Phyu Sin
ကြိုးစားနေတဲ့သူတိုင်းအတွက် အောင်မြင်မှုကို ခံစားရမှာဖြစ်သလို တစ်ခါတစ်ရံ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာကလည်း မလွဲမသွေပါပဲ။
မကြိုးစားတဲ့သူအတွက် အောင်မြင်မှုဆိုတာလည်းရှိမှာမဟုတ်သလို ရှုံးနိမ့်မှု ရဲ့အရသာကိုလည်းသိမှာမဟုတ်ပါဘူး။
ဒါပေမယ့်လေ ကျွန်မအပါအ၀င် လူတော်တော်များများက ကိုယ်ရရှိပိုင်ဆိုင် ဖူးတဲ့ အောင်မြင်မှုထက် ကျရှုံးခဲ့တာတွေကိုပဲ ပိုအမှတ်ရနေကြတယ်။ အဲ့တုန်းကငါမလုပ်နိုင်ခဲ့တာ ငါညံတာပဲ ဆိုပြီး ကိုယ့်ကိုကိုယ် ပြန် blame လာကြတာပေါ့။
result အနေနဲ့ ဆက်ကြိုးစားချင်စိတ်ေတွေပျာက်လာတယ် self confidence က တဖြည်းဖြည်းကျလာတယ်။ ဘာလုပ်လုပ် မပျော်ရွှင်ေတာ့ပဲ တစ်ခုခုအမြဲလိုအပ်နေသလိုခံစားလာရတယ်။ ဒါကလည်း ကျွန်မ ကိုယ့်ကိုကိုယ် reflect ပြန်လုပ်ပြီးတော့မှ ငါဘာလို့ ဒီလိုဖြစ်နေတာလဲ ဆိုပြီးအဖြေရှာကြည့်မှသိလာခဲ့တာ။
ဘာလို့ ဖြစ်တာလဲဆိုတော့ အပေါ်မှာကျွန်မပြောခဲ့သလို ကိုယ့်ရဲ့ မသိစိတ်က ကိုယ်ရှုံးနိမ့်ခဲ့ဖူးတဲ့ အချိန်ကိုပဲ မှတ်ထားပြီး နင်အသုံးမကျခဲ့တာ ဆိုပြီးပြောနေတာကို ကျွန်မသိလာခဲ့တယ်။
ဒီလိုသာဆက်သွားနေရင် အချိန်တစ်ခုယူပြီးတည်ဆောက်ခဲ့ရတဲ့ self confidence က တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားတော့မှာ ဒါမျိုးအဖြစ်မခံနိုင်တဲ့အတွက် ကျွနိမရဲ့ mind set ကို
ကျွနိမ ပြန်ပြင်တယ်။
ကိုယ် အောင်မြင်ခဲ့တဲ့အချိန်တွေ အနိုင်ရခဲ့တဲ့ပြိုင်ပွဲတွေ တောက်ပခဲ့တဲ့အချိန်တွေကိုပြန်တွေးတယ် ချရေးတယ် အဲ့အချိန်မှာ ဘာကိုသတိထားမိလဲ ဆိုောတ့ အဲ့ဒီ ကိုယ်ထပ်ခါတလဲလဲ တွေးနေခဲ့တဲ့ ရှုံးနိမ့်မှုက အရင်ကရရှိခဲ့တဲ့အောင်မြင်မှုတွေနဲ့ယှဉ်ကြည့်လိုက်တော့ ဘာမှမဟုတ်တဲ့အရာလေးပါလားဆိုပြီး အမြင်ကပြောင်းလဲသွားတာကိုတွေ့ရတယ်
မြတ်ဗုဒ္ဓပြောခဲ့သလိုပဲ အရာရာဟာ ဖြစ်လာရမဲ့အကြောင်းတရားတွေဆုံမှ အကျိုးတရား ဆိုတဲ့ result ကို ရတာဆိုသလိုပဲ ကိုယ်မအောင်မြင်ခဲ့တာက ကိုယ်အသုံးမကျလို့ မတော်လို့ ညံ့လို့ လို့ မဟုတ်ဘဲ
ဖြစ်လာရမယ့် အကြောင်းတရားတွေ မဆုံစည်း
သေးလို့ဖြစ်တယ်
ဒါဆိုနောက်တစ်ခါ လိုချင်တာရဖို့ဆိုရင် အဲ့ဒီလိုချင်တာကိုရဖို့ အကြောင်းတရားတွေစုံလင်အောင်ဖန်တီးနိုင်ရင် ရတာပဲ ဒီတစ်ခါလိုအပ်ချက်ကိုမှတ်ထားပြီးနောက်တစ်ခါ ကျရင် ထပ်ဖြည့်စွက်လိုက်ရင် ရတာပဲ ဒါဟာငါ့ကို lesson တစ်ခုပေးတာပဲလို့positive sight ဘက်ကနေမှတ်ယူလိုက်ရင် ဆက်ပြီးကြိုးစားချင်စိတ်တွေပြန်ပေါ်လာလိမ့်မယ်။
ကျရှုံးတိုင်းသာပြန်မထရင်ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး
ကိုယ်လိုချင်တာရဖို့အတွက် ကြိုးစားနေတဲ့လမိးမှာ အောင်မြင်တာဖြစ်ဖြစ် ရှုံးနိမ့်သွားတာပဲ ဖြစ်ဖြစ် ဘယ်တော့မှကြိုးစားမှုကို မရပ်တန့်လိုက်ပါနဲ့
တချို့ result တွေက အချိန်ကြာကြာပေးရတယ်
ဒါကြောင့် consistency နဲ့ self confidence ကို ဘယ်တော့မှမဆုံးရှုံးပါစေနဲ့ ။
လဲကျသွားတာလား ကိုယ့်အားကို ကိုး ပြန်ထ ဆက်သွား Never look back, keep going...
One day, you'll reach there ⭐
PhyuSin
(6/10/2024) SUN 2:29 pm
Keep Reading