M Min Nyo
Content သမားတွေမှာ Concept ဆိုတဲ့ အတွေးစလေး ပျောက်သွားတာမျိုး ကြုံရတတ်တယ်။ တချို့က Idea blocked ဖြစ်တယ်လို့ ဆိုကြပါရဲ့။
ကျွန်တော်မှာ Concept ပျောက်တဲ့အခါ Online ခရီးသွားခြင်း လုပ်ပါတယ်။
Online ခရီးသွားတယ်ဆိုတာ တခြားတော့ မဟုတ်ပါဘူး။ Youtube မှာ English podcast နားထောင်တယ်။ နောက်တစ်နည်းက English Magazine ဖြစ်တဲ့ Reader's Digest က Article တွေဖတ်တယ်။
ကိုယ်က မြန်မာလို ရေးသားသူဖြစ်ပေမယ့်၊ Concept ပျောက်တဲ့အခါ၊ မြန်မာလိုတွေကို မကြည့်ချင်၊ မဖတ်ချင်ပြန်ဘူး။ ဘာကြောင့်လဲဆိုတော့ English Article နဲ့ Audio တွေ ဖတ်ရ၊ နားထောင်ရတာ အရသာတစ်မျိုး ခံစားရတယ်။ အကောင်းဆုံးက ကိုယ့်မိခင်ဘာသာစကားပါပဲ။ ဒါပေမယ့် အပြောင်းအလဲအဖြစ် English လို ခံစားရတဲ့အခါ၊ Concept က အသစ်ဖြစ်လာတယ်။ မတူကွဲပြားတဲ့ အမြင်၊ တင်ဆက်ပုံ၊ အရေးအသား၊ အတွေး၊ ယဥ်ကျေးမှု၊ အပြုအမူ...ဒါတွေကို ခံစားမိလာတယ်။ မသိတဲ့အရာတွေ Google မှာ ပြန်ရှာဖြစ်တယ်။ ဒီတော့ Concept ပြန်ရလာတယ်ပေါ့။
တကယ်က တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ ကျွန်တော် အများဆုံးလုပ်ဖြစ်တဲ့ နည်းကို ပြောပြတာပါ။ သင်တို့ရော Concept ပျောက်တဲ့အခါ၊ ဘာတွေ လုပ်ဖြစ်ကြလဲ။ Comment ရေးပေးခဲ့လို့ ရပါတယ်။
လက်ရှိမှာ Concept ပျောက်နေတဲ့ ကျွန်တော့်ရဲ့ Facebook page(The Art of Content by M Min Nyo) ကို လာလည်ကြဖို့လည်း နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ....
"စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာရနိုင်ကြပါစေ"
#English
#Concept
#KnowledgeSharing
#Idea
#MMinNyo
Keep Reading