SarPhat Author
🌻ကျွန်မ သိရှိပြီး နားလည်တဲ့ ခွင့်လွတ်ခြင်းဆိုတာက အခြားသူတွေကို ခွင့်လွတ်တယ်ဆိုတာထက် မိမိအတွက် မိမိ ခွင့်လွတ်တာဖြစ်တယ်။
🌻 ကျွန်မတို့ စိတ်ထဲမှာ ကိန်းအောင်းနေပြီး ကျွန်မတို့ကို အချိန်တိုင်းမှာ သောက၊ ပြဿနာတွေ၊ ဒေါသတွေ၊ အမုန်းတရားတွေ၊ ဝမ်းနည်းခြင်း၊ ပူဆွေခြင်း၊ မတင့်မရဲမှုတွေနဲ့ အပြုသဘောမဆောင်နိုင်တဲ့အတွေးတွေ၊ အမြင်တွေကြောင့် မကြာခဏ စိတ်အနှောက်အယှက်ဖြစ်စေပြီး စိတ်မချမ်းမြေ့မှုတွေကိုသာ ယူဆောင်လာပေးတတ်တဲ့ အရာတွေကို မခံစားရတော့အောင်၊ စိတ်တွေ လွတ်လပ်သွားအောင် ထွက်သွားခွင့် ပေးလိုက်တာပဲ ဖြစ်ပါတယ်။
🌻ကျွန်မတို့ဆီကို နည်းပေါင်းစုံနဲ့ ရောက်တာတတ်တဲ့ စိတ်မချမ်းမြေ့စေတဲ့ အရာတွေဟာ ၊ ခွင့်မလွတ်နိုင်အောင်ဖြစ်လာတဲ့ အရာတွေဟာ ကျွန်မတို့မွေးဖွာလာ ကတည်းက သူ့အလိုလို ပါလာတာမဟုတ်သလို ကျွန်မတို့တမင်လုပ်ယူ ဖန်တီးထားကြတဲ့အရာလည်း မဟုတ်ပါဘူး။
🌻ကိုယ်သေချာမသိတဲ့ အခြားတစ်ယောက်ယောက် ကြောင့် ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူတစ်ယောက်ယောက်၊ ကိုယ့်ရဲ့အရင်းနှီးဆုံး သူငယ်ချင်းမိတ်ဆွေ တွေနဲ့ ကိုယ့်မိသားစုဝင် တစ်ယောက်ယောက်ကြောင့်လည်း ကျွန်မတို့ဆီရောက်လာတတ်ပါတယ်။
🌻နောက်ပြီးတော့ ကျွန်မတို့ ကြုံတွေခဲ့ရတဲ့ အတွေ့အကြုံ၊ မြင်ခဲ့၊ ကြားခဲ့ရတဲ့ အရာတွေနဲ့ ဆက်စပ်ပြီး ကျွန်မတို့ မိမိကိုယ်တိုင်ရဲ့ အတွေးတွေကြောင့်လည်းဝင်လာပြီး ကိန်းအောင်းနေတတ်ပါသေးတယ်။ အဲဒီအရာတွေကို စိတ်ထဲကနေ လက်ခံပြီးတော့ ကျွန်မတို့ ကိုယ်တိုင်က ဝင်ခွင့်နေရာပေးထား တာကြောင့်သာ နေရာဝင်ယူပြီး ကိန်းအောင်းနေခြင်းသာဖြစ်တယ်။
🌻မိမိကိုယ်တိုင်နေရာပေးထားတဲ့ အရာတွေထဲမှာ ပြဿနာ သောကတွေသာမဟုတ်ဘဲ ကိုယ့်ရဲ့ အပျော်ရွှင်ရဆုံး အမှတ်တရတွေ ပါဝင်မှာဖြစ်သလို၊ ရုန်းကန်ခဲ့ရတဲ့ အမှတ်တရတွေနဲ့ ခွင့်မလွတ် နိုင်အောင်နာကျင်ခဲ့တဲ့ အရာတွေ လည်း ပါဝင်နေမှာပါ။ ကျွန်မတို့ ကိုယ်ခန္ဒာမှာ ရသပေါင်းစုံပေးနိုင်တဲ့ အရာတွေရှိတတ်ပြီး အဲဒီအရာတွေထဲမှာ သိုမထားသင့်တဲ့အရာက ကျွန်မတို့ကို ပိုပြီးအနိုင်ယူလေ့ ရှိပါတယ်။
🌻သိုးမထားသင့်တဲ့အရာတွေကို ထွက်သွားခွင့်မပေးဘဲ သိမ်းထားသမျှကာလပတ်လုံး ကျွန်မတို့ အမြဲပူလောင် နေကြမယ်။ ပျော်ရွှင်စရာ အမှတ်တရတွေကို ပြန်တွေးလိုက်တိုင်း ကြည်နူးပြီး ပျော်ရွင်မှုတွေ အသစ်တဖန် ပြန်လည်းခံစားကြရသလို ဒေါသတွေ၊ အမုန်းတရားတွေ၊ နာကျင်စရာတွေ နဲ့ တိုက်ဆိုင်မှုရှိတိုင်း ပြန်တွေး မြင်ယောင်ကြည့်လိုက်တိုင်းမှာ နာကျင် ဝမ်းနည်းမှုတွေနဲ့ ဒေါသတွေ အလီလီထွက်နေမှာပါ။
🌻ဒါကြောင့် ခွင့်လွတ်ခြင်းဆိုတဲ့ထဲမှာ နည်းလမ်းပေါင်းစုံကနေဝင်လာပြီး ကျွန်မတို့ ခန္ဒာကိုယ်မှာ ကိန်းအောင်းနေတဲ့ နာကျင်ပူလောင်မှုတွေကို ထွက်သွားခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။
🌻ဒါဆိုရင် ရှေ့အပုဒ်မျာ မေးထားတဲ့ မိမိကိုယ်ကိုယ် ခွင့်လွတ်ဖို့လိုလာ ဆိုတဲ့မေးခွန်းရဲ့ အဖြေကို သိနေလောက်ပြီလို့ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယော်ကရဲ့ အဖြေက တူချင်မှ တူနေပါလိမ့်မယ်။
#Clay_ခလေး
Keep Reading