နွယ်ငြိမ်းလင်းပွင့်
ဆုံချိန်ခဏ၊ ဆက်တိုက်ရင်ခုန်
ဝေဝါးအမြင်၊ သံတွေဝေးသွား
ထင်ရှားသူ့သာ၊ ကိုယ့်အာရုံဝယ်
တိုးတော့သည်။
ကော်လံပြာစ၊ ခေါက်နေတာလေး
ပြင်ပေးလိုက်ချင်၊ မဝံ့မရဲ
နှုတ်ကဆွံ့အ၊ အကြည့်တစ်ချက်
စိတ်လှိုင်းလေးသာ ပြေးသွားသည်။
ကြမ္မာဖန်၍၊ ဆုံတွေ့ရသူ
ကြမ္မာစေရာ၊ လိုက်မယ့်သူမှာ
ဆုတောင်းရုံသာ တတ်နိုင်သေးသည်။
သိပ်ချစ်ရသူ သိပါစေ။
သိပ်လွမ်းရသူ သိပါစေ။
၁၃.၃.၂၀ (Fri)
Keep Reading