မောင်တုတ်
ယနေ့ မိုးစက်တို့ဟာ
အဆက်မပြတ်ကျဆင်းနေတယ်။
မဟာမြိုင်တောမြတ်ရဲ့ အလှမာယာပေါ့။
ငါဟာ ဆေးပေါ့လိပ်ကို ကိုက်လျက်
တွေဝေလို့နေတယ်။
မကြာခင်မှာ အရေးတော်စတင်တော့မည်။
ဒီမိုကရေစီအစစ်အမှန်၏ ခြေလှမ်းအစဖြစ်သည်။
ထိုအရေးတော်မှ ငါဟာ
အသက်ရှင်လျက် ကျန်ရစ်မည်မထင်၊
အကယ်၍ ငါသေသွားခဲ့လျှင်
ငါ၏ ရုပ်ကို အုတ်ပိတ်သွင်း၍
ကောင်းမွန်စွာ သဂြိုလ်ပါ။
နာမ်သည်ကား ကျဆုံးသွားသော
ညီနောင်များအပေါ် တာဝန်မကျေပွန်မှုများကို
ပေးဆပ်ရန် ငရဲကြီးရှစ်ထပ်၌
ကျင်လည်မည်။
----------------------------
မောင်တုတ်#
၆.၁၀.၂၀၂၄
Keep Reading