~.~ရှင်မိငယ်~.~
......................
''ဝါကျွတ်ပြီ အချစ်ရယ် အသက်ရယ် သီတင်းကျွတ်ခဲ့ပြီကွယ်'' သီတင်းကျွတ်မတိုင်ခင်ကတည်းကသီချင်းသံလေးတွေ အိမ်တိုင်းမှာပြန့်လွှင့်လို့ လပြည့်နေ့ကိုကြိုဆိုနေခဲ့ကြ၏။
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)ဟာဆိုရင်ဖြင့် ဗုဒ္ဓဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီးနှစ်စဥ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ ကျွန်မတို့မြန်မာတွေရဲ့ရိုးရာတွေထဲက တစ်ခုအပါအဝင်ဖြစ်သည်။၁၂လရာသီမှာ သတ္တမမြောက်လဖြစ်ပြီး ဝါတွင်းကာလရဲ့နောက်ဆုံးလဖြစ်၏။ မြန်မာနိုင်ငံရှိတန်ခိုးကြီးမြတ်စွာဘုရားစေတီတော်တွေမှာသီတင်းကျွတ်လပြည့်နေ့တွင် ဆီးမီးများကပ်လှူပူဇော်ကြတဲ့မြင်ကွင်းကိုနေရာတော်တော်များများမှာတွေ့ရှိနိုင်ပါသည်။အိမ်တိုင်းအိမ်တိုင်းမှာလည်း ဖယောင်းတိုင်လေးတွေမီးပုံးလေးတွေထွန်းညှိပြီးချိတ်ဆွဲထားတဲ့ ပုံရိပ်လေးတွေက ကြည်နူးပီတိဖြစ်ရပါသည်။သက်ကြီးဝါကြီးဘိုးဘွား၊ မိဘ၊ဆရာတွေကို အပြစ်ရှိသမျှကျေပွန်အောင် ရှိခိုးကန်တော့တောင်းပန်ကြသည်။ ဘုန်းကြီးကျေင်းများ၊ရပ်ကွက်ဓမာရုံများတွင် စတုဒီသာကုသိုလ်တိုက်ကျွေး၍ ကုသိုလ်ပြုကြသည်လူကြီး၊လူငယ်၊လူလတ်မကျန် ပျော်ပျော်ပါးပါးဝင်ရောက်စားသောက်နိုင်ပါသည်။ကလေးငယ်များကတော့ မုန့်ဖိုးလိုက်တောင်းကြသည် တစ်ချို့ကချိုချဥ်တွေ မုန့်တွေပေးကြ၏ မုန့်ဖိုးတောင်းနေတဲ့ကလေးငယ်တွေကိုကြည့်ရင်း ကျွန်မငယ်ဘဝ ပျော်စရာအချိန်လေးတွေလွမ်းမောတမ်းတလို့လာရပါသည်။
သီတင်းကျွတ် ကျောင်းပိတ်ရက်မှာမေမေ့ကို အိမ်အလုပ်တွေကူလုပ်ပေးခဲ့သည်။လပြည့်နေ့မတိုင်ခင်ကတည်းက အစီအစဥ်ကြိုချထားခဲ့၏ ဘာလုပ်စားကြမယ် ဘယ်သွားမယ်ဆိုပြီးတော့ ပေါ့။လပြည့်နေ့တိုင်းကျွန်မတို့သည် ရွာဘုန်းကြီးကျောင်းရဲ့ဆွမ်းလှည့်ကျသည် မနက်ပိုင်းမှာ ဆွမ်းထမင်း၊ဟင်းချက်ပြုတ်ပြီး ကျောင်းကိုပို့ခဲ့သည်။ညနေပိုင်းမှာတော့ သာကူချက်မယ်ဆိုပြီး မေမေနှင့်ကျွန်မလိုအပ်တာတွေဝယ်ဖို့ ဈေးဝယ်သွားခဲ့ကြ၏ သာကူစေ့၊ဂျုံစေ့၊ထန်းလျက် အစရှိသဖြင့်လိုအပ်တာတွေဝယ်ပြီးပြန်ခဲ့ကြသည်။မေ့တော့မလို့ သီတင်းကျွတ်အတွက်မရှိမဖြစ် ရောင်စုံဖယောင်းတိုင်လေးတွေလည်းဝယ်ခဲ့တယ်။ငယ်ငယ်ကဆို လူကြီးတွေချက်ပြုတ်နေတုန်း ကိုယ်တွေကအဖော်တွေနဲ့ ကစားခဲ့ကြတာပေါ့ ချက်ပြုတ်ပြီးပြီဆိုမှ အဆင်သင့်ဝင်စားလိုက်ယုံပဲပေါ့ ခုချိန်မှာတော့ ကိုယ်တိုင်ကလည်းကူနိုင်တဲ့အရွယ်ဆိုတော့ ကျွန်မကိုယ်တိုင်ချက်ရတော့သည် မေမေကတစ်ခြားဟာတွေကူလုပ်ပေးတာပေါ့။
သာကူကျိုတဲ့အခါ ကျွန်မကတော့ ဂျုံစေ့ကိုရေဆေးပြီး ရေနည်းနည်းနဲ့ အရင်ပြုတ်လိုက်တယ် ဂျုံစေ့မနူးမခြင်းတစ်ရေပြီးတစ်ရေထည့်ပေးရတယ် ဂျုံစေ့လေးတွေနူးပြီးပွလာတဲ့အချိန် သာကူစေ့လေးတွေကို ထည့်လိုက်တယ် သာကူရောဂျုံရောနူးပြီးပွလာတဲ့အချိန်တော့ ထန်းလျက်လေးတွေအနေတော်ထည့်ရတယ် အချိုကြိုက်ရင် များများထည့်ရမှာပေါ့ ကျွန်မကတော့ဝယ်လာတဲ့ထန်းလျက်တွေအကုန်ထည့်လိုက်တာ သာကူကချိုလွန်းသွားတယ် ပြီးတော့များသွားတော့ ပျစ်သွားတာပေါ့ပူနေတုန်းဆိုရင်တော့ ကွက်စတိပဲ။ ထန်းလျက်ထည့်ပြီးရင်ထန်းလျက်အရည်ပျော်အောင်မွှေပေးရတယ် အဲ....ထန်းလျက်ရောသာကူတွေရော ရောယှက်ပြီးတစ်သားတည်းကျသွားရင်တော့ စားသုံးနိုင်ပါပြီ။သာကူလည်းကျက်သွားတဲ့အခါ အိမ်နားက ကလေးတွေကိုခေါ်တိုက်လိုက်တယ် အချိန်ကလည်းညဘက်ရောက်နေပြီဆိုတော့ လမင်းကြီးက ထိန်ထိန်သာသာနှင့် လပြည့်နေ့ဆိုတာနှင့်လိုက်ဖက်နေရော။ကလေးတွေစားသောက်နေတုန်း အိမ်ရဲ့နေရာအနှံ့မှာ ဖေဖေနှင့်အတူ ဖယောင်းတိုင်လေးတွေထွန်းညှိခဲ့သည်။
ကလေးတွေလည်း စားသောက်ပြီးတဲ့အခါ အမှတ်တရအဖြစ် ကလေးတွေနဲ့အတူဝင်ပြီးကစားလိုက်သည်။(ကလေးခေါင်ပေါ့)မမနှင့်မောင်လေးလည်းပါသည် ကစားနည်းက အဖွဲ့နှစ်ဖွဲ့ခွဲကာ အရှေ့ထိပ်အနောက်ထိပ်စီးသားပြီးတစ်ဖွဲ့စီအလယ်မှာဝင်ပြီး ဘောလုံးနှင့်ထိအောင်ပြစ်ရခြင်းဖြစ်သည်။(ဥဖမ်းနည်းလို့လည်းခေါ်ကြသည်။)ကျွန်မနှင့်မမက လူကြီးမို့ ၂ယောက်ထဲတစ်ဖွဲ့နေလိုက်သည် ကျန်ကလေး ၄ယောက်ကတစ်ဖွဲ့။တစ်ဖက်ကပြစ်လိုက်ပြီဆိုရင် ဘောလုံးမရှိတဲ့စီပြေးရသည် ပြေးရင်း ကျန်တစ်ဖက်ကဘောလုံးကိုလွယ်လွယ်ဖမ်းမိလို့ပြစ်လိုက်ရင်တော့ မထိရင်တစ်ဖက်ပြန်ပြေးရသည် ထိသွားလျှင်တော့ ကစားပွဲကထွက်ရသည် ကျန်၃ယောက်ကဆက်ကစားရတာပေါ့ ကစားရင်းအလယ်အဖွဲ့ကတစ်ယောက်ယောက်ကဘောလုံးဖမ်းမိသွားလျှင် တစ်ဥရသည်တဲ့ အဲ့မှာ သေသွားတဲ့လူကဥအစားလူပြန်ဝင်ပြီးဆက်ကစားလို့သည်။ထိုကစားနည်း မောလာတဲ့အခါ တစ်ခြားဟာပြောင်းကစားကြသည် သိပ်ပြီးမလှုပ်ရမယ့်ကစားနည်းဖြစ်သည် မင်းသားမင်းသမီးနာမည်ပြောရတဲ့ကစားနည်း။ကတ်ကြေး လက်ဝါး လက်သီးဆော့ပြီးခွေးရူးချသည်(အရင်စရသည့်လူ)။ခွေးရူးက က နှင့်စတဲ့အနုပညာရှင်လို့ ပြောရင် ကျန်တဲ့လူတွေက ကနဲ့စတဲ့အနုပညာရှင်တွေကို ဖြေပေးရသည် တူလျှင်မရ တစ်ခြားတစ်ယောက်ပြောရသည် နောက်ဆုံးတစ်ယောက်ပဲမပြောနိုင်ဘဲကျန်ခဲ့လျှင်တော့ ၅စက္ကန့်ချိန်ပြီး အဲ့အချိန်အတွင်းမဖြေနိုင်ရင် ရှုံးရသည်။ထိုကစားနည်းလေးကိုလည်း ကျွန်မတို့ကစားခဲ့ကြပါသည်။လကလည်းဝင်းဝင်းထိန်လို့ နေ့အလားတောင်ထင်မှတ်ရသည် ကောင်းကင်ကြီးမှာ ကြည်ရှင်းပြီး ကြယ်ကလေးတွေကို ကင်းလို့နေခဲ့သည်။လေညင်းက တစ်ဖြူးဖြူး ဆော့ကစားရင်းဆို့လာတဲ့ချွေးကလေးတွေတောင်မှ ထိုလေညှင်းကလေးကြောင့် သိပ် သွားခဲ့ရသည်။လူကြီးတွေကတော့စကားပြောနေခဲ့ကြသည်။တစ်ချက်တစ်ချက်သူတို့လည်းကျွန်မတို့ကစားရာပါဝင်အားဖြည့်ပေးခဲ့ကြသည်။ ညနက်လာတဲ့အခါမှာတော့ ကလေးတွေ လူကြီးတွေလည်း သက်ဆိုင်ရာနေရာများသို့အသီးသီးပြန်သွားခဲ့ကြပြီကျွန်မတို့မိသားစုလေးပဲကျန်ရစ်ခဲ့တော့တာပေါ့ ။
အဲ့ဒီညကတော့ တစ်ကယ်ကိုပျော်စရာကောင်းပြီး အမှတ်တရဖြစ်ရတဲ့ညလေးပဲဖြစ်ပါသည်။ကျွန်မသီတင်းကျွတ်ညကိုဘယ်လိုဖြစ်သန်းခဲ့သလဲဆိုလျှင်တော့ အထက်ပါအတိုင်းသာဖြစ်သည်။
အနယ်နယ်အရပ်ရပ်ရှိ လူများလည်း သီတင်းကျွတ်လပြည့်ညကို ပျော်ရွှင်စရာတွေဖြင့်သာဖြတ်ကျော်ကြမည်လို့ ယုံကြည်နေမိပါသည်။ဘယ်လိုပဲအခက်အခဲတွေရှိရှိ နေ့ထူးနေ့မြတ်ကလေးမှာတော့ မရ ရတဲ့နေရာကနေ တန်ဖိုးထားအမှတ်ရကာပါဝင်ဖြတ်သန်းနေမည်လို့မျှော်လင့်ခဲ့ပါသည်။တစ်နှစ်မှာ တစ်ခါသာကြုံခွင့်ရမည့် နေ့ထူးနေ့မြတ်၊ပွဲတော်တွေကို ငြိမ်းချမ်းအေးဆေးလွတ်လပ်စွာ ဖြတ်သန်းရပါစေလို့လည်း ကျွန်မဆုတောင်းခဲ့လိုက်ပါသေးသည်။
(စာဖတ်သူများအားလေးစားလျှက်)
Keep Reading