သုမိုး
မနက်ဖြန်ကျောင်းတက်ရတော့မည်။
ပထမဆုံးကျောင်းတက်ရက်သည် ကျွန်တော်တို့လို အလယ်တန်းနောက်ဆုံးအဆင့် G-9ကျောင်းသားများအတွက် မထူးဆန်းသော်လည်း စိတ်လှုပ်ရှားနေသည်မှာ အမှန်ပင်။ဒီည တော်တော်နှင့် အိပ်မပျော်။ကျောင်းတက်ရမည့်အကြောင်းတွေးရင်း စိတ်လှုပ်ရှားနေမိသည်။
ဒီလိုနဲ့ မနက်ရောက်တော့ နေဖင်ထိုးအောင် အိပ်တတ်တဲ့သူက လင်းကြက်ပင် မတွန်သေး၊နိုးနေလေပြီ။သို့သော် နိုးနေသော်လည်း မထ။ဟိုဖက်လှိမ့် ဒီဖက်လှိမ့်နှင့် ပျင်းကြောဖြေနေလိုက်သည်။
မကြာပေ။အခန်းအတွင်းသို့ မနက်ခင်းနေရောင်ဖျော့ဖျော့လေးနှင့်အတူ အမေ့အသံက ဒုန်းစိုင်း၍ဝင်လာသည်။
"ညီမိုး...သားငယ် ထ ထ ကျောင်းတက်ရမယ် ထတော့"
"အာ့ ...အမေ"
ဟု ပျင်းတွဲကျနေသော အသံနှင့် ထူးရင်း ကျောင်းသွားရန်ပြင်ဆင်စရာ ရှိတာပြင်ဆင်သည်။ကွန်ပါဘူးထဲမှာတော့ အစုံ။ ခဲတံ၊မင်တံ၊ခဲဖျက်၊ပေတံ၊စက်ဝိုင်းခြမ်း၊ထောက်ဆူး။
ပထမဆုံးကျောင်းတက်ရက်မို့သာ ဤသို့စုံစုံလင်လင် ရှိနေခြင်းဖြစ်သည်။တစ်ပတ်လောက်ကြာရင် မင်တံတစ်ချောင်းတောင်မရှိချင်တော့။ဤသည်ကား ကျွန်တော်တို့၏ ထုံးစံပင်ဖြစ်သည်။ဘယ်ပျောက်ကုန်မှန်း မသိပေမယ့် သေချာတာတစ်ခုကတော့ ကျွန်တော့ကွန်ပါဘူးထဲတွင် မင်တံတစ်ချောင်းသာရှိနေခြင်းပင်။
ဒီလိုနှင့် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ကားစောင့်မည့် နေရာသို့ထွက်လာခဲ့လိုက်သည်။ကားသည် ကျောင်းသားများသောကြောင့် တစ်ခေါက်နှင့်မရ။ နှစ်ခေါက်ပြေးဆွဲ၏။ကျွန်တော်တို့ ပဂုတ်တောင်က ကျောင်းသားများကတော့ နံနက်ဆိုလျှင် ပထမခေါက် ညနေဆိုလျှင် ဒုတိယခေါက် လိုက်သည်။
နှစ်ခေါက်ဖြစ်သောကြောင့် ကားကစောစောထွက်၏။ 6နာရီခွဲလောက်ကတည်းက စောင့်နေရသည်။သိပ်မကြာပေ ကျောင်းပို့မည့်ကားကိုစီးရင်း ပထမဆုံးကျောင်းတက်ရက်ကို အစပြုလိုက်သည်။
