မောင်တုတ်
ကျွန်ုပ်အခုရေးနေသည်မှာကဗျာတစ်ပုဒ်ဖြစ်၏။
ကဗျာတစ်ပုဒ်ကြောင့် ကျွန်ုပ်၏
ဘဝလည်းပျက်နိုင်သလို
ဂုဏ်လည်းတက်နိုင်၏။
အဆိပ်တောက်ဖြစ်စေနိုင်သလို
ချိုမြိန်မှုလည်းပေးနိုင်၏။
ဖတ်ရှုသူကိုလည်း ရသပေးနိုင်သလို
ဝမ်းနည်းမှုတွေလည်းပေးနိုင်၏။
ထိုကဗျာများကို
ကျွန်ုပ်ရေး၏။
မောင်တုတ်#
၁၈.၁၀.၂၀၂၄
-----------------------
Telegram link
https://t.me/poems_by_micky
ဖတ်ရှုသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါသည်။
Keep Reading