Thoon Kari
မတည်မြဲတဲ့ လူ့လောကဇာတ်ခုံပေါ်မှာ
အဖြူရောင်တွေလည်း ခြယ်မှုန်းတယ်
အနက်ရောင်တွေကိုလည်း အသားပေးတယ်
အရောင်စုံကိုလည်း ခွင့်ပြုရင်း
ဒီပန်းချီကို တင့်တယ်စေပြန်တယ်
ကောင်းမှုတွေလည်း သင်းရနံ့ဖြာရပါတယ်
ပျော်ရွှင်မှုတွေလည်း အလည်လာပါတယ်
တောင်းတိုင်းပြည့်ရမဲ့ ဆုရယ်လို့
ဘယ်ဉပဒေမှ ပြဌာန်းထားပါသလဲ
ဒီတော့လည်း... နည်းနည်းယိုင်နဲ့သွားပြန်တယ်
စိတ်တွေ တဝုန်းဝုန်းနဲ့ ကြွေကျပြန်ရင်
ဝမ်းနည်းမှုတွေလည်း အလည်လာကြတယ်
ခါးသီးမှုတွေလည်း ပါဝါပြကြတယ်
ချစ်ခြင်းမေတ္တာကို သူဖန်းတီးတယ်
အမုန်းတွေလည်း သူပျိုးထောင်တယ်
အရာရာကို ချုပ်ချယ်နေတဲ့ ဒီစိတ်ရပ်ဝန်းထဲမှာ
လူသားတွေရဲ့ အသိဉာဏ်ကပဲ အနိုင်ရလေမလား
စိတ်ကပဲ အနိုင်ရလေမလား
အင်း... သေချာတာတစ်ခုကတော့
စိတ်တွေကြီးစိုးတဲ့ တိုင်းပြည်ထဲ
အသိဉာဏ်ပါမှ ကျုပ်တို့ဘဝကောင်းစားမယ်။ ။
ကျွန်မတို့ဘဝဆိုတာ အရောင်စုံတဲ့ ပန်းချီတစ်ချပ်လိုပါပဲရှင်။ ရသတွေအစုံအလင်ခံစားရတဲ့ လူ့ဘဝကြီးထဲ စိတ်ကိုအလိုမလိုက်ဘဲ အသိဉာဏ်လေးနဲ့ စဉ်းစားဆင်ခြင်မှ ကောင်းစားမှာပါ။ စာဖတ်သူလေးတွေလည်း စိတ်နဲ့ အသိဉာဏ်ကို မျှတစွာသုံးနိုင်ဖို့ ရည်ရွယ်ပြီး ဒီကဗျာလေးကို သီကုံးလိုက်ရပါတယ်ရှင်။
#thoonkari
#sarphat
ကျွန်မ ကဗျာတစ်လှည့် ဆောင်းပါးတစ်လှည့်ရေးပြီး တင်ပေးပါ့မယ်ရှင့်။ ကဗျာတွေက မြှုပ်ရေးထားတဲ့ အဓိပ္ပါယ်တွေ ပြန်ဖော်ရတာမလို့ စိတ်ဝင်စားစရာလည်း ကောင်း ပျော်ဖို့လည်း ကောင်းပြီး ကဗျာကပေးတဲ့ အသိတွေကိုလည်း ရရှိနိုင်ပါစေရှင်။
စာဖတ်သူလေးတွေ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေရှင်💖
စာဖတ်သူတစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီတိုင်းကို အစဉ်အမြဲ ကျေးဇူးတင်လျက်...
Keep Reading