ကားစီးရင်း ကျောင်းရောက်သည်အထိ အရာအားလုံးသည် ပုံမှန်လေးသွားနေသည်။အချိန်ကလည်း သူ့အလုပ်သူလုပ်ရင်း တစ်စက္ကန့်ပြီး တစ်စက္ကန့်လည်နေသည်။
ကျောင်းဝင်ပေါက်နား ရပ်လိုက်တဲ့ ကားပေါ်က ဆင်းပြီး ကျောင်းဝင်းထဲ ဝင်လိုက်သည်နှင့် အရာအားလုံးသည် ဗြောင်းဆန်ကုန်သည်။
အကြောင်းရင်းကတော့
G-6 ,G-7 နှစ်နှစ်တာ ငေးခဲ့ရပါသော၊ ကိုဗစ် နိုင်ငံရေး G-8 သုံးနှစ်တာ ဆွေးခဲ့ရပါသောကောင်မလေး။သူ့ကို မြင်လိုက်သည်နှင့် ရင်ထဲတွင် ဝမ်းသာမှုလှိုင်းတွေက စို့တက်လာသည်။အချိန်တွေရပ်သွားသည်ဟု ထင်ရသည်။သူကတော့ ကျွန်တော့်ကို မြင်မည်မထင်။သူ့သူငယ်ချင်းဟောင်းတွေနှင့် နှုတ်ဆက်နေဟန်ရှိသည်။
သူ့ကိုငေးရင်း ကျွန်တော် သွားနှုတ်ဆက်ရင်ကောင်းမလား။ ငါ့ကိုမှတ်မိသေးရဲ့လား။ အရင်လိုကော ဟုတ်သေးရဲ့လား။
လား...ပေါင်းများစွာနှင့်အတူ ကျွန်တော်တွေပြီးရပ်နေမိသည်။
ဘယ်အချိန်ထိကြာအောင် ငေးမိေနသည်မသိ။ နောက်က တက်လာတဲ့ ကန်သာယာက ငယ်ချင်းဟောင်း ဘုန်းကြီးက ဉီးနှောက်ကို လာရိုက်မှ သတိဝင်လာတော့သည်။
နေ့လည်ကျတော့ သူ ကျွန်တော်တို့အခန်းတွင်ထမင်း လာစားသည်။ ပြေးနှုတ်ဆက်လိုက်ချင်သည်။ ငါ့ကို မမှတ်မိတော့ရင် ဆိုတဲ့ အတွေးက ခြေထောက်ကို လှုပ်ရှားခွင့်မပေးတော့။ ဘုန်းကြီးမှာ သုလေးအကောင့်ရှိတယ်တဲ့။ ဝမ်းသာလိုက်သည် ဖြစ်ခြင်း။
အိမ်ပြန်ရောက်တော့ ကပျာကယာ လိုင်းပေါ်တက်။ သူငယ်ချင်းဘုန်းကြီးနားက သုလေးအကောင့်ကို မရမကတောင်း။ ပြီးတော့ သုလေးလက်ခံမည့်အချိန်ကို မျှော်နေမိသည်။ ခုမှ သတိထားမိသည်။ သုလေးတဲ့လား...။ ဘယ်ချိန်က ခေါ်ဖြစ်သွားတယ်မသိ။
သုလေး လက်ခံလိုက်တော့ စကားစပြောသည်။သုေလးရေးလိုက်တာက
"နှုတ်တောင်မဆက်ဘူးနင်"တဲ့လား.....
