SarPhat Author
စိတ်အဆင်မပြေမှုတွေကိုဘယ်လို healing လုပ်ကျမလဲ
အပေါင်းအသင်းနဲ့ပတ်သက်လို့စိတ်အခန့်မသင့်မှုတွေ / အဆင်မပြေမှုတွေကိုခံစားနေရသူတွေအတွက် ကျွန်တော်ဘယ်လို Healing လုပ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီး sharing လုပ်ပေးချင်ပါတယ်
100%အသုံးမဝင်ခဲ့ဘူးဆိုရင်တောင်
စိတ်အခြေအနေလေးတစ်ခု အဆင်ပြေသွားမယ် / စိတ်သက်သာရာရသွားမယ်လို့မျှော်လင့်ပါတယ်
နံပါတ်တစ် အနေနဲ့ အခန့်မသင့်ဖြစ်ခဲ့တဲ့အပေါင်းအသင်းနဲ့ပတ်သက်လို့ မုန်းတီးလိုက်တာ / မပြောချင်ဘူး မမြင်ချင်ဘူးဆိုတဲ့စိတ်မျိုး မထားမိစေဖို့ပါ ။ တစ်ဖက်လူရဲ့ကိုယ့်အပေါ်ကောင်းကွက်ကိုသာအရင်ဆုံးပြန်စဉ်းစားပေးပါ ။ ( ဘာ့ကြောင့်လဲဆိုရင် သူနဲ့ကိုယ်စိတ်အခန့်မသင့်မှုဟာ ကိုယ့်အပေါ်သူဟာယုတ်မာခဲ့တာမဟုတ်သလို ကိုယ့်ဘဝဆုတ်ယုတ်သွားစေခဲ့တာမဟုတ်ခဲ့လို့ပဲဖြစ်ပါတယ် ။ )
နံပါတ်နှစ် အနေနဲ့ ပုံမှန်အတိုင်းသာနေမြဲတိုင်းဆက်ဆံပေးလိုက်ပါ ။ တစ်ဖက်လူကိုယ်တိုင်က ကိုယ့်ကိုမခေါ်ချင် မပြောချင်ဘူးဆိုရင်တောင် ကိုယ့်ဘက်ကတော့ ပြောစရာရှိတာ လုပ်စရာရှိတာ ကို ပုံမှန်အတိုင်းပဲပြောပေး လုပ်ပေးပါ။ ( တင်းမာမှုတွေကိုပိုပြီးလျှော့ပေးနိုင်မယ်လို့ယုံကြည်ပါတယ် ။ )
နံပါတ်သုံး အနေနဲ့ မမြင်ချင်ဘူး မတွေ့ချင်ဘူးဆိုရင် ကိုယ့်ဘက်ကပဲအရင်ဆုံးရှောင်ပေးလိုက်ပါ ။ သူတောင်မရှောင်တာ နေနိုင်တာ ငါကဘာလို့ရှောင်ပေးရမှာလဲဆိုတာထပ် ကိုယ့်ဘက်ကစပြီးရှောင်ပေးလိုက်ခြင်းဟာ ကိုယ့်အတွက်အချိန်တွေကို ပိုsaveဖြစ်စေသလို စိတ်ကိုပိုပြီးသက်သာရာရစေပါတယ် ( toxic area ကနေ ကိုယ်တိုင်လွတ်မြောက်လာခြင်းပါ )
နံပါတ်လေး အနေနဲ့ စိတ်အလွှဲအပြောင်းအဖြစ် ကိုယ်စိတ်ပါရာ ပျော်ရွှင်ရာဝါသနာကိုသာလုပ်ဆောင်ပေးနေပါ (ဥပမာ ကြိုက်နှစ်သက်ရာ သီချင်းနားထောင်နေတာမျိုး ၊ ပန်းချီကိုစိတ်ပါလက်ပါဆွဲနေတာမျိုး ၊ စိတ်ခွန်အား စာအုပ်မျိုးဖတ်နေတာမျိုး တို့ ) ဒီ toxic relationship ကြီးကိုစိတ်ထဲအတွေးပေါင်းစုံဝင်မနေစေရန်အတွက် အကျိုးပြုပါလိမ့်မယ် ။
နံပါတ်ငါး အနေနဲ့ ကိုယ်ကောင်းပေးသလောက် /စေတနာထားပေးသလောက် တစ်ဖက်သူဟာကိုယ့်အပေါ်စေတနာမထားပေးရကောင်းလား နေနိုင်ရကောင်းလား ထိုင်တွေးပြီးစဉ်းစားနေမယ့်အစား ကိုယ့်ဘေးနားမှာ ကိုယ့်အတွက်အဆင်သင့်ရှိနေပေးတဲ့ မိသားစု/သူငယ်ချင်းမိတ်ဆွေတွေတစ်ယောက်မက ရှိနေသေးတာကို သတိပြုကြည့်ပါ ။ တစ်ယောက်ထဲအတွက်သောကရောက်နေမယ့်အစား ရှိနေတဲ့တစ်ယောက်မကတဲ့သူတွေကိုပိုပြီးအချိန်ပေးပြီး ဂရုစိုက်ပေးလိုက်ပါ ။
အပေါ်က အချက်၅ချက်ဟာ ကျွန်တော်ကိုယ်တိုင်လဲကြိုးစားပြီးပြုလုပ်ပါတယ် ကျွန်တော်ပြောခဲ့သလိုပဲ 100%အသုံးမဝင်ရင်တောင် စိတ်သက်သာရာရသွားစေမယ်လို့မျှော်လင့်သောအားဖြင့် ။
စုဝေ
Keep Reading