Charming Yu
(personally,give 100 out of 10 for both movies ) 🥰🥰
Final girl horror movie fan page မှာ ဒီဇာတ်ကား ကို ပုံ
ပါ စာသားနဲ့ မနှစ်က တွေ့လိုက်တော့ ဒါ ငါ ကြည့်ကို
ကြည့်ရမယ်ဆိုတဲ့ စာရင်းထဲ ထည့်ထားတာ ပုံပဲ save
ဖြစ်ခဲ့တယ်။ဇာတ်ကားကတော့ ခုလမှ ကြည့်ရတယ်။
ဒီဇာတ်ကားက ဇာတ်အိမ်အတူတူပဲ Ending ကိုပဲ ပြောင်း
ရိုက်ထားတာ..(၂)ကားလုံးက တစ်မျိုးစီ အရသာနဲ့
ကြည့်လို့ကောင်းတယ်။ ဇာတ်လမ်းကို အတိုချုံ့ ပြောပြရ
မယ်ဆိုရင် လန်ဒန်မြို့မှာ နေကြတဲ့ မိသားစု (၃)ယောက်
ခရီးထွက်လာရင်း ခရီးမှာ နောက် မိသားစု(၃)ယောက်နဲ့
ခင်ခဲ့ကြတယ်..ခင်ခဲ့ကြတဲ့ မိသားစုရဲ့ ကျေးလက်ဒေသ
ဘက်က အိမ်ကို အလည်လာဖို့ ခရီးမှာပဲ ဖိတ်ခဲ့ကြ
တယ်...အိမ်ပြန်ရောက်ပြီး မကြာဘူး ကျေးလက်ဒေသ
ဘက် မိသားစုအိမ်ကို သွားလည်ဖို့ ဆုံးဖြတ်ခဲ့ကြ
တယ်....အကျင့်စရိုက်တွေမတူ၊နေရာဒေသ မတူ ဘူးဆို
တော့ ကတောက်ကဆတွေ ဖြစ်ကြတယ်...မနက်အစော
မြို့ပေါ် အိမ်ကို ခိုးပြန်..အပြန်လမ်းမှာ ကလေးက
အရုပ်ကျန်ခဲ့တော့ ပြန်ခိုးယူ..အထင်လွဲတာတွေ ပြန်ဖြေ
ရှင်းကြရင်း ပြန်ပြေလည်သွားကြပြန်ရော..
နောက်ပိုင်း သူတို့ ဇာတ်လမ်းက တော့ ဇာတ်
အရှိန်ကောင်းလာတဲ့နေရာတွေဖြစ်တယ်...
၂၀၂၂က ဇာတ်ကားကို သုံးသပ်ရမယ်ဆိုလျှင် မြို့ပေါ်က
မိသားစုရဲ့ အိမ်ထောင်ဦးစီးက ပျော့ညံ့တယ် အားမရဘူး
ဘာမှကို မခုခံလိုက်တာကို တော်တော် အားမရတာ၊ အား
နာ စိတ်က အလွန်အကြူးဖြစ်နေတာတွေ များတယ်
အနည်းဆုံးတော့ ကိုယ့်ကိုကိုယ်၊ ကိုယ့်မိသားစုကို ကာကွ
ယ်ရမှာမျိုးတွေ လုပ်ပေးရမှာကို မလုပ်နိုင်ခဲ့ဘူး၊
မသတ်ဖို့တောင် ငိုပြောနေတာမျိုးပေါ့ ( ဒီဇာတ်ကားကြ
ည့်ရင်းနဲ့ အဲ့အိမ်ထောင် ဦးစီးကို ပြောနေမိ
တာ ....ဇာတ်ကားထဲက သူ့မိန်းမဖြစ်သူတောင် သူ့ကို
ပျေ့ာညံ့နေတာတောင် အပြစ်တချက်မှ မတွေး မပြောဘဲ
အမျိုးသမီးကပါ သူ့အမျိုးသားအတိုင်းငြိမ်သက်နေတာ