နှုတ်ဆက်ချင်တာပေါ့ဗျာ။ ဒီလောက်တောင်လွမ်းနေမိတဲ့ကောင်မလေးကို နှုတ်မဆက်ချင်ပဲ နေပါ့မလား။ စိတ်ထဲကနေသာ အော်နေမိသည်။လက်ကတော့ ပြေရာ ပြေကြောင်းလေးရေးရင်း ရင်းနှီးမှုလေး တည်ဆောက်လိုက်သည်။
ဒီလိုနှင့် ကြာလာတော့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ မောင်ဟန်လည်း သုကိုကြိုက်နေတယ်ဆိုတာ သိလာရသည်။ပထမတော့ မသိ။မောင်ဟန်က အခန်းထဲမှာ သုအကြောင်းတွေပြောရင် "သူမ"ဟုသာ သုံးသောကြောင့် မသိခြင်းဖြစ်သည်။ ပြောနေတာတော့ ကြာပြီ။ သူပြောတာကြာလာတော့ စိတ်က သူနဲ့ သုလေးနဲ့က တွဲနေပြီထင်တယ်။ငါဝင်ရှုပ်နေသလိုများ ဖြစ်နေပြီလား။ဒီအကြောင်းကို သူငယ်ချင်းဝင်းသူအားရင်ဖွင့်မိသည်။ဝင်းသူက
"မဖြစ်နိုင်ဘူး....အဲကောင်မိုးမွှန်အောင် ပြောနေတဲ့အထဲမှာ သူ့ဘက်ကပဲ ပါတာဟ၊မက်သေချာအောင်စုံစမ်းအုံး၊ ဟိုက မက်ကိုညွှတ်ချင်နေသလိုပဲ"
"ငါ ပိုင်ရှင်ရှိတဲ့သူကိုချစ်နေမိတာလားကွာ"
"ဟျောင်...အားမလျှော့နဲ့ အဆင်ပြေသွားမှာပါ"
"အချိန်ကြာသွားရင်လား"
ဒီလိုနှင့် ကြာလာတော့ ကျွန်တော့်ကို မမြင်ပဲ အားရပါးရပြောနေသောမောင်ဟန်ကိုသနားလာသည်။ ငါဝင်ရှုပ်မိနေပြီထင်။ပြီးတော့ ငါနဲ့တွဲရင် သုအတွက် အချိန်ပြည့်ပေးမနိုင်သေးဘူး။ ဆက်လိုက်ရမည်ကိုတောင် ချီတုံချတုံဖြစ်လာသည်။
တစ်နေ့တော့ မဝံ့မရဲနဲ့ ချလိုက်တဲ့ ဆုံးဖြတ်ချက်လေးတစ်ခု။"ငါ..ငါ့မှာကောင်မလေးရပြီလို့ပြောလိုက်တော့မယ်၊သူနဲ့ငါ သူငယ်ချင်းအဆင့်ပဲနေလိုက်တော့မယ်"
ဟူးးးးးးးးးးး
အရင်က ဆုံးဖြတ်ချက်ချရင် ယုံကြည်မှုရှိရှိ ချတတ်တဲ့ ကျွန်တော်။ခုတော့ အဲဒီယုံကြည်မှုတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။ဆိုးတာက အဲလိုပြောလိုက်ပေမယ့် အခြေအနေက ဒီတိုင်းလေးဆက်သွားနေသည်။သုကိုကြည့်ရတာ ကျွန်တော်ပြောတာကို ယုံသည့်ဟန်မရှိ။ကျွန်တော်ပုံစံကပဲယုံချင်အန်မရှိတာလားမပြောတတ်။
ပိုပိုပြီးရင်းနှီးလာတော့ သုလေးနဲ့ကျွန်တော် Justfriend အဆင့်သို့ရောက်လာသည်။အဲဒီတော့ ကျွန်တော်စဉ်းစားလာသည်။သုလိုအနေအေးတဲ့ကောင်မလေးမျိုးက တစ်ယောက်ရှိနေရဲ့သားနဲ့ Justfriend တစ်ယောက်လက်ခံမှာမဟုတ်ဘူးလို့။ဆိုတော့ သုနဲ့ မောင်ဟန်က ဘာမှမဟုတ်ဘူးဆိုတဲ့သဘောပေါ့။
