေ့လာကြည့်ရင် မိဘလက်ထက်က ချမ်းချမ်းသာသာနှင့်နေခဲ့ပြီး၊ မိဘတွေမရှိတဲ့နောက်ဆင်းရဲ့သွားလို့ အကျင့်စာရိတ္တပျက်စီးသွားတာတွေကတော့ အဆိုးလောကဓံကိုမခံနိုင်တဲ့သဘောပေါ့၊
'လောကဓံကိုဘယ်လိုရင်ဆိုင်မလဲ'
မွေးဖွါးသည်မှ သေဆုံးသည်တိုင်အောင်လူတစ်ယောက်ဟာ လောကဓမ္မခေါ်သော လောကဓံတရားတွေကို ပုံစံမျိုးစုံနှင့်မဖြစ်မနေရင်ဆိုင်ရမှာပဲ။
လူတိုင်းဟာ လောကဓံကိုရင်ဆိုင်ရတာချင်းတူတယ်၊ ဖြတ်ကျော်တဲ့ပုံစံပေါ်မူတည်ပြီး တစ်ယောက်နှင့်တစ်ယောက်ကွာခြားသွားတယ်။
လောကဓံကိုရင်ဆိုင်နိုင်ဖို့
နံပါတ်-၁ စာဖတ်ပါ
စာဖတ်ခြင်းဖြင့် လူ့သမိုင်းတစ်ခုလုံးက လူသားတွေ လောကဓံအမျိုးမျိုးကို ဖြတ်ကျော်ခဲ့တဲ့ပုံစံတွေကိုလေ့လာနိုင်မယ်၊ ကိုယ်တိုင်ရင်ဆိုင်တွေ့လာတဲ့အခါ သင်ခန်းစာယူပြီးဖြတ်ကျော်နိုင်မယ်၊
နံပါတ်-၂ တရားစာပေလိုက်စားပါ
တရားစာပေးလိုက်စားခြင်းအားဖြင့် မြတ်စွာဘုရားဟောကြားသော တရားစာပေတွေ သိလာတဲ့အခါ၊ လောကမှာဘယ်အရာမှမမြဲခြင်း ၊လောက၏သဘာဝ သံသရာလည်ပုံ ၊ဤကားကုသိုလ် ဤကားအကုသိုလ်ဟုသိလာတဲ့အတွက်ကြောင့် လောကဓံကိုရင်ဆိုင်ရတဲ့ တရားသဘောဖြင့်ကျော်ဖြတ်နိုင်၏၊
နံပါတ်-၃ မိမိကိုယ်ကိုယ်ဆန်းစစ်ပါ
မိမိကဘယ်လိုလူလဲ ဘယ်လိုစိတ်ထားရှိလဲ၊
ဘယ်အရာတွေကိုကြိုက်ပြီး ဘယ်အရာတွေကိုမုန်းလဲ၊ ဘယ်လိုစရိုက်ရှိလဲကအစသိနေဖို့လိုပါတယ်။လူတစ်ယောက်က မိမိကိုယ်မိမိနားလည်နေမှသာ ကြုံတွေနေသောလောကဓံတွေကို လိုက်လျောညီထွေစွာ ဖြတ်ကျော်နိုင်မယ်။
နံပါတ်-၄ ပတ်ဝန်းကျင်ကိုလေ့လာပါ
ပတ်ဝန်းကျင်ကလူတွေ လောကဓံကိုဘယ်လိုကျော်ဖြတ်လဲ ၊ထိုလူတို့၏ အားနည်းချက်အားသာချက်တွေကိုမြင်မှ မိမိနှင့်ယှဉ်ထိုးပြီးအတုယူနိုင်မယ်။ လောကဓံနှင့်ကြုံတွေ့တဲ့အခါ စိတ်ဓာတ်ခိုင်မှာပြီးဉာဏ်အမြှော်အမြင်ရှိသူတို့သာ ကျော်ဖြတ်နိုင်လိမ့်မည်။
https://www.facebook.com/profile.php?id=61565679827833&mibextid=LQQJ4d
Keep Reading