dawna
တန်ရာတန်ရာသာရမည်ဟု ပြောတတ်ကြသည်။ တန်ရာတန်ရာသာ မျှော်လင့်ဖို့လည်းပြောသေးသည်။ ရင်လောက်မှန်းဦးမှ ဒူးပဲရမည်ဟုလည်း နှိမ်ပြော၍လည်းရသည်။ သို့သော် စိတ်ဆန္ဒရှိရင် ရှိသလောက် တိုးတက်နိုင်သည်ကို ယုံကြည်ပါလျှင် ကျွန်တော် တတ်စွမ်းသမျှကို လုပ်ကိုင်နိုင်မည်။
တကယ် အဟုတ်လုပ်ဖို့ လိုသည်ကို အရင်လုပ်ရန်၊ အပြီးသတ်ရမည်ကို နောက်နေ့ထိ သယ်မလာရန်၊ အချိန်အပိုင်းအခြားတစ်ခုအတွင် အပြီး အလုပ်လုပ်တတ်ရန်၊ တစိုက်မတ်မတ် တဆက်တည်း အလုပ်ကို လုပ်ရန်၊ ဒါတွေကို ကျွန်တော်သိသည်။ သိလင့်ကစား ကျွန်တော်သည် တုံ့ဆိုင်းနေသေးသည်။ အဟုတ် တုံ့ဆိုင်းနေသည်။
ကျွန်တော်၏ ဦးဏှောက်က သဘောပေါက်နားလည်နိုင်သလောက်သာ ကျွန်တော် ကြီးပွားတိုးတက်ခွင့်ရှိပါသည်။ သဘောပေါက်နားလည်စွမ်းများလေလေ ပိုတိုးတက်လေလေဖြစ်သည်။ ပထမဆုံးလုပ်ရမည်မှာ ကျွန်တော်သည် ကိုယ်လိုချင်တာကိုသိ၍ ဘာကြောင့်လိုချင်တာကိုလည်း တပါတည်းသိနေဖို့ဖြစ်ပါသည်။
ဒေါန
ကြာသပတေး။
Keep Reading