" ငါနဲ့ သုနဲ့က သူငယ်ချင်းအဆင့်ထက်လည်း ကျော်နေပြီဆိုတော့ သူတို့ရေးထားတာ တောင်းကြည့်တန်ကောင်းပါရဲ့"
ဟု တွေးရင်း သူတို့၏ ဆက်ဆံရေးကိုသိရရန် သုဆီက ခွင့်ပြုချက်တောင်းမိသည်။ သုသည် သုနှင့်မောင်ဟန်ရေးထားတာပင်မဟုတ် အခြားသူများနဲ့ရေးထားတာကိုပင်ပြလိမ့်မည်ဟု ထင်မှတ်မထားခဲ့။သို့သော် ထင်မှတ်မထားတာတွေက ဖြစ်လာလေပြီ။ဆိုလိုတဲ့သဘောက သုဆိုတဲ့ကောင်မလေးက ကျွန်တော့အပိုင်ဖြစ်တော့မယ်ပေါ့။ဝမ်းသာလွန်း၍မျက်ရည်ပင်ဝဲလာမိသည်။
သုနှင့်မောင်ဟန်ရေးထားတာမြင်တော့ ရင်ထဲတွင် ဝမ်းသာမှုတွေက ဗြောင်းဆန်ကုန်တော့သည်။ဒီနေ့ဟာ ကံတရားက စီစဉ်ပေးတဲ့ ငါ့ရဲ့ကံအကောင်းဆုံးနေ့ပေလော။ သူတို့ဆက်ဆံရေးက သာမညသာမညံပင်။အဲလိုပြတော့ သုကိုအကျွင်းမဲ့ယုံကြည်မိသွားတော့သည်။ကျွန်တော်က သုရင်ထဲမှာရှိတဲ့ တစ်ဦးတည်းသောသူဆိုတာလည်း သိလာရသည်။
အတန်းထဲရောက်တော့ သုအကြောင်းပြောနေကျသူက ပြောမြဲ ပြောဆဲ ပြောလတ္တံ့ပင်။ပင်ကိုယ် သနားတတ်တဲ့စိတ်ရှိလို့လားမသိ။ပြောနေသည်ကိုကြည့်ရင်း သနားနေမိသည်။လှောင်သနားသည်တော့မဟုတ်။
တစ်နေ့တော့ သုက"တွဲရအောင်"တဲ့။ဝမ်းသာလိုက်သည်ဖြစ်ခြင်း။သို့သော် တွဲလိုက်သည့်အတွက် အကျိုးဆက်တွေက ဉီးနှောက်ဆီသို့ တန်းစီ၍ ဝင်လာသည်။နဂိုကတည်းက ခံစားချက်ထက် ဉီးနှောက်ကို ဉီးစားပေးတတ်သည်မို့ထင့်။
ကျွန်တော် သုအတွက် ဖြည့်ဆည်းပေးနိုင်ပါ့မလား။သုအတွက် အချိန်ပြည့်ပေးနိုင်ပါ့မလား။အဆိုးဆုံးက မောင်ဟန်။သူသိရင် ဘယ်လိုနေမလဲ။တခြားသူတွေသိရင် သုအကြောင်းမိုးမွှန်အောင်ပြောထားတဲ့သူက ဘယ်လိုနေမလဲ။
အတွေးပေါင်းများစွာနှင့် သုနှင့်တွဲရမည်ကို တွန့်ဆုတ်နေမိသည်။သုနှင့်ပတ်သက်ရင် ကျွန်တော့်စိတ်ကိုက ပျော့လွန်းနေတာလား။ကျွန်တော်သာ ဘယ်သူ့ကိုမှ မငဲ့ဘဲနေနိုင်ရင်ကောင်းမည်။အဲဒီအကြောင်းကို သူငယ်ချင်းဝင်းသူကိုဖွင့်ပြောတော့ သူက ဟောက်တော့သည်။
