Khant Thaw Maung
ဖောင်းကနဲ
ဖြတ်ကန်လိုက်တဲ့ သံဗူးခွံလေးလို
လူတစ်ယောက်
လိမ့်ကနဲ လိမ့်ကနဲ
လွင့်သွားတယ်။
ပြီးတော့
ဆေးလိပ်ငွေ့လို
လူတစ်ယောက်
ပျံသန်းသွားတယ်။
လူတစ်ယောက်က
အိမ်မက်ထဲ
အမှောင်တွေနဲ့
တိုက်လိုက်နားလိုက်။
လူတစ်ယောက်က
နိုဗယ် ဆုနဲ့အတူ
ကမ္ဘာကို ပြုံးပြလို့။
လူတစ်ယောက်က
ကဗျာကို ဖြည်းဖြည်းရွတ်ရင်း
အလံတိုင်ထိပ်ကို
တက်သွားတယ်။
လူတစ်ယောက်တော့
ဘဝအတွက်
အာခံနေရတယ်။
#ခန့်သော်မောင်
Keep Reading