Anna_Nyein
အလုပ်တစ်ခုကိုလုပ်နေရင်းနဲ့ ခေါင်းထဲနောက်ထပ်လုပ်စရာတခု ဘွားခနဲပေါ်လာပြီး ခဏကြာတော့မေ့သွားတဲ့လူတွေရှိလား? ခဲတံကိုနားရွက်ကြားညှပ်ထားပြီး ပျောက်လို့လိုက်ရှာတဲ့လူတွေရှိလား? ကော်ဖီသောက်နေရင်းနဲ့ ကော်ဖီခွက်ပျောက်လို့လိုက်ရှာနေရတဲ့လူတွေရှိပါသလား? ရှိတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကသင့်အတွက်ပါ✨
အန်နာအပါအဝင် လူအများစုဟာလုပ်စရာအလုပ်တွေတအားများလာတဲ့အခါမှာ ဦးနှောက်ကမှတ်ရတာတွေများလွန်းတဲ့အတွက် ခေါင်းမနိုင်တော့ပဲ ခဏခဏမေ့တတ်လာကြပါတယ်။ အခုဆိုရင်လူကြီးတွေတင်မဟုတ်ပါဘူး လူငယ်တွေပါမေ့တတ်လာကြပါပြီ။
ဒီလိုမေ့တာဟာကောင်းတဲ့အရာမဟုတ်ပါဘူး။ သတိမေ့ခြင်းကြောင့်အရေးကြီးတဲ့အရာတွေကိုတောင်လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။
ဥပမာ - ကိုယ့်ရဲ့မေ့လျော့မှုကြောင့်ကားသော့ပျောက်လို့ လိုက်ရှာနေရတာနဲ့ပဲ အရေးကြီးတဲ့ပွဲတစ်ခုလွတ်သွားတာမျိုး။
- စာမေးပွဲသွားဖြေရင်း ID card ပါမပါလို့ စာမေးပွဲမဖြေလိုက်ရတာမျိုး စသဖြင့်ပေါ့လေ။
အန်နာဆိုရင် စာတစ်ပုဒ်ရေးဖို့ ခေါင်းထဲအိုင်ဒီယာတခုပေါ်လာပြီဆို စာရွက်ထဲချရေးထားမှ။ အကယ်၍မရေးထားဘူးဆို ခဏကြာတာနဲ့အဲ့အိုင်ဒီယာဟာအစပြန်ဖော်လို့မရအောင် ပျောက်ကွယ်သွားတတ်ပါတယ်။ အဲ့တော့ ကိုယ့်အတွက်နစ်နာရတာပေါ့ရှင်..
ဒါ့ကြောင့်ကိုယ့်အနေနဲ့ ခဏခဏမေ့တတ်တာ လျော့သွားအောင် ပထမဆုံး ဘာကြောင့်လူတွေသတိမေ့တတ်တာလဲဆိုတာကို လေ့လာကြရအောင်ပါ။
ကိုယ့်ကိုသတိမေ့လျော့စေနိုင်တဲ့အကြောင်းအရင်းတွေများစွာရှိပါတယ်။
အဲ့ထဲက(၅)ချက်ကိုဖော်ပြရရင်တော့
စတာတွေကြောင့်ဖြစ်ပါတယ်။
ဒါဆိုသတိမေ့တဲ့ပြဿနာလျော့နည်းသွားအောင် ဘာတွေလုပ်ရမလဲ?
သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံအမျိုးမျိုးနဲ့ အသားငါးတွေကို မျှတအောင်စားသုံးပါ။ ကိုယ်ခန္ဓာအတွက်အကျိုးမရှိမယ့် fast foods (အသင့်စားသုံးနိုင်သောအစားအစာများ) ကိုတတ်နိုင်သလောက်လျှော့စားပါ။
ရေ တစ်နေ့အနည်းဆုံး ၁လီတာခန့်တော့သောက်ပေးသင့်ပါတယ်။ တစ်ကြိမ်ထဲ၊တခါထဲကုန်အောင်သောက်တာမျိုးမဟုတ်ပဲ၊ နည်းနည်းနဲ့ ခဏခဏ ပုံမှန်သောက်ပေးဖို့လိုပါတယ်။
အလုပ်လုပ်နေတုန်းပဲဖြစ်စေ၊ သင်နေတဲ့စာကိုအာရုံမစိုက်မိရင်ပဲဖြစ်စေ ကိုယ့်ကဒီအလုပ်တခုမှာအာရုံကောင်းကောင်းမစိုက်မိတဲ့အခါ အာရုံတွေထွေပြားပြီး သတိမေ့တာကိုပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်အာရုံကိုစုစည်းပြီး တခုထဲမှာပဲ focus ထားသင့်ပါတယ်။
ဒါလည်းပဲအပေါ်ကအချက်နဲ့ဆက်စပ်ပါတယ်။ အိပ်ရေးမဝတဲ့လူတစ်ယောက်ဟာ ခေါင်းကြည်လင်နေမှာမဟုတ်ပါဘူး။ ခေါင်းမကြည်လင်တဲ့အခါ အာရုံတွေထွေပြားနေမှာဖြစ်ပြီး အာရုံစိုက်ဖို့လည်းခက်ခဲနေမှာပါ။
ကိုယ့်ရဲ့တနေ့တာလုပ်စရာရှိတာတွေကိုပဲဖြစ်ဖြစ်၊ မေ့မသွားအောင်ရေးမှတ်ထားဖို့စာအုပ်လေးတစ်အုပ်နဲ့ ဘောပင်လေးတစ်ချောင်းမရှိမဖြစ်လိုပါတယ်။ ကိုယ်လုပ်ရမယ့်အရာတွေကို စာရွက်ထဲချရေးထားခြင်းဖြင့် သတိမေ့တဲ့အန္တရာယ်ကနေကာကွယ်ပေးပါတယ်။ ကြီးစဉ်ငယ်လိုက်ဆိုသလို အရေးကြီးတယ်၊ အရင်လုပ်ဖို့လိုတယ်ဆိုတာတွေကိုအပေါ်ဆုံးမှာချရေးပြီး အရေးမကြီးတာတွေကိုနောက်မှရေးပါ။
ဒီနည်းလမ်းကိုအန်နာကိုယ်တိုင်လည်းသုံးဖူးပါတယ်။ အန်နာ့လိုအမြဲမေ့တတ်တဲ့လူအတွက် မမေ့အောင်ကာကွယ်ပေးတဲ့အပြင် ထိရောက်ပြီးတကယ်လည်းအသုံးဝင်တဲ့အတွက် စာဖတ်သူလေးတွေထံမျှဝေလိုက်ရပါတယ်။
အခုမျှဝေလိုက်တဲ့နည်းလမ်းလေးတွေဟာ စာဖတ်သူလေးတွေအတွက်အကျိုးရှိလိမ့်မယ်လို့ အန်နာမျှော်လင့်ပါတယ်ရှင်..။
နောက်လည်းဒီလို content မျိုးတွေဖန်တီးဖို့ရှိသေးတာမို့ follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်❣️
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင်✨
ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေ..
- Anna_Nyein 🧚
241018 (11:53 AM)
Keep Reading