"စောက်ရူး....တွဲလိုက်ပါတော့လား၊မက်ယောက်ျားမဟုတ်ဘူးလာ...မက်သူ့အတွက်အချိန်မပေးနိုင်သေးလည်းရတယ် ဟိုကနားလည်ပေးလိမ့်မယ်၊ မက်က ဘာဖြစ်နေတာ သူ့ကိုချစ်ရဲ့သားနဲ့၊ ....မက် မောင်ဟန်ကို ငဲ့နေတာတော့မဟုတ်ပါဘူးနော်၊ ဒဿကလုပ်နေလိုက်သေး ဟိုကမက်လိုဖြစ်ကြည့်ပါလား မက်ကိုငဲ့ဖို့မပြောနဲ့၊ မက်လည်ပင်းဓားနဲ့တက်လှီးဖို့လည်း ဝန်လေးမှာမဟုတ်က"
"မက်ကလည်းကွာ အဲလောက်အားကြီးနဲ့တော့ မပြောနဲ့လေကွာ၊ အေးပါ ငါစဉ်းစားလိုက်အုံးမယ်"
"ရီးလုပ်စဉ်းစားအုံးမှာလား...မသာရဲ့"
ဝင်းသူတစ်ယောက် ထအော်လို့ မနည်းပါးစပ်ပိတ်ထားလိုက်ရသည်။ဟိုက ကြားသွားရင် မကောင်း။ထိုအချိန်တွင် တစ်ယောက်သောသူက ကျွန်တော် သုကို ချစ်နေသည်ကို သိနေပြီးဖြစ်သည်။ထို့ကြောင့် နားစွန်နားဖျား ကြားသည်နှင့်ပင် ဘာမှန်းသိနိုင်သည်။
ကျွန်တော်သည် ထိုအချိန်ထိ သုနှင့်တွဲရမည်ကိုတွန့်ဆုတ်နေမိသည်။ချစ်သူလည်းတစ်ခါမျှမထားဖူးလို့ထင့်။
ဒီလိုနဲ့ တစ်ညတော့ သုက ကျွန်တော့ကို စိတ်ဆိုးတော့သည်။ဘာအကြောင်းကြောင့် စိတ်ဆိုးသည်ကို ကျွန်တော်ကိုယ်တိုင်ပင် ရေရေရာရာမသိပေ။သုက "နင်နဲ့မတွဲပြီတဲ့၊ Justfrien လည်းမလုပ်ပြီတဲ့၊ သူငယ်ချင်းလည်းမလုပ်ပြီတဲ့"ကျွန်တော်လည်း ပျာယာခပ်သွားတော့သည်။
ဘာလို့လဲ၊ဘာဖြစ်လို့လဲ၊ဘာအကြောင်းကြောင့်လဲ။မေးခွန်းပေါင်းများစွာက ခေါင်းထဲသို့ တစ်သီကြီးဝင်ရောက်လာသည်။ ကောင်မလေးကိုလည်း ကပျာကယာချော့နေရသည်။ထိုအချိန်တွင် ကျွန်တော်သည် ဖြစ်လာမည့်အကျိုးဆက်တွေကို မတွေးတော့ဘဲ အခိုင်အမာချလိုက်တဲ့ ဆုံးဖြတ်ချက်လေးတစ်ခု။ငါ သုနဲ့တွဲလိုက်တော့မည်။အရင်က ချော့သည်ဆိုတာတောင် ဘာမှန်းမသိသော ကျွန်တော်က ချော့ရန်ပင် ဘယ်လိုအစပျိုးရမည်ကိုမသိ။သို့သော် တတ်မနိုင်ပေ။ချော့မှရတော့မည့်အခြေနေမဟုတ်ပါလော။
ကျွန်တော်သည် သုကို ချော့ရင်း ချစ်ရေးဆိုလိုက်သည်။သုကို ချစ်သည့်အကြောင်းများကို ဖောင်ဖွဲ့ပြောရင်း သုလည်း စိတ်ဆိုးပြေသွားခဲ့သည်။ ကျွန်တော်တို့လည်း ချစ်သူအဖြစ်သို့ ရောက်မှန်းမသိ ရောက်လာခဲ့သည်။တစ်ယောက်ကိုတစ်ယောက်စိတ်ထဲရှိနေကြသည်မှာ ကြာပြီဖြစ်သော ကျွန်တော်တို့ချစ်သူနှစ်ယောက်၏ ချစ်သူသက်တမ်းသည် လက်ထပ်မည့်အချိန်ထိ တည်မြဲနေပါစေဟု တောင်းဆုပြုရင်း.............။
သုမိုး
Keep Reading