Han Thar
ဘဝမှာအရေးကြီးဆုံးက ကိုယ့်ကိုကို ဘယ်သူနဲမှမနှိုင်းယှဉ်ပါနဲ့။ အဲလိုနှိုင်းယှဉ်လိုက်ပီဆိုရင် ကိုယ်က သူများထက်ညံ့ ကြောင်း သက်သေပြတာနဲ့တူတူပါပဲ။
လူတိုင်းဟာ ကိုယ့်နေရာနဲကို တော်ကြပါတယ်။သူများနဲ့ ကိုယ့်ကိုကို နှိုင်းယှဉ်လိုက်ရင် ကိုယ်ဘဲ စိတ်ဓာတ်ကျမှာပါ။ သံ တွေမှာလဲတူတူပဲ ပုဆိန် ဘယ်လောက်ထက်ထက် ဆံပင်ရိတ်မရဘူး၊ဘလိတ်ဓါး ဘယ်လောက် ထက်ထက် သစ်ပင် ခုတ်မရပါဘူး။ အရာရာတိုင်းမှာ သူနေရာနဲသူ အသုံးဝင်ကြပါတယ်။
ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့ ။ နှိုင်းယှဥ်ချင်တယ်ဆိုရင် မနေ့ကသင်ထက် ဒီနေ့သင် ပိုတော်အောင်ကြိုးစားပါ။ ဘယ်သူကိုမှ မထင်မသေးပါနဲ့၊ဘယ်သူကိုမှ နိမ့်မချပါနဲ့ လူတိုင်းသူနေရာသူ တော်တဲ့သူတွေပါ။ သမ္မတတောင် ဆံပင်ညှပ်ဆရာဆီရောက်ရင် ခေါင်းငုတ်ဆိုငုတ်ရတာပါပဲ။ ကားပြင်ဆရာက နိုင်ငံရေးမလုပ်တတ်သလို နိုင်ငံရေးသမားကလဲ ကားမပြင်တတ်ဘူးလေ၊သူ့နေရာနဲသူ တော်ကြတာပဲလေ နိုင်ငံရေးသမားက နိုင်ငံရေးမှာတော်သလို့ ကားပြင်ဆရာလဲ ကားလောကမှာသူက ဆရာကြီးပဲလေ။
သူများနဲ့နှိုင်းယှဉ်လိုက်ရင် ကိုယ်ပဲစိတ်ဓာတ်ကျမှာပါ။ကိုယ့်ယ့်မှာလဲတော်တဲ့နေရာတွေရှိတယ်ဆိုတာသိထားပါ။ ပိုတော်ချင်ရင် ပိုကောင်းချင်ရင် မနေ့ကသင်ထက် ဒီနေ့သင် ပိုတော်ပိုကောင်းအောင်နေရပါမယ်။အပြိုင်အဆိုင်ရှိမှ တိုးတက်မယ်ဆိုပေမဲ့ ပြိုင်ဆိုင်တိုင်းမကောင်းပါဘူး။ကိုယ်ပုံစံနဲ့ကိုယ်နေပါ မိတ်တူ ထက်မူရင်းက အဖိုးတန်ပါတယ်။
အားလုံးကို လေးစားလျှက်ပါဗျ။
Han Thar ဟန်သာ 19.10.2024
Keep Reading