ငါက ဘာလို့ လိုက်ေ၀ဖန် နေမိပါလိမ့်လို့ ဘရိတ်အုပ်ရ
တယ်)....ထပ်ပြီး ပြောရရင် ၂၀၂၂ မိသားစုက အသွင်တူ
ကြလို့ ပေါင်းဖက် နေကြတယ် မြင်မိတယ် ပြဿနာ
တစ်ခုခု ဖြစ်တဲ့အခါ ၊ survival ကိတ်စတွေ ကြုံရတဲ့အခါ
ဦးဆောင်မဲ့သူမရှိခဲ့ကြဘူး..ကလေးတွေကအစ အားမရ
ဘူး ..ကြက်ကလေး ဌက်ကလေး သတ်ခံလိုက်ရသလို
ပဲ..လူသတ်သမားသာ ကိုယ်ဆိုလျှင် ဒီမိသားစုက ပျင်းစရာကောင်းလို့ သတ်ဖြစ်မယ်တောင် မထင်ပါ။
၂၀၂၄ ဇာတ်ကားမှာ အားရတာတွေအများကြီးပဲ.. ဇာတ်လမ်းမှာက ၂၀၂၂ဇာတ်ကားရဲ့ လင်မယား အဆင်မပြေပုံချင်း မတူကြဘူး...စိတ်ဒဏ်ရာတွေလဲ ကိုယ်စီ ပိုရှိကြတယ်...
လူသတ်ကောင်မိသားစုရဲ့ ကလေးက တက်ကြွတယ် ဖော်ထုတ်ချင်တယ်...တဖက်က ကလေးကလဲ အချက်ပြရင် အကောင်မှန်းသိတယ်...
ဇာတ်လမ်းဆင်တတ်တယ်..ဒီ မြို့ပေါ်က လင်မယားဟာလဲ အားနာစိတ်တွေ ရှိကြပေမဲ့ တကယ့်အရေးကြုံလာတဲ့အခါ အမျိုးသမီးက ကြောက်နေတဲ့အမျိုးသားကို အပြစ်တင်လိုက်တာမျိုးမဟုတ်ဘဲ alert ဖြစ်သွားအောင် ပြောလိုက်တဲ့ စကားကို သဘောကျမိတယ်..
”ရှင် ဒီလိုဖြစ်နေလို့ မဖြစ်ဘူး..သတိထားဦး..ရှင့်သမီးလေးနဲ့ ဒီမိသားစုက ရှင့်ကို လိုအပ်နေပြီ”လို့
ဦးဆောင်ပြောပေးလိုက်တဲ့စကားက ကြောက်စိတ်ရှိနေပေမဲ့ သူတတ်နိုင်သလောက် ကြိုးစားခဲ့တာကို တွေ့ရတယ်....
ဆိုတော့ ဒီဇာတ်ကားကို ၂ကားလုံး ယှဥ်ကြည့်ဖို့အတွက် highly recommend လုပ်ပါတယ်။
ပုံပါစာသားက ကျွန်မတို့ လူအားလုံးမှာ ဖြစ်နေတဲ့ တကယ့်အကြောင်းအရာမို့ သင်ယူလိုက်စရာတွေနဲ့တွေးစရာတွေ ဖြစ်စေမဲ့ ဇာတ်ကားကောင်း တစ်ခုပါပဲ...ရုပ်ရှင် ရီဗျူးကို အရမ်းလဲမရေးတတ်သလို အရမ်းကြိုက်မှပဲ ရီဗျူးရေးဖြစ်ပါတယ်..အမှားတွေရှိလဲ နားလည်ပေးကြပါဦး..
ကျွန်မကတော့ စိတ်ညစ်ရင် ပေါ့သွားအောင် ဘာလုပ်တတ်လဲဆို လူသတ်ကားတွေ ပိုကြည့်ဖြစ်တာများပါတယ်..သင်တို့ရော စိတ်ညစ်ရင် ဘာလုပ်လဲ မျှေ၀ပေးသွားပါဦးနော်....
Photo crd-Final girl
#charmingyu
#SpeakNoEvilMovie
Keep Reading