~.~ရှင်မိငယ်~.~
သူငယ်ချင်း သို့ စိတ်အစေ(၂)
...........................
helloသူငယ်ချင်းရေ
နေကောင်းရဲ့လားဟင်
ဒီတစ်ခါပတ်ဝန်းကျင်ကလူတွေအကြောင်းပြောကြရအောင်
လူတွေကလေ သူများအကြောင်းဆို သိပ်စပ်စုတာ ကိုယ့်ကိုကိုယ်တိုးတက်အောင်လုပ်မယ်မရှိဘူးကွယ် သူများအကြောင်းလိုက်ပြောရင်အချိန်တွေ ဖြုန်းနေကြတာ သူတို့တွေရဲ့အချိန်ကို အစားယူထားလိုက်ချင်တယ်သိလားကိုယ့်အတွက် တိုးတက်မဲ့အရာလေးတွေလုပ်ဖို့ပေါ့။ ပြီးတော့လေ အပုပ်ချပြီးလည်းပြောချင်တယ် အရပ်စကားဆို အတင်းပြောတာပေါ့ ကိုယ်ထင်ရာမြင်ရာ အတွေးတွေနဲ့ မဟုတ်မမှန်တဲ့စကားတွေကို လိုက်ပြောနေကြတာ သူငယ်ချင်းရယ် သူတို့အစားရှက်လိုက်တာ။ သူငယ်ချင်းဒီလိုလူမျိုးထဲမပါစေနဲ့နော် တစ်ခြားသူအကြောင်းစိတ်ဝင်စားနေရင် အချိန်ကုန်တာပဲအဖတ်တင်မယ်။
ကိုယ့်အကြောင်းသူများပြောတာမကြိုက်ရင် သူများအကြောင်းလည်းမပြောမိစေနဲ့ ဒါကလောကရဲ့ တာဝန်မဟုတ်သလိုအလုပ်လည်းမဟုတ်ဘူးနော်။
ဒါကြောင့်ကိုယ့်အကြောင်းကိုယ်ပဲစိတ်ဝင်စား ၊ ကိုယ့်ကိုကိုယ်ချစ် ၊ ကိုယ့်ဘဝတိုးတက်မယ့်လမ်းစ ကိုပဲရှာဖွေနေလိုက်စမ်းပါ။တစ်ခြားသူတွေ အတင်းလာပြောရင်လည်း နားထောင်မနေပါနဲ့ ဘာရမှာလဲ။ အမှိုက်တွေပဲရလိမ့်မယ်သူငယ်ချင်း အမှိုက်တွေပဲရလိမ့်မယ်။အောင်မြင်မှုကိုလျှောက်လမ်းနေတဲ့သူငယ်ချင်းရဲ့ အသိဥာဏ်ဦးနှောက်ထဲကို အမှိုက်တွေမဝင်စေနဲ့နော် အဝင်မခံနဲ့။သူငယ်ချင်းလျှောက်မယ့်လမ်း ကို မညစ်ပတ်စေနဲ့။
ဒီခါတော့ဒီလောက်လေးပဲပြောလိုက်မယ်နော်။နောက်ရက်တွေဆိုရင်တော့ သူငယ်ချင်းရေ တွေ့ကြတာပေါ့။ဂရုစိုက်ပါနော်🌹
#shinmingal
Keep Reading