သော်ထက်ဇင်
ပျော်ရွှင်မှုဆိုတာ
သက်တမ်းရှိတယ်။
ငယ်ငယ်တုန်းက
အရုပ်တစ်ရုပ်ရလို
ပျော်ရွှင်ခဲ့ရရင်၊
ကြီးလာတဲ့အချိန်
အရုပ်တစ်ရုပ်နဲ့
ပျော်ရွှင်နိုင်ဦးပါ့မလား။
ငယ်ငယ်တုန်းက
မုန့်ဖိုးတစ်ထောင်ရရင်
ပျော်ရွှင်ခဲ့ပေမဲ့၊
ကြီးလာတဲ့အချိန်
မုန့်ဖိုးတစ်ထောင်နဲ့
ပျော်ရွှင်နိုင်ဦးမှာလား။
အခုအချိန်မှာ
ဖုန်းလေးတစ်လုံးနဲ့
ပျော်ရွှင်နိုင်ပေမဲ့၊
နောင်တစ်ချိန်ကျရင်
ဖုန်းလေးတစ်လုံးနဲ့
ပျော်ရွှင်နိုင်ဦးမှာလား။
ပျော်ရွှင်မှုနောက်ကိုချည်း
လိုက်ပြန်ရင်လည်း
အနာဂတ်ကို စွန့်လွှတ်ရလိမ့်မယ်။
ပျော်ရွှင်မှုရော
အနာဂတ်ကိုရော
အရယူသင့်တယ်။
ဒါမှ တစ်ချိန်ကျရင်
ကိုယ့်ဘဝကိုယ် နောင်တမရမှာ။
Keep Reading