M Min Nyo
"Mistakes and failures are not the end, but rather important learning experiences that help us grow and improve on our way to achieving success."
"အမှားနဲ့ကျရှုံးမှုတွေဟာ အဆုံးသတ်တစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီအရာတွေက ကျွန်တော်တို့ကို တိုးတက်ကြီးပွားလာအောင် ကူညီပေးနိုင်တဲ့၊ အရေးပါတဲ့သင်ယူလေ့လာစရာ အတွေ့အကြုံတွေပဲ ဖြစ်တယ်"
သမိုင်းမှာ မှတ်ကျောက်အတင်ခံရတဲ့ ပညာရှင်တွေနဲ့၊ ကမ္ဘာမှာ လက်ရှိအောင်မြင်နေကြသူတွေတောင် အမှားတွေများစွာ ကျူးလွန်ခဲ့ကြပါတယ်။ အောင်မြင်မှုရဲ့ အဓိကသော့ချက်က ၊ အမှားကိုရှောင်ဖယ်ခြင်းမဟုတ်ပဲ အဲ့ဒါကိုပြုပြင်ပြီး တိုးတက်လာအောင်ပြုလုပ်ခြင်းပါ။
ဘယ်နေရာမှာဖြစ်ဖြစ် အစပိုင်းမှာ မှားတတ်ကြစမြဲပါပဲ။ လုပ်ငန်းခွင်မှာ၊ သင်ယူလေ့လာရာမှာ၊ လူမှုဆက်ဆံရေးမှာ စသည်ဖြင့် အမှားတွေ လုပ်နေတတ်ကြပါတယ်။ မှားပါစေ၊ ရှေ့ဆက်နေမှုတွေကို မရပ်တန့်ပါနဲ့။ အမှားကို အကောင်းဆုံးပြုပြင်ပြီး အမှန်ဖြစ်လာအောင် လုပ်ပါ။ အမှားကိုသိလျှက် မပြုပြင်ရင်တော့ မိုက်မဲတဲ့အဆင့်ကို ရောက်သွားပါလိမ့်မယ်။
အမှားတစ်ခုချင်းစီတိုင်းဟာ တန်ဖိုးရှိတဲ့သင်ခန်းစာပါပဲ။ ကျွန်တော်တို့ကို ပိုပြီးသန်မာလာအောင် လုပ်ပေးနိုင်တယ်။ ဉာဏ်ပညာတိုးတက်လာစေနိုင်တယ်။ လိုက်လျောညီထွေမှု၊ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်ကိုင်တတ်လာစေတယ်။ ဒါကြောင့် မှားတာချင်းအတူတူ အောင်မြင်တဲ့သူတွေဖြစ်လာတယ်ဆိုတာက သူတို့ရဲ့အမှားတွေကို သင်ခန်းစာယူပြီး အမှန်ဖြစ်အောင်ပြုပြင်နိုင်ခဲ့ကြလို့ပါ။ အမှားတွေကိုလက်ခံ၊ အမှန်ဖြစ်အောင်ပြုပြင်ပြီး၊ ပန်းတိုင်တိုင်ဆီအရောက်သွားနိုင်တဲ့ စွမ်းအားရှိသူများ ဖြစ်လာကြပါစေ။
#KnowledgeSharing
#MMinNyo
Keep Reading